သောင်းတင်၊ ဦး၊ ကေအမ်ဒီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆရာဦးသောင်းတင်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ Franchise လုပ်ငန်းခွဲတွေ တည်ထောင်ထားပြီး နိုင်ငံတကာတက္ကသိုလ် တချို့နဲ့လည်း ချိတ်ဆက်ထားတဲ့ KMD Computer Center ကိုတည်ထောင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံမှာ ကွန်ပျူတာပညာဘာသာရပ်ကို အစောဆုံး လေ့လာလိုက်စားခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ဦးသောင်းတင်ဟာ ၁၉၇၇ မှာ ၁၀တန်းကို ဂုဏ်ထူး၅ဘာသာနဲ့အောင်မြင်ခဲ့ပြီးRegional Colleage မှာ Maths ယူခဲ့ပါတယ်။ ထို့နောက် ရေဒီယိုကို စိတ်ဝင်စားစရာ ကောင်းတယ်ဆိုပြီး ၁၉၈၀ ရန်ကုန်စက်မှုတက္ကသိုလ်မှာ Electronics လိုင်းတက်ဖြစ်သွားတယ်။ ပြီးနောက် ဒေါက်တာ ဝင်းတင် ဦးစီးသော ရေဒီယိုပညာမြှင့်တင်ရေးအသင်းမှာ ဝင်လုပ်ခဲ့ပါတယ်။ ဒေါက်တာဝင်းတင်ရဲ့ဆိုင်မှာပဲ တီဗီပြင်တာတွေလုပ်ပါသေးတယ်။

Final Year ရောက်တော့ တက္ကသိုလ်ကွန်ပျူတာဌာန UCC မှာ Programming သွားသွားလုပ်ပါတယ်။ အဲ့ဒီကနေပဲ M.Sc ဆက်တက်ဖို့လာခဲ့တယ်။ အကြောင်းကတော့ ကိုယ်တိုင် ပညာရေးအပိုင်းကို ဆက်လုပ်ချင်တယ်၊ နောက် ဒီဂျစ်တယ်ပိုင်းနဲ့ ကွန်ပျူတာကို စိတ်ဝင်စားနေတယ်။ Computer Science နဲ့ Master တက်ဖို့အတွက် ဝင်ခွင့်ဖြေရတယ်။ ထိုနှစ်ကဆို ၁၂ယောက်ပဲတက်ခွင့်ရခဲ့တယ်။ ဦးသောင်းတင်က သူကွန်ပျူတာသိပ္ပံ Master တက်တဲ့ရည်ရွယ်ချက်ကို ပြောပြရာမှာ "ဆရာဒေါက်တာဝင်းတင်နဲ့ အီလက်ထရောနစ်လုပ်တာမှာ မြန်မာပြည်အတွက် တယ်လီဗေးရှင်းက တီထွင်စရာမရှိဘူး၊ ပြင်တယ်ဆိုတာက ကြာတော့ ပျင်းလာတယ်။ ရေရှည်အသက်မွေးလာရင် ပျော်ပျော်ရွှင်ရွှင် မလုပ်နိုင်ဘူးဆိုတာသိရတယ်။ ကွန်ပျူတာက challenging များတယ်။ တီဗွီက လေ့လာပြီးရင် အသစ်အဆန်းထပ်မတွေ့တော့ဘူး၊ Programming က အသစ်၊ ကိုယ်ပိုင်တီထွင်တယ်ဆိုတာ ဖြစ်သွားပြီ၊ မရှိသေးတဲ့ဟာ တစ်ခုလုပ်တာ၊ ရှိပြီးသားကို ထပ်ခါခါလုပ်တာမဟုတ်ဘူး၊ Programming ပေါ့။ ကွန်ပျူတာက တကယ့် Challaging Field ပဲ၊ ကွန်ပျူတာကိုယ်တိုင်ကလဲ အဲ့ဒီတုန်းက မွေးခါစပဲ။ အသစ်အသစ်တွေ မျိုးစုံလုပ်ရတာ။ ကွန်ပျူတာတစ်လုံးနဲ့ လည်းလုပ်ငန်းမျိုးစုံလုပ်လို့ရတယ်။ ဒါကြောင့် Challenging ကြီးကို နည်းနည်း enjoy ဖြစ်တာပေါ့"

၁၉၈၈ မှာအောင်စာရင်းထွက်ပြီး ကွန်ပျူတာတက္ကသိုလ်မှာ တစ်နေ့ ၃ကျပ် ၆၅ပြားရတယ်။ နောက်၁၉၉၀မှာ အလုပ်ထွက်ပြီး Thesis လုပ်တယ်။ Thesis မပြီးခင်မှာပဲ အိမ်ထောင်ကျပြီး ရန်ကုန်မှာလိုက်နေတယ်။ Thesis လုပ်ဖို့ ကျောင်းမှာကွန်ပျူတာအသုံးပြုရတာ အဆင်မပြေတာနဲ့ အိမ်မှာတစ်လုံးဝယ်ခဲ့တယ်။ အဲ့ဒီတုံးက ၇ သောင်းလောက်ပေးရတယ်။ ကွန်ပျူတာလေးရှိလာတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေကို ခေါ်သင်ပေးတာမျိုးတွေလုပ်တယ်။ အဲ့ဒီကစပြီး ၁၉၈၆ မှာ ကွန်ပျူတာသင်တန်း ဆိုတာကို တရားဝင်လုပ်ဖြစ်တယ်။ ၁၉၈၈လောက်ရောက်တော့ လက်ထဲမှာ ကွန်ပျူတာ ၃ လုံးလောက်ရှိလာခဲ့တယ်။ ကျောင်းမှာက programming သင်ပေမယ့် ဆရာ့သင်တန်းမှာက Pratical ဦးစားပေးသင်တယ်။ နာမည်ပေးဖြစ်တော့လဲ ကြည့်မြင်တိုင်မှာမို့ အလွယ်ပဲ ကေအမ်ဒီ လို့ပေးခဲ့ပါတယ်။ ထို့နောက်မှ Knowledge Management & Dedication လို့ပြောင်းခဲ့ပါတယ်။