သစ်ကပ်ငှက်မွဲ
ပုံပန်းသွင်ပြင်
| Alcippe morrisonia | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Passeriformes |
| မျိုးရင်း: | Alcippeidae |
| မျိုးစု: | Alcippe |
| မျိုးစိတ်: | A. morrisonia |
| ဒွိနာမ | |
| Alcippe morrisonia R. Swinhoe, 1863 | |
သစ်ကပ်ငှက်မွဲ (Alcippe morrisonia) သည် ငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှ၊ ထိုင်ဝမ်တို့တွင်[၂] တွေ့ရှိရလေ့ရှိသည်။ အမြဲစိမ်းလန်းနေသောတောင်ပေါ်တွင် တွေ့ရလေ့ရှိသည်။ အလျား ၁၅ စင်တီမီတာရှိပြီး ခေါင်းတွင် အညိုရောင် မျက်လုံးအဖြူရောင်ရှိသည်။ အပေါ်ပိုင်းတွင် သံလွင်ရောင်နှင့် အောက်ပိုင်းတွင် အဝါရောင်ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Alcippe morrisonia". IUCN Red List of Threatened Species 2012. IUCN.
- ↑ McKinnon & Phillips, A Field Guide to the Birds of China, plate 108
- ↑ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (PDF)။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀၊ (၁၈-၂-၂၀၂၁)။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2021 တွင် ပြန်စစ်ပြီး။
| ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |