ဝမ်ယိပေါ်

ဝီကီပီးဒီးယား မှ
ဝမ်ယိပေါ်
王一博  (တရုတ်)
ဇာတိ အမည်王一博
မွေးဖွား (1997-08-05) ဩဂုတ် ၅၊ ၁၉၉၇ (အသက် ၂၆)
လော့ယန်မြို့၊ ဟဲနန်ပြည်နယ်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံလူမျိုးတရုတ်လူမျိုး
မိခင်ကျောင်းHanlim Multi Art School (withdrawn)
အလုပ်အကိုင်
  • Singer
  • actor
ဂီတခရီးလမ်း
ဂီတဟန် 
  • ကေပေါ့ပ်
  • စီပေါ့ပ်
တူရိယာVocals
တက်ကြွသည့်နှစ်များ၂၀၁၄ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီYuehua Entertainment
ပူးတွဲ ပါဝင်မှု
  • Uniq (band)
  • UNIQ
ဝမ်ယိပေါ်
ရိုးရှင်းသော တရုတ်

ဝမ်ရိပေါ် (တရုတ် : 王一博၊ ဩဂုတ်လ ၅ရက် ၁၉၉၇ မွေးဖွား) သည် တရုတ်လူမျိုး သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦးဖြစ်သည်။ သူသည် တောင်ကိုရီးယား-တရုတ်အမျိုးသားအဖွဲ့တစ်ခုဖြစ်သည့် UNIQ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဝမ်သည် The Untamed (၂၀၁၉) ဒရာမာတွင် လန်ဝမ့်ကျီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသိမှတ်ပြုမှုများရရှိခဲ့သည်။ ဝမ်သည် Forbes China ၏ Celebrity 100 (၂၀၂၀) စာရင်းတွင် အဆင့် (၉) ၌ ဖော်ပြခံခဲ့ရသည်။ ရိ‌ပေါ်သည်Street Dance of China season 3 တွင်Captionတစ်ဦးအဖြစ်ပါဝင်ခဲ့ပြီးသူ၏အဖွဲ့သားရန်ခိုင်သည်SDC3တွင်‌အနိုင်ရရှိခဲ့သည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဝမ်ရိပေါ်ကို ဩဂုတ်လ ၅ရက် ၁၉၉၇ ခုနှစ်တွင် လော့ယန်မြို့၊ ဟဲနန်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်အခါကပင် အကပညာကို လေ့လာခဲ့သည်။ ၂၀၁၁ ခုနှစ် အလယ်တန်း ဒုတိယနှစ်တွင် ဝမ်သည် IBD အကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဟစ်ပေါ့ပ်အုပ်စုတွင် အမြင့်ဆုံး (၁၆)ဦး စာရင်း၌ ပါဝင်ခဲ့သည်။ ထို့နောက် ဝမ်သည် Yuehua Entertainment ၏ သင်တန်းသားဖြစ်လာခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

၂၀၁၄ - ၂၀၁၇[ပြင်ဆင်ရန်]

ဝမ်သည် တောင်ကိုရီးယား-တရုတ်အမျိုးသားအဖွဲ့ UNIQ ၏ "Falling In Love" သီချင်းနှင့်အတူ ပထမဆုံးပွဲဦးထွက်ခဲ့သည်။

ဝမ်သည် သရုပ်ဆောင်ပိုင်း၌ MBA Partners ရုပ်ရှင်ဖြင့် ပထမဆုံးပွဲဦးထွက်ခဲ့သည်။ ထို့နောက် A Chinese Odyssey Part Three တွင် Red Boy ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းအပြင် အချစ်ဟာသဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Love Actually တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း ဝမ်သည် ပဒေသာပွဲ (Variety Program) တစ်ခုဖြစ်သည့် Day Day Up တွင် အစီစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဝမ်သည် လူငယ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Private Shushan Gakuen တွင် ပထမဆုံးအဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ထိုနှစ်ထဲမှာပင် ဝမ်သည် ဧည့်သည်သရုပ်ဆောင်အဖြစ် When We Were Young ဒရာမာတွင် ပါဝင်ခဲ့သည်။

