မာတိကာသို့ ခုန်သွားရန်

ဝိုင်းလှည့် အမှတ်ချအိမ်

ဝီကီပီးဒီးယား မှ
O က တိုင်မအမှတ်(pole)L က ဘက်လှည့်စံတိုင် (polar axis) ဖြစ်လျက်သော ဝိုင်းလှည့် အမှတ်ချအိမ် တစ်ခု အတွင်းရှိ အမှတ်များ။ အစိမ်းနှင့် တည်နေရာချိန်ပြထားသော အနီစက်၏ တည်နေရာအဖို့ အဖြောင့်ကွာမျဉ်း နှင့် ဘက်လှည့်စံတိုင်မှ သွေလှည့်ထောင့် 60° ဖြစ်၍၊ သူ့ ဝိုင်းလှည့်ချအမှတ်မှာ (3, 60°) ဖြစ်၏။ ထိုနည်းတူ၊ အပြာနှင့် တည်နေရာချိန်ပြထားသော အနီစက်အဖို့ ဝိုင်းလှည့်ချအမှတ်မှာ (4, 210°) ဖြစ်၏။

သင်္ချာသုံး ဗဟိုဖြာတိုင်းပြ အမှတ်ချအိမ် (သို့) ဝိုင်းလှည့် အမှတ်ချအိမ် (အင်္ဂလိပ်: Polar Coordinate System) ဆိုသည်မှာ - ပြင်(plane) ရပ်ဝန်းတခုခု အတွင်းရှိ တည်နေရာအမှတ်တို့ကို ကိန်း၂လုံးစုံနည်းဖြင့် ဖော်ပြရာ၌

  • ပေတံ့သုညသဘော အမှတ်နေရာ မှ အကွာအဝေးက အလျားသဘော ကိန်းလုံး အဖြစ် ပါဝင်လျက်၊
  • "မည်သည့်ဘက်သို့ ထိုအကွားအဝေး"ဟု ဖော်ပြသော ဦးတည်ချက်က စက်ဝိုင်းခြမ်းသုညသဘော ဘက်လှည့်စံတိုင် (polar axis) မှ ထောင့်အကျယ်သဘော ကိန်းလုံး အဖြစ် ပါဝင်လျက်၊

ပုံစံဝင် ချအမှတ်(ကိုဩဒီးနိတ်)များ နှင့် ဖော်ပြသည့် တိုင်းကြောင်း-၂ခုပါ အမှတ်ချအိမ် (2-dimensional Coordinate System) တမျိုး ဖြစ်လေ၏။
ကာတက်စီးယန်း အမှတ်ချအိမ်အတွင်း၌ ပေတံ့သုညသဘော အမှတ်နေရာ က တာရင်းအမှတ် (origin) ဖြစ်သည့်နည်းတူ ဖြစ်သော၊ ဤ ဝိုင်းလှည့်အမှတ်ချအိမ် (Polar Coordinate System) အတွင်းရှိ ဗဟိုဖြာအကွာအဝေး (radial distance; ) အတွက် ပေတံ့သုညသဘော အမှတ်နေရာ သဘော တာရင်းအမှတ်ကို "တိုင်မအမှတ် (pole)" ဟုလည်း ခေါ်ကြသေးသည်။ ဦးတည်ချက်ကို ညွှန်းဖော်ဆိုသည့် ထောင့်ပြကိန်းလုံး ကမူ ဘက်လှည့်စံတိုင် (polar axis) မှ နာရီလက်တံနှင့်ပြောင်းပြန် (လက်ဝဲရစ်) လှည့်တိုင်းသမျှ ထောင့်အကျယ်ကို အပေါင်းကိန်းဖြင့် ပြဆိုနေပေမည်၊ နာရီလက်တံအတိုင်း (လက်ယာရစ်) ဟု ဆိုလိုလျှင် အနုတ်ကိန်း ဖြစ်နေမည်။

အကိုးအကား[ပြင်ဆင်ရန်]