ဟယ်ရီပေါ်တာနှင့် မီးကလပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဟယ်ရီပေါ်တာနှင့် မီးကလပ်
Harry Potter and the Goblet of Fire
Harry Potter and the Goblet of Fire.jpg
မူလ ယူကေ ပုံနှိပ်ထုတ်ဝေခြင်း၏ မျက်နှာဖုံးပုံစံ
စာရေးသူ ဂျေ ကေ ရိုးလင်း
J. K. Rowling
သရုပ်ဖော်သူ
  • ဂိုင်းလ် ဂရင်းန်ဖီးလ်
    Giles Greenfield (ယူကေ ပုံနှိပ်ထုတ်ဝေခြင်း)
  • မာရီ ဂရန်းပရယ်
    Mary GrandPré (အမေရိကန် ပုံနှိပ်ထုတ်ဝေခြင်း)
အတွဲ ဟယ်ရီပေါ်တာ
ထုတ်ဝေအမှတ်
စာအုပ်အတွဲစဉ်တွင် အမှတ်စဉ် ၄ (စတုတ္ထမြောက်)
အမျိုးအစား မှော်အတတ်ဆိုင်ရာ
ထုတ်ဝေသူ
ထုတ်ဝေသည့်ရက်
၂၀၀၀ ဇူလိုင် ၈
စာမျက်နှာ ၆၃၆ (မူလ ယူကေ ပုံနှိပ်ထုတ်ဝေခြင်း)
၆၁၇ (၂၀၁၄ ယူကေ ပုံနှိပ်ထုတ်ဝေခြင်း)
၇၃၄ (အမေရိကန် ပုံနှိပ်ထုတ်ဝေခြင်း)
ISBN ဝ-၇၄၇၅-၄၆၂၄-X
ယခင်စာအုပ် ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန် အကျဉ်းသား
နောက်ထွက်စာအုပ် ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့

ဟယ်ရီပေါ်တာနှင့် မီးကလပ် (အင်္ဂလိပ်: Harry Potter and the Goblet of Fireဟယ်ရီပေါ်တာနှင့် မီးတောက်ခွက် စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး မှော်အတတ်ဆိုင်ရာ စိတ်ကူးယဉ် ဝတ္ထုရှည် တစ်ခု ဖြစ်၍၊ ထိုဝတ္ထုသည် ဟယ်ရီပေါ်တာ စာအုပ်အတွဲစဉ်တွင် စတုတ္ထမြောက် ဖြစ်သည်။ ထိုစာအုပ်သည် မှော်ဆရာလူငယ်လေး ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် စတုတ္ထနှစ် ကျောင်းသားဘဝ၊ ဟယ်ရီအနေဖြင့် ရုန်းကန်ကြိုးစားယှဉ်ပြိုင်ရမည် ဖြစ်သည့် ကျောင်းပေါင်းစုံ သုံးပွင့်ဆိုင်အားကစားပြိုင်ပွဲသို့ သူ၏ အမည်အား အခြားတစ်ဦးမှ တိတ်တဆိတ် ပါဝင်ထည့်သွင်းခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှု စသည့်အကြောင်းများ ဖြစ်သည်။

ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ်မှ လည်းကောင်း ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ ဟယ်ရီပေါ်တာ စာအုပ်အတွဲစဉ်တွင် ပထမဆုံးအဖြစ် နှစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း ဖြန့်ချိနိုင်ခဲ့သော စာအုပ်ဖြစ်ပေသည်။ အဆိုပါ စာအုပ်သည် ၂၀၀၁ ခုနှစ်အတွင်း ဟူဂိုဆုကို လက်ခံရရှိခဲ့ရာ၊ ထိုဆု ရရှိဖူးသော တစ်ခုတည်းသော ဟယ်ရီပေါ်တာစာအုပ် ဖြစ်သည်။ ဤဝတ္ထုစာအုပ်ကို အခြေခံ၍ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သော ဟယ်ရီပေါ်တာနှင့် မီးကလပ် ရုပ်ရှင်ဇာတ်ကားနှင့် အီလက်ထရွန်နစ် အာ့တ်စ် ၏ ဟယ်ရီပေါ်တာနှင့် မီးကလပ် ဗွီဒီယိုဂိမ်းတို့လည်း ထွက်ရှိခဲ့သည်။