မာတိကာသို့ ခုန်သွားရန်

ကေအမ်ဒီ

ဝီကီပီးဒီးယား မှ
KMD
အမျိုးအစားပုဂ္ဂလိကပိုင်
လုပ်ငန်းကွန်ပျူတာနှင့် နည်းပညာ
တည်ထောင်သည့်နှစ်၁၉၈၆
ဌာနချုပ်အမှတ် ၁၇၄-၁၈၂၊ ပန်းဆိုးတန်လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
အရေးပါ ပုဂ္ဂိုလ်များဦးသောင်းတင်၊ ဒေါ်တင်တင်အေး
အလုပ်သမားဦးရေ၆၅၀+(၂၀၂၀ ဧပြီ)
ဝက်ဘ်ဆိုက်kmd.com.sg
ဆောင်ပုဒ်Knowledge Management & Dedication

ကေအမ်ဒီကုမ္ပဏီများအုပ်စု (KMD Group of Companies) သည် ကေအမ်ဒီကွန်ပျူတာသင်တန်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီလီမိတက်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကွန်ပျူတာပရိုဂရမ်များရေးသားခြင်းလုပ်ငန်းများကိုပါ လုပ်ကိုင်သည်။

မြန်မာကွန်ပျူတာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးသောင်းတင် နှင့် ဒေါ်တင်တင်အေး တို့က ၁၉၈၆ ခုနှစ်တွင် ကွန်ပျူတာသင်တန်းကျောင်းအဖြစ် ဦးကြွယ်ဟိုးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ထိုအချိန်က သင်တန်းကျောင်းရှိရာ ကြည့်မြင်တိုင်မြို့နယ်ကို အစွဲပြု၍ ကေအမ်ဒီ ဟု အမည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် Knowledge Management & Dedication ၏ ထိပ်ဆုံးစာလုံးများကိုယူ၍ ကေအမ်ဒီကို ဖွင့်ဆိုခဲ့သည်။

ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပဉ္စမအကြိမ်မြောက် အစီရင်ခံစာ (၂၀၁၉) အရ ကေအမ်ဒီသည် အကျိုးသက်ဆိုင်သူများဆိုင်ရာ လေ့လာဆန်းစစ်မှုများ (material analysis) အား ဆောင်ရွက်ထားပြီး သတင်းအချက်အလက် ထုတ်ပြန်ကြေညာမှု ထိပ်တန်းကုမ္ပဏီ ၃၀ စာရင်းတွင် အဆင့် ၁၃ ၌ ရပ်တည်ခဲ့သည်။[][]

လုပ်ငန်းများ

[ပြင်ဆင်ရန်]

ကေအမ်ဒီကုမ္ပဏီများအုပ်စုတွင် Knowledge Management & Dedication, KMD Co. Ltd, Direct Channel Distribution (DCD), Knowledge Management & Dedication Pte. Ltd. နှင့် Myanmar Reliable Source (MRS) တို့ ပါဝင်သည်။[]ကေအမ်ဒီတွင် ပညာရေး (Education)၊ လက်လီအရောင်း (Retail Sales)၊ လက်ကားဖြန့်ချိရေး (Distribution) နှင့် အဖွဲ့အစည်းများတွင် ကွန်ပျူတာနှင့် ပတ်သက်သောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း (Enterprise Solution) စသည့် လုပ်ငန်း ၄ ခုရှိသည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ကေအမ်ဒီသည် ၁၉၉၂ မှ စတင်၍ နိုင်ငံတကာအသိအမှတ်ပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့သည်။

ကေအမ်ဒီ သင်တန်းကျောင်းခွဲများကို ၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ KMD ပုဂ္ဂလိကကျောင်း ၁၀ ကျောင်း၊ ရန်ကုန်သင်တန်းကျောင်းခွဲ ၄၁ ကျောင်းနှင့် နယ်သင်တန်းကျောင်းခွဲ ၉၁ ခု စုစုပေါင်း ၁၄၂ ခု ဖွင့်လှစ်ခဲ့သည်။[]

ISO Quality Management System အသိအမှတ်ပြုခံရခြင်း

[ပြင်ဆင်ရန်]
  • ၂၀၁၁ ဇွန်လ - ISO9001:2008 QMS
  • ၂၀၁၇ ဇွန်လ - ISO9001:2015 QMS[]


ကေအမ်ဒီသည် Intel နှင့် Microsoft ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ Desktop အစားထိုး be Keyboard Computer များဖြစ်သည့် be Tablet 10, be eazy book နှင့် be Sleek Pro Ultrabook နှင့် be Performance PC တို့ကို ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။[][][]

United Nations Global Compact တွင် ပါဝင်ခြင်း

[ပြင်ဆင်ရန်]

ကေအမ်ဒီသည် ကမ္ဘာ့ကုလသမဂ္ဂ United Nations Global Compact တွင် ၂၀၁၂ ခုနှစ် မေလ ၇ ရက်တွင် စတင်ပါဝင်ခဲ့ပြီး[]ကမ္ဘာ့ကုလသမဂ္ဂ Sustainable Development Goals များကို အကောင်အထည်ဖော်ခြင်း၊ လူ့အခွင့်အရေး၊ လုပ်အား၊ ပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုကို ဆန့်ကျင်ခြင်းတို့ ပါဝင်သော ၈ နှစ်မြောက် တိုးတက်မှုအစီရင်ခံစာ (Communication on Progress, CoP) ကို ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့က တင်သွင်းခဲ့သည်။ [][၁၀]


ကိုးကား

[ပြင်ဆင်ရန်]
  1. ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပဉ္စမအကြိမ်မြောက် အစီရင်ခံစာ (၂၀၁၉)
  2. Pwint Thit Sa Transparency in Myanmar Enterprises Fifth Report 2019
  3. About KMD Group of Company 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  4. 1 2 3 ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Report
  5. be 27 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2021 တွင် ပြန်စစ်ပြီး။
  6. be Tablet 10 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Internet Journal ၁၈ မတ် ၂၀၁၅
  7. KMD က မိုက်ကရိုဆော့ဖ်၊အင်တဲလ်တို့နှင့် ပူးပေါင်း၍ တန်ဖိုးသင့်တက်ဘလက်ရောင်းချ 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 7Day News ၂၁ မတ် ၂၀၁၅
  8. KMD Company Limited United Nations Global Compact
  9. KMD 2020 Annual COP for UN Global Compact 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . KMD Computer Group
  10. Annual COP (Communication on Progress), 2020 11 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2021 တွင် ပြန်စစ်ပြီး။