မာတိကာသို့ ခုန်သွားရန်

ကျောင်း

ဝီကီပီးဒီးယား မှ
အင်္ဂလန်နိုင်ငံရှိ စာသင်ကျောင်းတစ်ခု
School in Kansas City, Missouri

ကျောင်း သည် ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ဆရာမများထံမှ ပညာ သင်ကြားရာ နေရာဖြစ်သည်။ နိုင်ငံအများစုတွင် တရားဝင်ပညာရေးစနစ်ရှိကြပြီ တချို့တွင် မသင်မနေရပညာရေးစနစ် ဖြစ်သည်။ ထိုစနစ်တွင် ကျောင်းသား၊ ကျောင်းသူများသည် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်း နှစ်ခုလုံးက ကျောင်းများကို တက်နိုင်သည်။ နိုင်ငံအများစုတွင် မူလတန်းကျောင်းကို ခလေတွေအတွက် အလယ်တန်းကျောင်းကို မူလတန်းပညာကို ပြီးမြောက်ထားတယ် ဆယ်ကျော်သက်တွေအတွက် အဆင့်မြင့်ပညာကို သင်ကြားပို့ချပေးသည့် ကျောင်းကို ကောလိပ် (သို့) တက္ကသိုလ်ဟု ခေါ်သည်။

မြန်မာနိုင်ငံတွင်မူ မူလတန်းကို (၅) နှစ်မှ (၁၀) နှစ်အထိ အလယ်တန်းကို (၁၁) နှစ်မှ (၁၄) အထိ အထက်တန်းကို (၁၅) နှစ်မှ (၁၈) နှစ်အထိ အဆင့်မြင့်ပညာ ကောလိပ်၊ တက္ကသိုလ် ဟု ခေါ်ဆိုကြသည်။

ထိုအထဲတွင် အစိုးရထောက်ပံ့သော ကျောင်းများရှိသကဲ့သို့ အစိုးရ၏ အထောက်အပံ့ကို မယူသော ကျောင်းများလည်း ရှိသည်။ ထိုသို့သော ကျောင်းမျိုးကို ပုဂ္ဂလိက ကျောင်းဟူ၍ ခေါ်ဆိုသည်။ ထိုကျောင်းများသည် ခလေးသူငယ်များ မှစ၍ အရွယ်ရောက်ပြီးသူများကိုလည်း သင်ကြားပေးကြသေးသည်။ဥပမာအနေဖြင့် မူလတန်းကြိုကျောင်း၊ ကွန်ပျူတာသင်တန်းများ၊ အီလက်ထရောနစ်သင်တန်းများ အစရှိသည်တို့ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ မည်သည့်ကျောင်းတွင်မဆို ကျောင်း၌ အထူးချွန်ဆုံးသော ကျောင်းသားများအား ဆုချီးမြှင့်ကြသည်။ အစိုးရထောက်ပံ့သော ကျောင်းများ၌ ကျောင်းသား ကျောင်းသူများသည် ငွေကြေးမတတ်နိုင်ပါက ပညာသင်ဆုများ လျှောက်ထားနိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]