ဝင်းမြင့် (တရားသူကြီး)

ဝီကီပီးဒီးယား မှ
ဝင်းမြင့်(တရားသူကြီး)
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၁ ဇန်နဝါရီ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးမျိုးညွှန့် (၂၀၂၀-၂၀၂၂)[၁]
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး
တာဝန်သက်တမ်း
ဩဂုတ် ၂၀၁၂ – ၁၀ ဇန်နဝါရီ ၂၀၂၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်​တရားသူကြီး
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ကြီး
Commands၁၉၈၁-၁၉၉၉

ဦးဝင်းမြင့်(တရားသူကြီး) သည် လက်ရှိ   ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် အငြိမ်းစား တပ်မတော်သားဘဝမှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။[၂]

ပညာရေးနှင့်တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

ဦးဝင်းမြင့်သည် တပ်မတော်တွင်  ၁၉၈၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို  ၁၉၈၅ ခုနှစ်တွင်ရရှိသည်။  ၁၉၉၉ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူကာ တရားရေးအရာရှိအဆင့်(၂)အဖြစ် တရားရေးဌာနသို့ ကူးပြောင်းလာသည်။၂၀၁၂ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နေပြည်တော်တွင် ညွှန်ကြားရေးမှူးအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။

တရားလွှတ်တော်တရားသူကြီးဘဝ[ပြင်ဆင်ရန်]

သူ့ကို သမ္မတဦး သိန်းစိန် က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် အဆိုပြုခဲ့ပြီး ဧရာဝတီတိုင်းလွှတ်တော် ကလက်ခံသည့်အတွက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဧရာဝတီတိုင်းတရားလွှတ်တော်တရားသူကြီး တစ်ဦး ဖြစ်လာသည်။ တရားလွှတ်တော်တရားသူကြီးအဖြစ် ၁၀နှစ်ကျော် ထမ်းဆောင်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဧရာဝတီတိုင်းဒေသကြီးတရာလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။[၃]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဧရာဝတီတိုင်းလွှတ်တော်က တိုင်းတရားသူကြီးချုပ်သစ် အတည်ပြုMyanmar Now (၂၆ နိုဝင်ဘာ ၂၀၂၀)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မော်လမြိုင်ကျွန်းမြို့၌ မြို့နယ်တရားရုံးအဆောက်အဦးသစ် စတင်ဖွင့်လှစ်Yangon Media Group (၂၁ မေ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။