၂၀၁၈ - ယခု[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် စစ်မှန်ရှင်ကျန်ရှိုး(Reality Survival Show) တစ်ခုဖြစ်သည့် Produce 101 တွင် အကနည်းပြဖြစ်လာခဲ့သည်။ ထိုအစီအစဉ်တွင် ဝမ်၏ အကစွမ်းရည်များကြောင့် ပိုမိုလူသိများလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဝမ်သည် Esport ကို အခြေခံသည့် အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Gank Your Heart တွင် ကျွမ်းကျင်ဂိမ်မာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထိုနှစ်ထဲမှာပင် ဝမ်သည် Mo Dao Zu Shi ဝတ္ထုရှည်ကို အခြေခံထားသည့် The Untamed ဇာတ်လမ်းတွဲတွင် အမျိုးသားဇာတ်ဆောင်တစ်ဦးအဖြစ် အခြားအမျိုးသားဇာတ်ဆောင် ရှောင်းကျန့်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဝမ်နှင့် ရှောင်သည် ၎င်းဒရာမာ၏ တေးသီချင်းဖြစ်သော "Unrestrained" ကိုလည်း သီဆိုခဲ့ကြသည်။ ဤဇာတ်လမ်းတွဲတွင် ဝမ်၏ ပီပြင်သောသရုပ်ဆောင်စွမ်းရည်ကြောင့် ကောင်းမွန်သော မှတ်ချက်များရရှိခဲ့ပြီး ပိုမိုရေပန်းစားလာခဲ့သည်။ ဝမ်သည် ပထမ‌ဆုံးအကြိမ်အဖြစ် Forbes China ၏ Celebrity 100 စာရင်းတွင် အဆင့် (၇၁) နေရာ၌ ဖော်ပြခြင်းခံခဲ့ရသည်။ ထို့အပြင် ဝမ်ယိပေါ်သည် Forbes China ၏ လူကြိုက်များအောင်မြင်ကျော်ကြားသော အသက် ၃၀ အောက်လူငယ် ၃၀ ကို ရွေးချယ်သော "30 Under 30 Asia 2019" စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်တွင် ဝမ်သည် မော်တော်ဆိုင်ကယ်ပြိုင်ပွဲတစ်ခုတွင် ကျွမ်းကျင်ယာဉ်မောင်းအဖြစ် Yamaha China Racing Team နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Discography[ပြင်ဆင်ရန်]

Singles[ပြင်ဆင်ရန်]

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် အယ်လ်ဘမ် မှတ်ချက်များ Ref.
၂၀၁၇ "Once Again" 二次初恋 Once Again OST with Guan Xiaotong [၂]
"Just Dance" Theme song of 4th Xuan Wu Festival [၃]
၂၀၁၈ "The Shadow of the Shark" The Meg OST with Cheng Xiao [၄]
"Heart Affairs of the Youth" 少年心事 Crystal Sky of Yesterday OST [၅]
၂၀၁၉ "Fire" [၆]
"Lucky" [၇]
"The Coolest Adventure" 最燃的冒险 Gank Your Heart OST [၈]
"Saying Sword" 说剑 Moonlight Blade OST [၉]
"WUJI" 无羁 The Untamed (web series)|The Untamed OST with ရှောင်းကျန့် [၁၀]
Solo version
"Won't Forget" 不忘 [၁၁]

Filmography[ပြင်ဆင်ရန်]

ရုပ်ရှင်များ[ပြင်ဆင်ရန်]

