မာတိကာသို့ ခုန်သွားရန်

လောက ဖြစ်တည်ဇာတ်ကြောင်း

ဝီကီပီးဒီးယား မှ
ဘယ်ဘက်ဆုံးအမှတ်သည် မဟာပေါက်ကွဲမှုကြီး (the Big Bang) ကို ကိုယ်စားပြု။ ထိုမှ ညာဘက်သို့ တိုးတိုးကြည့်လျှင် အချိန်ကြာကြာလာခြင်းကို ကိုယ်စားပြု။

ရူပဗေဒ (Physics) နှင့် လောကလုံးဗေဒ (Cosmology) တို့၌ လေ့လာသော လောက ဖြစ်တည်ဇာတ်ကြောင်း (အင်္ဂလိပ်: Chronology of the Universe) ဆိုသည်မှာ အချိန်ကာလ ဖြစ်တည်မှု၏ အစမှအဆုံးအတွင်း ဤ လောက(Universe)ကြီး၏ ဖြစ်တည်ပုံ သဘောသဘာဝတို့ကို စိုင်းယန့်စ်နည်း (သိပ္ပံ)ကျကျ လေ့လာစုစည်းမှု ဖြစ်၏။ ယေဘုယျအားဖြင့်၊ မဟာပေါက်ပျံ့မှု သီအိုရီ (Big Bang Theory) ၏ ရှုထောင့်များကို အခြေခံ၏။

လောကဦး သက်နုကာလ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်၌ ထုတ်ပြန်သော သုတေသနတစ်ခုအရ လောက(Universe)ကြီး၏ စတင်မှုသည် လွန်ခဲ့သော နှစ်ပေါင်း 13,800,000,00 ခန့်က (မှန်းခြေနှင့် နှစ်ပေါင်း 21,000,000 ခန့်သာ အတိုးအလျော့ အမှားအယွင်းဖြစ်သည်ဟု ၆၈% သော ရေရာမှုဖြင့်) မှန်းရသည်။[၁] ထိုအဖြစ်အပျက်ကို မဟာပေါက်ပျံ့မှုကြီး (the Big Bang) ဟု အမည်ပေးကြသည်။
၎င်းသီအိုရီရှုထောင့်အတွင်း၊ အချိန်၏ ပထမဆုံး ဖြစ်တည်မှုပင် ဖြစ်ထသော ထိုပေါက်ပျံ့မှုအခိုက်အတံ့မှ စ၍ ပထမဆုံးသော ၁၀ စက္ကန့်ခန့်ကာလ၌ ဖြစ်ပျက်ခဲ့သော သဘောတရားများနှင့် လောက(universe) ကို သက်နုလောကဦး (Very Early Universe) ဟု သတ်မှတ်နိုင်ပြီး အောက်ပါ ကာလခွဲများလည်း ၎င်းအတွင်း၌ တွေ့နိုင်သည်။

ပလန့်ခ် အခိုက်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပလန့်ခ် အခိုက်ကာလ

မဟာပေါက်ကွဲမှုကြီး ဟူသော အခိုက်အတံ့ ပြီးလျှင်ပြီးချင်း ဖြစ်ပေါ်သည်မှာ ပလန့်ခ် အခိုက်ကာလ (Planck Epoch) ဖြစ်သည်။ ၎င်း၏ ကြာချိန်မှာ 10-43 စက္ကန့်မျှသာ ဖြစ်ပြီး ထိုအခိုက်အတံ့၌ အရာရာက စွမ်းအင်မြင့်ဝှန် သိပ်သည်းလွန်းပြီး ဒြပ်ဆွဲမှုက ကျန် အခြေခံ သက်ရောက်မှုကြီး၃မျိုးနှင့်ပင် တစ်မျိုးတစ်ဘာသာစီ မကွဲသေးဘဲ ကျွန်ုပ်တို့ လက်ရှိနားမလည်သေးသော သဘာဝသဘောတရားမျိုးဖြင့် လောကြီး တည်ရှိလိုက်သေးသည်ဟု တွက်ဆကြသည်။

အချီကြီးပေါင်းစည်း အခိုက်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပေါင်းကြီးစည်း အခိုက်ကာလ

