မြန်မာ့ သိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို လက်ဝှေ့ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
မြန်မာ့ သိုင်းရေးပြနေပုံ

သိုင်းမြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။ မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ် များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တိုဗန်ရှည်နန်းတွင်းသိုင်းရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း ၊ မင်းဇင်သိုင်းပြောင်းပြန် အစရှိသည် တို့ဖြစ်သည်။

စကားလုံးရင်းမြစ်နှင့် အနက်[ပြင်​ဆင်​ရန်​]

သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

ဗန်တိုဗန်ရှည်[ပြင်​ဆင်​ရန်​]


မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၄င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခေတ္တရာဗိဿနိုးဟန်လင်းပုဂံပင်းယအင်းဝကုန်းဘောင်ခေတ်သမိုင်း တလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။

မြန်မာ့ သိုင်း ကစားဟန်(ဤပုံသည် ခါးတောင်းကျိုက်ပုံဖြစ်ပေမည်။)

လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။

ရှမ်းသိုင်း[ပြင်​ဆင်​ရန်​]

ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။

ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။

ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ရကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။


ရာမည သိုင်း[ပြင်​ဆင်​ရန်​]

ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အလင်းစေတမာန်မှ ကူးယူသည်။