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်များ Ref.
၂၀၁၆ MBA Partners 梦想合伙人 ဇိုရူယူ [၁၂]
A Chinese Odyssey Part Three 大话西游3 Red Boy [၁၃]
၂၀၁၈ Live For Real 热舞吧!青春 လင်ဂျင် Short film [၁၄]
Crystal Sky of Yesterday 少年心事 Qi Jingxuan Voice-dubbed [၁၅]
  TBA Unexpected Love 闭嘴!爱吧 ချန်လင်း [၁၆]

ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်များ Ref.
၂၀၁၇ Love Actually 人间至味是清欢 Zhai Zhiwei .[၁၇]
When We Were Young 青春最好时 Lin Jiayi ဧည့်သည်သရုပ်ဆောင် [၁၈]
၂၀၁၉ Gank Your Heart 陪你到世界之巅 Ji Xiangkong [၁၉]
The Untamed   陈情令 လန်ဝမ့်ကျီး [၂၀]
TBA Private Shushan Gakuen 私立蜀山学园 Teng Jing [၂၁]
Super Talent 超凡天赋 Wei Yichen [၂၂]
Legend of Fei 有翡 Xie Yun [၂၃]

တီဗီအစီအစဉ်[ပြင်ဆင်ရန်]

ခုနှစ် အင်္ဂလိပ်ခေါင်းစဉ် တရုတ်ခေါင်းစဉ် ဇာတ်ရုပ် Ref.
၂၀၁၆–ယခု Day Day Up 天天向上 အစီစဉ်တင်ဆက်သူ [၂၄]
၂၀၁၈ Produce 101Once Again OST 创造101 အကနည်းပြ [၂၅]
၂၀၁၉ One More Try 极限青春 သရုပ်ဆောင်အဖွဲ့ဝင် [၂၆]

ဆုများနှင့် ဆန်ကာတင်စာရင်းများ[ပြင်ဆင်ရန်]