ထို့နောက် 10-36 စက္ကန့်မျှသာ ဖြစ်ပျက်သွားသော အချီကြီးပေါင်းစည်း အခိုက်ကာလ (Grand Unification Epoch) ဖြစ်ပေါ်ပြီး အချီကြီးပေါင်းစည်း သီအိုရီ (Grand Unified Theory) က မှန်းဆလေ့လာသော အခြေအနေမျိုးဖြင့် လောကကြီးက ရှိလိုက်သေးသည်ဟု မှန်းရသည်။ ထို့ကြောင့် ဂလူယွန်များ၊ ဖှိုတွန်များ စသည်တို့ ဖြစ်ပေါ်မှုပင် မပီပြင်သေးသော အခိုက်ကာလ ဖြစ်နေ၏။

မဟာဆတိုး အခိုက်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မဟာဆတိုး အခိုက်ကာလ

ထို့နောက် မဟာဆတိုး အခိုက်ကာလ (Inflation Epoch) ဖြစ်ပေါ်ပြီး 10-33 သို့မဟုတ် 10-32 စက္ကန့်မျှ အချိန်အတွင်း လောက(Universe)ကြီး၏ အလျားတိုင်းကြောင်းသဘောသည် အဆပေါင်း 1026 ဆခန့်၊ ထို့ကြောင့် ထုထည်မှာ 1078 ဆခန့် တိုးပြန့်သွားသော အခိုက်အတံ့ကြီး ဖြစ်သည်။ ဤအဖြစ်ကြောင့် စွမ်းအင်သိပ်သည်းမှုတို့ သိသိသာသာ လျော့ကျကာ ကျွန်ုပ်တို့ ပိုမိုရင်းနှီးသော ရူပဗေဒသဘောတရားများ ပေါ်ပေါက်လာနိုင်သည်။

လျှပ်နျူပျော့ အခိုက်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လျှပ်နျူပျော့ အခိုက်ကာလ

ထို့နောက် 10-12 စက္ကန့်မျှ အချိန်ကြာသော လျှပ်နျူပျော့ အခိုက်ကာလ (Electroweak Epoch) က အပူချိန် 1015 K ခန့်နှင့် ဆက်လက်ဖြစ်ပေါ်နိုင်သည်။

ကွာ့ခ်မျောခိုက်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကွာ့ခ်မျောခိုက်

လျှပ်နျူပျော့အခိုက်အတံ့ ပြီးဆုံးသည့်အခါ 10-5 စက္ကန့်မျှကြာသော ကွာ့ခ်မျောခိုက် (Quark Epoch) ဖြစ်ပေါ်ကာ ဤတွင်မှု ကျွန်ုပ်တို့ ကောင်းစွာနားလည်သော ရူပဗေဒတို့ စတင်ဖြစ်ပေါ်သည်။ သို့သော် ပရိုတွန် နှင့် နျူထရွန်များ မဖြစ်ပေါ်နိုင်သေးလောက်အောင် စွမ်းအင် များဝှန်သိပ်သည်းလျက် ဂလူယွန်များနှင့် ကွာ့ခ်များ ရောထွေးပြွမ်းမျောသေးသည့် အခိုက်အတံ့ ဖြစ်သဖြင့် ကွာ့ခ်မျောခိုက် ဟု ခေါ်သည်။

ဟဒ်ဒြွန်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဟဒ်ဒြွန်ကာလ

ကွာ့ခ်မျောခိုက်၏ အဆုံး၊ လောက(Universe)၏ သက်တမ်း ၂၀ မိုက်ခိရိုစက္ကန့်မျှ ရှိချိန်တွင် ဟဒ်ဒြွန်မျော ကာလ (Hadron Epoch) စတင်သည်။[၂] ဤကာလအတွင်း၌ ပရိုတွန် နှင့် နျူထရွန်များ စတင်ဖြစ်ပေါ်ပြီး ၎င်းတို့၏ ဓာတ်ခြားအမှုန် (anti-particle) များနှင့် အပြန်အလှန် ချေဖျက်မှု တစ်ဆင့်ချင်း ဖြစ်ပေါ်သည်။ ကြာချိန်အားဖြင့် ၁ စက္ကန့်မျှသာ ကြာသည်။

