သောင်းတင်
ဦးသောင်းတင် | |
|---|---|
| ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန | |
| တာဝန်သက်တမ်း ၂၇ ဩဂုတ် ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
| သမ္မတ | ဦးသိန်းစိန် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၇ မေ၊ ၁၉၆၀ မန္တလေးမြို့၊ မန္တလေးတိုင်း |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | တင်တင်အေး |
| သားသမီး | သမီး ၁ ဦး |
| မိခင်ကျောင်း | ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် |
| အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
| ကျွမ်းကျင်မှု | ကွန်ပျူတာပညာရှင် |
ဦးသောင်းတင်သည် မြန်မာ ကွန်ပျူတာပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဒုတိယဝန်ကြီး (ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန) အဖြစ် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးသောင်းတင်ကို ၁၉၆၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးအနက် အကြီးဆုံးဖြစ်သည်။[၁][၂][၃]
ပညာရေး
[ပြင်ဆင်ရန်]၁၉၇၇ ခုနှစ်တွင် အထက (၁၄) မန္တလေးမှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး ဒေသကောလိပ်တွင်သင်္ချာဘာသာတွဲကို သင်ယူခဲ့ပြီး ၁၉၈၀ တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ အီလက်ထရောနစ် ဘာသာရပ်ကို ဆက်လက်သင်ယူခဲ့သည်။ အင်ဂျင်နီယာဘွဲ့ ရပြီးနောက် ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ ကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ရရှိခဲ့သည်။
စီးပွားရေးလုပ်ငန်း
[ပြင်ဆင်ရန်]၁၉၈၆ ခုနှစ်တွင် ကေအမ်ဒီကွန်ပျူတာသင်တန်းကို ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်းတွင် ဇနီးဖြစ်သူ ဒေါ်တင်တင်အေးနှင့်အတူ စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကေအမ်ဒီကုမ္ပဏီများအုပ်စုအဖြစ် လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။[၄]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ဦးသောင်းတင်သည် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်အထိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင်သစ်အတွက် ဦးသောင်းတင်အား အမိန့်အမှတ် ၇/၂၀၂၁ အားဖြင့် ခန့်အပ်ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်း၏ ခန့်အပ်ခံရခြင်းသည် လူမှုကွန်ရက်များတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ဦးသောင်းတင် ယခင်က ဦးဆောင်ခဲ့သော KMD လုပ်ငန်းအား သပိတ်မှောက်ရန် နှိုးဆော်သံများ ထွက်ပေါ်လာခဲ့သည်။ ဤဖြစ်စဉ်နှင့်အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် စကစမှ အမိန့်အမှတ် ၈၆/၂၀၂၁ ဖြင့် ဦးသောင်းတင်အစား ဦးအောင်မိုးမြင့်အား အစားထိုးခန့်အပ်ကြောင်း နောက်ဆုံးကြေညာချက် ထုတ်ပြန်ခဲ့သည်။[၅]
လက်ရှိတာဝန်များ
[ပြင်ဆင်ရန်]မိသားစု
[ပြင်ဆင်ရန်]ဆရာဝန်တင်ရွှေ၏ သမီးဖြစ်သူ ဒေါ်တင်တင်အေး နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ဦးရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Thaung Tin။ 10 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
- ↑ https://my.wikipedia.org/wiki/ဝန်ကြီးဌာန_နှင့်_အကြီးအကဲများ_စာရင်း#ယခင်ဝန်ကြီးဌာနများ(၂၀၁၀-၂၀၁၆)
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
- 1 2 The Story of KMD Group of Companies။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
- ↑ "Public Backlash, Sanctions Threat Put Myanmar Junta Appointees in Tight Spot"၊ 2021-2-8။ 2025-5-31 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-5-31။
- ↑ ABAC MEMBERS။ 19 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
- ↑
YouTube ပေါ်ရှိ e-Government Conference & ICT Exhibition 2018 27-November 2018 Myanmar Computer Federation - ↑ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် "Myanmar 4.0 Project" အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ[လင့်ခ်သေ] မြန်မာကွန်ပျူတာဖယ်ဒရေးရှင်း ၁၃ ဇူလိုင် ၂၀၂၀