ခုနှစ် ဆု ခေါင်းစဉ် Nominated work ရလဒ် Ref.
၂၀၁၇ Top Chinese Music Awards Best New Id N/A ဆုရရှိ [၂၇]
Asian Influence Awards Ceremony Best New Actor N/A ဆုရရှိ [၂၈]
2017 Weibo TV Online Video Awards Ceremony New Artist of the Year N/A ဆုရရှိ [၂၉]
ifeng Fashion Choice Most Popular New Actor N/A ဆုရရှိ [၃၀]
Sina Best Taste New Artist of the Year N/A ဆုရရှိ [၃၁]
၂၀၁၈ QQ Interest Blog Appreciation Night Male Artist of the Year N/A ဆုရရှိ [၃၂]
၂၀၁၉ GQ 2019 Men of the Year Breakthrough Actor of the Year The Untamed ဆုရရှိ [၃၃]
Golden Tower Award Most Popular Actor The Untamed, Gank Your Heart ဆန်ခါတင် [၃၄]
6th Hengdian Film and TV Festival of China Tourism Ambassador N/A ဆုရရှိ [၃၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Tea၊ Cherry (2020-08-28)။ Forbes China Release Their Top 100 Celebrities List For 2020 | Daily C-pop (in en-US)။ 25 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-12-24 တွင် ပြန်စစ်ပြီး။
  2. 关晓彤王一博《二次初恋》主题曲MV 七夕点映期待 (in zh)။ Youth.cn (August 24, 2017)။ 28 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2019 တွင် ပြန်စစ်ပြီး။
  3. 王一博《Just dance》首发 演绎动感流行舞曲风 (in zh) (November 17, 2017)။
  4. 王一博程潇组CP献声《巨齿鲨》宣传曲还原"巨鲨魅影" (in zh) (August 15, 2018)။
  5. 《昨日青空》发"年少心事"MV 王一博首次献声 (in zh) (October 19, 2018)။
  6. 王一博单曲《Fire》上线 挑战大胆"玩酷" (in zh) (January 17, 2019)။
  7. 王一博单曲《Lucky》上线 走进浪漫异想世界 (in zh) (March 13, 2019)။
  8. zh:王一博献唱《陪你到世界之巅》主题曲,酷炫手势舞狙击少女心 (in zh) (June 4, 2019)။
  9. 天刀太白主题曲《说剑》首发 王一博国风rap开唱 (in zh) (June 20, 2019)။
  10. 《陈情令》国风音乐专辑重磅上线 肖战王一博"声动"诠释角色内心 (in zh) (July 8, 2019)။
  11. zh:《陈情令》人物曲上线 国韵美学打开内心世界 (in zh) (July 22, 2019)။
  12. zh:《梦想合伙人》姚晨重回校园 王一博献银幕初吻 (in zh)။ NetEase (February 26, 2016)။
  13. 《大话西游3》曝主演造型 UNIQ王一博变红孩儿 (in zh)။ Xinhua News Agency (September 8, 2015)။
  14. zh:《热舞吧青春》燃屏来袭 王一博诠释青春新主张 (in zh) (April 12, 2018)။
  15. 王一博配音《昨日青空》 带你重回少年时代 (October 19, 2018)။ 22 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2019 တွင် ပြန်စစ်ပြီး။
  16. zh:《闭嘴!爱吧》首尔开机 主演王一博到场 (in zh)။ Sina (March 2, 2016)။
  17. zh:《人间至味是清欢》陈乔恩王一博"千层甜" (in zh)။ NetEase (August 18, 2017)။
  18. zh:王一博加盟《青春最好时》 (in zh)။ Sina (December 8, 2016)။
  19. zh:《陪你到世界之巅》首曝人物海报 王一博王子璇勇闯青春“逆风局” (in zh) (May 19, 2019)။ 15 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2019 တွင် ပြန်စစ်ပြီး။
  20. zh:《陈情令》首曝剧照 肖战王一博掀仙侠风云 (in zh) (July 5, 2018)။
  21. zh:王一博惊喜亮相发布会 加盟《私立蜀山学园》 (in zh)။ Tencent (March 2, 2017)။ 29 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2019 တွင် ပြန်စစ်ပြီး။
  22. 《超凡天赋》开机 张逸杰王一博组新cp大玩超能力 (in zh) (December 8, 2017)။
  23. 定了!《有翡》官宣男女主角 赵丽颖搭档王一博 (in zh) (September 11, 2019)။
  24. zh:《天天向上》本周五迎新版 主持新增大張偉王一博 (in zh)။ People's Daily (April 26, 2016)။
  25. zh:王一博受邀担任《创造101》舞蹈导师 火力全开 (in zh) (March 19, 2018)။
  26. zh:《极限青春》王珞丹王一博程潇带队“玩滑板” (in zh) (June 16, 2019)။
  27. zh:音乐风云榜魏晨尚雯婕获最佳男女歌手 黄子韬压轴 (in zh)။ Sina (April 10, 2017)။
  28. zh:9月16日2017亚洲影响力盛典获奖名单 东方盛典颁奖视频完整版 (in zh)။ China.com (September 17, 2017)။ 29 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2019 တွင် ပြန်စစ်ပြီး။
  29. zh:微博电视影响力盛典举行 行业齐聚盘点年度经典 (in zh)။ Sina (September 27, 2017)။
  30. zh:宋轶和王一博 获“2017年度票选网友最爱新晋演员”荣誉 (in zh)။ ifeng (November 9, 2017)။
  31. zh:王一博荣获2017风格大赏“年度新锐艺人”大奖 (in zh)။ Sina (December 20, 2017)။
  32. zh:QQ兴趣部落“心赏之夜”:娱乐圈高颜值的鲜肉小花都到了 (in zh)။ Sina (January 12, 2018)။
  33. 王一博:2019智族GQ"年度突破演员",未来可期 (in zh) (September 8, 2019)။
  34. Golden Tower Award (in zh)။
  35. 2019横店影视节圆满落幕 “文荣奖”各奖项揭晓 (in zh) (October 27, 2019)။