သမိန်ထောဗုဒ္ဓကိတ္တိ
သမိန်ထောဗုဒ္ဓကိတ္တိ | |||||
---|---|---|---|---|---|
ဟံသာဝတီ ဘုရင် | |||||
နန်းသက် | ၈ ဒီဇင်ဘာ ၁၇၄၀ – ဇန်နဝါရီ ၁၇၄၇ | ||||
ဆက်ခံသူ | ဗညားဒလ | ||||
ဝန်ကြီးချုပ် | ဗညားဒလ | ||||
မွေးဖွား | ပုဂံ? | ||||
ကွယ်လွန် | ချင်းမိုင်? | ||||
ကြင်ရာတော် | သီရိစိတ္တ (ချင်းမိုင်)[၁] | ||||
| |||||
စံအိမ် | တောင်ငူ | ||||
ခမည်းတော် | ပုဂံပျောက်မင်းသား | ||||
မယ်တော် | သုပဘာ | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
သမိန်ထောဗုဒ္ဓကိတ္တိ သည် ဟံသာဝတီနေပြည်တော်ကို တည်ထောင်အုပ်ချုပ်ခဲ့သော ဘုရင် ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]မာန်အောင်ရတနာဒါယကာ၏ညီ ပုဂံမင်းက ပုဂံမြို့ပျက်သည်နောက် တောသို့ ရှောင်နေစဉ် ကိုယ်လုပ်တော် ကွေ့လူမျိုး(လားဟူစီအနွယ်ဝင်) သုပဘာမှမွေးသည်။ ကွေ့တို့က စောင့်ရှောက်ထားသည်။ အမည်ရင်းမှာ သာလှ တွင်သည်။
အရွယ်ရောက်သော် အဝမြို့တောင်ဘက်ရှိ ဂဠုန်နှမ်းခင်းဟူသောအရပ်တွင် နေသည်။ နောက် ရှမ်းပြည်တခွင်လှည့်၍ သွားလာပြီးနောက် ပဲခူးမြို့မြောက်ဘက်ရှိ သရက်တပင်ရွာတွင် အခြေချသည်။
မင်းဖြစ်ခြင်း
[ပြင်ဆင်ရန်]မြို့ဝန် မင်းရဲအောင်နိုင်ကို သတ်ကာ မင်းလောင်းရှာနေသော ဟံသာဝတီသားတို့အား ကွေ့နှင့်ကရင်တို့က ထိုအကြောင်းကို ပြောလျှင် သုံးမျိုးသောလူတို့ အကြိုက်ညီကြပြီး ကွေ့မင်းဟူ၍ မင်းမြှောက်ကာ သရက်တပင်၌ပင် တပ်တည်၍ နေသည်။
နောက် ဟံသာဝတီမြို့သို့ ချီလာကာ သမိန်ထောအမည်နှင့် မင်းပြုသည်။ စောဗြ၊ စောဗြဆာ၊ စောဗြဟတ္ထိရာဇာ၊ စောဗြပုံရွတ်၊ စောဗြကောင်အိမ်၊ (အဝကခန့်သော ဆင်ဝန် အောင်လှ) ဗညားဒလ ဟူ၍ အမတ် ၆ ယောက် ခန့်သည်။
ဇင်းမယ်မှ မိဖုရားရခြင်း
[ပြင်ဆင်ရန်]ဇင်းမယ်နယ်၊ လန်ဖုံးမြို့စားက သမီးတော် နှင်းသီရိစိတ္တကို သမိန်ထောထံ ကမ်း၍ ငြိမ်းချမ်းရေးယူလာသည်။ နောက်ပိုင်းသမိုင်းအထောက်အထားများအရ နှင်းသီရိစိတ္တာသည် လန်ဖုံးမြို့စား၏ သမီးမဟုတ်ပဲ လန်ဖုံး ဘုရားကြီးမှ ကျွန်အကြီးအကဲ၏ သမီးဖြစ်နေကြောင်း သိရသည်။ ထိုအကြောင်းကို သမိန်ထောနှင့် စစ်ပြိုင်နေသော အင်းဝနေပြည်တော်မှ သိရှိခဲ့သဖြင့် သမိန်ထောမှာ အရှက်ရခဲ့သည်။
အင်အားစုခြင်း
[ပြင်ဆင်ရန်]သမိန်ထောသည် ဟံသာဝတီမြောက်ဘက် ကျုံးဆိုးချောင်းအနီး အခရံတောတွင် ဆင်ဖမ်းသည်။ နောက် စစ်တောင်းသို့ပင် ကူးကာ ဆက်ဖမ်းသည်။ သို့ဖြင့် စစ်အင်္ဂါစဉ် စုံလာသည်။ ထိုအချိန်တွင် ဗညားဒလဘွဲ့ခံ ဆင်ဝန်အောင်လှ နှင့် အမတ်များက ဟံသာဝတီမှ သမိန်ထောဆင်ဖမ်းနေရာသို့ ချီတက်လာရာ..သမိန်ထောက ပုန်ကန်မှုပြုပြီအထင်နှင့် ဇင်းမယ်သို့ တိမ်းရှောင်ထွက်ပြေးသည်။ ဗညားဒလက ဟံသာဝတီထီးနန်းကို သိမ်းပိုက်သည်။
သမိန်ထောမှာ ဇင်းမယ်စားထံ ခိုလှုံသော်လည် ဇင်မယ်စားက အယုဒ္ဓယဘုရင်ထံ ပို့လွှတ်လိုက်သည်။ အယုဒ္ဓယဘုရင်ထံ ဟံသာဝတီကို ပြန်တိုက်ရန် စစ်ကူတောင်းသော်လည်း အင်းဝနှင့် ဆက်ဆံရေးတည်ဆောက်ထားသော အယုဒ္ဓယဘုရင်က သံခြေကျင်းခတ်ကာ တရုတ်သင်္ဘောတစ်စီးပေါ်တင်ပေးလိုက်သဖြင့် ဗီယက်နမ်သို့ ရောက်ရှိသွား၏။ တောင်ဗီယက်နမ်မှတဆင့် ဇင်မးယ်သို့ ပြန်လည်ရောက်ရှိလာသည်။
၁၇၅၆ အလောင်းဘုရား ပဲခူးမြို့ကို ဝန်းရံစဉ် သမိန်ထောဗုဒ္ဓကိတ္ထိ က ဗညားသာရီဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်ကာ ဆက်သွယ်လာသည်။ အလောင်းဘုရားက သမိန်ထောနှင့် သမိန်ထောကို လက်ခံထားသူ ဇင်းမယ်စားတို့ကို မိမိထံ လာရောက်အညံ့ခံရန် ၁၇၅၇ မေလ ၂၃ တွင် လွှတ်တော်ဝန်ကြီးများမှ တဆင့်ပြန်ကြားသည်။
အလောင်းဘုရား၏ သားတော် နောင်တော်ကြီးမင်း လက်ထက်တွင် ဇင်းမယ်အား တိုက်ခိုက်သိမ်းပိုက်ရာ သမိန်ထောဗုဒ္ဓကိတ္ထိ ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်။ ၁၇၇၇ ဆင်ဖြူရှင်ဘုရင်လက်ထက်တွင် သမိန်ထောကွယ်လွန်ပြီး ဘုရင်က အခမ်းအနားနှင့် သင်္ဂြိုဟ်ခွင့်ပြုခဲ့သည်။
မှတ်စု
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]
ဤ မြန်မာမင်းမျိုးမင်းနွယ် အတ္ထုပ္ပတ္တိမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |