သိန်းဝင်းဇော်

ဝီကီပီးဒီးယား မှ
ဦးသိန်းဝင်းဇော်
မွေးဖွား (1963-02-02) ဖေဖော်ဝါရီ ၂၊ ၁၉၆၃ (အသက် ၆၁)
မြန်မာနိုင်ငံ
အလုပ်အကိုင်ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်တင်လတ်မင်း
သားသမီးဝင်းပိုင်ကျော်
သိမ့်ဝင်းထက်

ဦးသိန်းဝင်းဇော် (၂ ဖေဖော်ဝါရီ ၁၉၆၃ မွေးဖွား) သည် မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စက်သုံးဆီ၊ ကျောက်စိမ်း၊ သစ်နှင့် အစားအသောက်လုပ်ငန်းများ ပါဝင်သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူ ဖြစ်သည်။[၁]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဦးသိန်းဝင်းဇော်ကို ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းတွံတေးမြို့နယ်တွင် မွေးဖွားခဲ့သည်။[၂] သူသည် ၁၉၈၄ ခုနှစ်တွင် ဓာတုဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

စီးပွားရေးလုပ်ကိုင်ခြင်းများ[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်တွင် ရွှေဗျိုင်းဖြူအုပ်စုကို တည်ထောင်ခဲ့ပြီး တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့်အတူ ကျောက်တူးခြင်း၊ စက်သုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်ခဲ့သည်။[၃] တပ်မတော် ထိပ်တန်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စိုးသိန်းတို့အပါအဝင် ရေတပ်ခေါင်းဆောင်များနှင့် နီးကပ်သော ဆက်ဆံရေးရှိသော ဦးသိန်းဝင်းဇော်၏ လုပ်ငန်းများ အောင်မြင်မှုရခဲ့သည်။[၄]

ဆက်သွယ်ရေးလုပ်ငန်း[ပြင်ဆင်ရန်]

တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ မိုင်တဲလ်တွင် တစ်စိတ်တစ်ပိုင်း ရှယ်ယာပါဝင်နေသော မဟာရိုးမအများပိုင်ကုမ္ပဏီတွင် ဦးသိန်းဝင်းဇော်သည် ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သည်။[၅][၆] ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တယ်လီနော မြန်မာကို ရွှေဗျိုင်းဖြူနှင့် လက်ဘနွန်အခြေစိုက် M1 Group တို့က ဝယ်ယူမည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။[၅] တယ်လီနောမြန်မာအား လက်လွှဲရယူရန်အတွက် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့ ပူးတွဲကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။[၇]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သား ဝင်းပိုင်ကျော်နှင့် သမီး သိမ့်ဝင်းထက်တို့၏ အမည်များပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိရှိသည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. The crony who will control Telenor Myanmar’s customer data (in en)။ 2022-03-07 တွင် ပြန်စစ်ပြီး။
  2. Thein Win Zaw (in en-US)။ 3 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-03-07 တွင် ပြန်စစ်ပြီး။
  3. Meet Myanmar Military-Linked Crony Taking Stake in Telenor Sale (in en-US) (2022-02-15)။ 2022-03-07 တွင် ပြန်စစ်ပြီး။
  4. Telenor Under Pressure for Its Myanmar Subsidiary Sale (in en-US) (2022-02-09)။ 2022-03-07 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ "EXCLUSIVE-Myanmar firm poised to control Telenor unit after military backs bid-sources" (in en)၊ Reuters၊ 2022-02-11။ 
  6. Myanmar Companies Linked to Regime Leaders Bid to Acquire Telenor (in en-US) (2021-12-02)။ 2022-03-07 တွင် ပြန်စစ်ပြီး။
  7. Telenor sale gets green light from Myanmar junta’s telecoms regulator (in en)။ 2022-03-07 တွင် ပြန်စစ်ပြီး။
  8. Aung Naing။ "The crony who will control Telenor Myanmar’s customer data"၊ Myanmar Now၊ 2022-03-04။