အကူအညီ:Wiki Markup ဖြင့် ကိုးကားထည့်ခြင်း မိတ်ဆက်/၃

ဝီကီပီးဒီးယား မှ

စိစစ်အတည်ပြုခံနိုင်မှု
ကိုးကားတွေက ဘာကြောင့် အရေးကြီးတာလဲ

စာကြောင်းကိုးကားများ
ဘယ်လိုထည့်မလဲ

RefToolbar
ကိုးကားထည့်ခြင်းက လွယ်ကူပါတယ်

ခိုင်လုံသော ရင်းမြစ်များ
ဘယ်ရင်းမြစ်တွေက ကောင်းသလဲ

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



RefTools အသုံးပြုပုံ (၅:၀၃ မိနစ်)

ကိုးကားချက်တွေကို ဒီအတိုင်း စာရိုက်ပြီး ထည့်ရတာ ကြာပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ ကံကောင်းထောက်မစွာပဲ ဝီကီပီးဒီးယား တည်းဖြတ်အကွက်မှာ "RefToolbar" လို့ခေါ်တဲ့ ကိရိယာလေးရှိနေပြီး ယင်းကိုသုံးပြီး ကိုးကားထည့်ရင် ပိုမိုလွယ်ကူပါတယ်။


ကိုးကားထည့်လိုတဲ့ စာကြောင်းနောက်မှာ ကာဆာ (cursor) ကို ထားပြီး တည်းဖြတ်အကွက်ရဲ့ အပေါ်မှာရှိတဲ့  ကိုးကား ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးတော့ ကျလာတဲ့ မီနူးထဲက ရင်းမြစ်နဲ့ လိုက်ဖက်မယ့် ကိုးကားတမ်းပလိတ်တစ်ခုခုကို ရွေးလိုက်ပါ။ ကိုးကားတမ်းပလိတ်တွေကတော့ -


  • {{cite web}} - အထွေထွေ ဝဘ်စာမျက်နှာများကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite news}} - သတင်းစာနဲ့ သတင်းဝဘ်ဆိုဒ်စာမျက်နှာများကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite book}} - စာအုပ်တွေကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်
  • {{cite journal}} - မဂ္ဂဇင်း၊ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေနဲ့ စာတမ်းတွေးကို ကိုးကားတဲ့နေရာမှာ သုံးတဲ့ တမ်းပလိတ်


တမ်းပလိတ်ကို ရွေးချယ်လိုက်တဲ့အခါ တမ်းပလိတ်ဝင်းဒိုးစ်တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီမှာ ကိုးကားရင်းမြစ်နဲ့ ပတ်သက်တဲ့ ဖြည့်လို့ရနိုင်တဲ့ အချက်အလက်တွေ ရသလောက်ဖြည့်ပြီး "Ref name" နေရာမှာ အမည်တစ်ခု ပေးလိုက်ပါ။ ပြီးတော့ "ထည့်သွင်းရန်" ခလုတ်ကို နှိပ်လိုက်ရင် လိုအပ်တဲ့ ဝီကီကုဒ်တွေကို တည်းဖြတ်အကွက်ထဲမှာ ထည့်ပေးပါလိမ့်မယ်။ ဆန္ဒရှိတယ်ဆိုရင် "နမူနာပြရန်" ကို နှိပ်ပြီး ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကြည့်ရှုနိုင်ပါတယ်။


URL လို့ခေါ်တဲ့ ဝဘ်လိပ်စာထည့်တဲ့ အကွက်နေရာတွေလိုမျိုးရဲ့ ဘေးမှာ ပုံလေးရှိပါတယ်။ အဲဒီအကွက်ကို ဖြည့်ပြီးရင် မှန်ဘီလူးပုံကို နှိပ်လိုက်တာနဲ့ ကျန်ရှိအကွက်တွေကို အလိုအလျောက် ဖြည့်ပေးပါလိမ့်မယ်။ ဒါက အမြဲတမ်းတော့ အလုပ်မဖြစ်တတ်တော့ သေချာအောင် စစ်ကြည့်ပေးပါ။


ရံဖန်ရံခါမှာ တူညီတဲ့ ရင်းမြစ်တစ်ခုတည်းကို ကိုးကားအနေနဲ့ ဆောင်းပါးရဲ့ နေရာအတော်များများမှာ ထည့်လိုတာမျိုးလဲ ရှိမှာပါ။ အဲဒါမျိုးဆိုရင် ကိရိယာဘားထဲက အမည်တပ် ကိုးကားများ   ကိုနှိပ်ပြီး အရင်သုံးထားပြီးတဲ့ ကိုးကားရင်းမြစ်ကို ပြန်ယူသုံးနိုင်ပါသေးတယ်။