ဝါလ်ပိုလာ ရာဟုလာ

ဝီကီပီးဒီးယား မှ
ဝါလ်ပိုလာရာဟုလာ မထေရ်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးသီရိလင်္ကာ
မွေးဖွား၁၉၀၇
သီရိလင်္ကာနိုင်ငံ ဝါလ်ပိုလာရွာ
ကွယ်လွန်၁၉၉၇ (အသက် ၈၉–၉၀)

ဝါလ်ပိုလာရာဟုလာ မထေရ် (အင်္ဂလိပ်: Walpola Rahula) သည် သီရိလင်္ကာ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်၍ ရဟန်းစာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ၁၉၆၄ တွင် အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်တက္ကသိုလ် (Northwestern University) ၏ သမိုင်းနှင့် ဘာသာရေးဌာန၌ ပါမောက္ခတစ်ဦးဖြစ်လာသောကြောင့် အနောက်ကမ္ဘာတွင် ပါမောက္ခရာထူးကို ပထမဆုံးဆောင်ရွက်ခဲ့သော ရဟန်းတစ်ပါးဖြစ်သည်။[၁] ထို့အပြင် ယခင် ဝိဒျောဒယ တက္ကသိုလ် (Vidyodaya) (ယခု : သိရိ ဇေယျဝါဒေဏပူရ) တွင် ဒုတိယ အဓိပတိရာထူးဖြင့်လည်း ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော စာအုပ်၊ စာပေများကို အင်္ဂလိပ်၊ ပြင်သစ်၊ သီဟိုဠ်ဘာသာများဖြင့် များစွာရေးသားခဲ့၏ ။

ထေရုပ္ပတ္တိအကျဉ်း[ပြင်ဆင်ရန်]

သီဟိုဠ်နိုင်ငံတောင်ပိုင်း ဂေါ်လ်ခရိုင်အတွင်းရှိ ဝါလ်ပိုလာရွာတွင် ၁၉ဝ၇ ခု။ မေလ ၉ ရက်နေ့၌ ဖွားမြင်တော်မူခဲ့ပေသည်၊ ငယ်စဉ်က ရွာတွင်ရှိသော အစိုးရ(လူဝတ်ကြောင်) ကျောင်းတွင် ပညာသင်ခဲ့သော်လည်း မကြာမီ ထိုကျောင်းမှ ထွက်ခွါခဲ့ ပေသည်၊ သူငယ်ချင်းများနှင့်ဆော့ကစားသည်ကို ဆရာက ကြိမ်ဖြင့်ဆုံးမပဲ့ပြင်သည်၊ ရာဟုလာကလေးက ကြိမ်ဖြင့် ရိုက်နှက်မည်ကို လက်မခံနိုင်၊ နုတ်ဖြင့်သာ ဆုံးမသင့်သည်ဟု စောဒကတက်သည်၊ ထိုမှစ၍ အတန်းကျောင်း ခေါ် အစိုးရကျောင်းတွင် ပညာမသင်တော့ချေ၊ ရွာဦးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးကျောင်းသား ဖြစ်လာ၍ ရိုးရာဗုဒ္ဓဘာသာစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်ဘာသာစာပေ။ သမိုင်းတို့ကို ရိုးရာစနစ်အတိုင်း သင်ကြားခဲ့ပေသည်၊

၁၃ နှစ်အရွယ်တွင် မိဘများက သင်္ကန်းဝတ်ပေး၍ ကိုရင်ကလေး ရာဟုလာ ဘဝဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်၊ အသက် ၂ဝ ပြည့်သောအခါ ရွာကျောင်းဘုန်းကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ တက်လှမ်းခဲ့သည်၊ ဗုဒ္ဓစာပေ။ ပါဠိစာပေနှင့် သီဟိုဠ်စာပေများတွင် သင်ရိုးပြီးမြောက်၍ ဘာသာရေးစာမေးပွဲများ အဆင့်ဆင့်အောင်မြင်ခဲ့ပြီးနောက် ထင်ရှားသော ကျောင်းတိုက်ကြီးများတွင် ဓမ္မာစရိယ စာချဆရာတော် တစ်ပါး ဖြစ်လာခဲ့ပေသည်၊ ထိုအချိန်မှစ၍ အရှင်ရာဟုလာမထေရ်ကို ဖွားမြင်ရာ ဇာတိကို အစွဲပြုခြင်းအားဖြင့် အရှင်ဝါလ်ပိုလာ ရာဟုလာ ဟု ခေါ်တွင်လာခဲ့ ကြပေသည်၊ အခြားရာဟုလာဘွဲ့ခံ ဆရာတော်တစ်ပါးနှင့် ကွဲပြားစေရန် ဇာတိအမည် တပ်၍ ဘွဲ့တော်ကို ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပေသည်၊

ဂုဏ်ပြုချီးမြှောက်ခံရမှု[ပြင်ဆင်ရန်]

အရှင် ရာဟုလာသည် တိပိဋကဝဂ္ဂိဝါရစာယ (Trippitakavagisvaracarya) ဘွဲ့ကို သီရိ ကလျာပီ သမ္မာဂရိ သံဃာ-သဘာ အဖွဲ့က ၁၉၆၅တွင် ချီးမြင့်ခဲ့သည်။ သီရိ ဟူသော ဂုဏ်ပုဒ်ကို သိရိလင်္ကာနိုင်ငံမှ ရဟန်းနှစ်ပါး သုံးပါးသာ ရရှိဖူး၏ ။ ထို့အပြင် ဆရာတော်ကို မြန်မာနိုင်ငံက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဖြင့် ပူဇော်ချီးမြှင့်ခဲ့သည်။

ရေးသားခဲ့သောစာပေများ[ပြင်ဆင်ရန်]

  • What The Buddha Taught (1959, ISBN 0-8021-3031-3)
  • History of Buddhism in Ceylon: The Anuradhapura period, 3rd Century BC – 10th Century AD (1966)
  • Humour in Pali Literature and Other Essays (1997, ISBN 955-650-000-6)
  • The Heritage of the Bhikkhu: A Short History of the Bhikkhu in Educational, Cultural, Social, and Political Life (1974, ISBN 0-394-49260-9)
  • Heritage of Bhikkhu (1974, ISBN 0-394-17823-8)
  • Zen and the Taming of the Bull: Towards the Definition of Buddhist Thought: Essays (1978, ISBN 0-900406-69-0)
  • The Heritage of the Bhikkhu: The Buddhist Tradition of Service (2003, ISBN 0-8021-4023-8)

ကိုးကား[ပြင်ဆင်ရန်]

  1. Gunawardana၊ C. A. (2003)။ Encyclopedia of Sri Lanka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ New Delhi: Sterlin Publishers Privet Limited။ p. 242။ ISBN 81-207-2536-0He (Walpola Rahula Thero) was the first Buddhist monk to occupy a professorial chair in a western university - Northwestern University in Chicago