လက်ပ်တွန်ကာလ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လက်ပ်တွန်ကာလ

လောက(Universe)ကြီး၏ သက်တမ်း ပထမ ၁ စက္ကန့်မှ ၁၀ စက္ကန့် အတွင်းမှာမူ လက်ပ်တွန်မျော ကာလ (Lepton Epoch) ဖြစ်သည်။ ဤတွင်လည်း စွမ်းအင် များဝှန်သိပ်သည်းမှု များပြားသေးသဖြင့် အီလက်ထရွန် နှင့် ၎င်းတို့၏ ဓာတ်ခြားအမှုန် ပေါ့ဇစ်ထြွန်များ အပြန်အလှန် ချေဖျက်မှုက ရုတ်ချည်းမဟုတ်ဘဲ အချိန်ယူ ဖြစ်ပျက်ကြရသည်။

လောက၏ အစောပိုင်းကာလ[ပြင်ဆင်ရန်]

လောက၏ ဖြစ်ပေါ်စသက်နုကာလ ၁၀ စက္ကန့်များ ပြီးနောက်၊ နှစ်ပေါင်း 370,000 ခန့်မျှ ဖြစ်သော အလင်းထွေ ကာလ (Photon Epoch) ဖြစ်ပေါ်၏၊ ၎င်းသဘာဝသဘောတရားများနှင့် အနှစ် ၄သိန်းဝန်းကျင် တည်ရှိခဲ့သော ဤသမိုင်းကြောင်းထဲမှ လောက(universe) ဖြစ်စဉ်ကို အစောပိုင်း လောက (Early Universe) ဟု သတ်မှတ်ကြည့်နိုင်၏။
ဤကာလအစတွင် အက်တမ်ဗဟိုဆံများ စတင်ဖြစ်ပေါ်သည်။ အဆိုပါ ပထမဆုံးဗဟိုဆံများ ဖြစ်ပေါ်မှု မိနစ်ပိုင်းကို နျူကလီးယပ်စ် ဖြစ်ပေါ်ကာလ (nucleosynthesis) ဟု ခေါ်သည်။ ဖှိုတွန်များ လှုပ်ရှားသွားလာနေသော်လည်း လောက(Universe) အနှံ့ စွမ်းအင် များဝှန်သိပ်သည်းနေသော ပလဲက်စ်မာတို့အကြား ဆက်တိုက် စုပ်ယူခြင်း၊ ထုတ်လွှတ်ခြင်း ခံနေရသဖြင့် ဖြစ်မြောက်လှသော အလင်းတန်း သွားလာမှု မရနိုင်သေးသဖြင့် အလင်းထွေခေတ် ဟု ခေါ်သည်။

ကြယ်ပျောက်ခေတ်ကြီး နှင့် ကြယ်များ ဖြစ်ပေါ်စုဝေးလာခြင်း[ပြင်ဆင်ရန်]

လောက(Universe)၏ သက်တမ်း အနှစ် ၃သိန်း၇သောင်းခန့်မှ အနှစ် သန်း ၁၅၀ ခန့်အထိ ကာလမှာ ကြယ်ပျောက်ခေတ်ကြီး (en:Dark Ages (cosmology)) ဖြစ်သည်။ ပထမဆုံးအက်တမ်များ ပေါ်ပေါက်လာသော်လည်း ကြယ်များအဖြစ် မစုဖွဲ့ကြသေးသော (နှစ်ပေါင်း ၁၅ကုဋေမျှ) ခေတ်ရှည်ကြီး ဖြစ်သည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. Planck Collaboration (October 2016). "Planck 2015 results. XIII. Cosmological parameters". Astronomy & Astrophysics 594. doi:10.1051/0004-6361/201525830. Bibcode2016A&A...594A..13P.  The Planck Collaboration in 2015 published the estimate of 13.799 ± 0.021 billion years ago (68% confidence interval). See PDF: page 32, Table 4, Age/Gyr, last column.
  2. "From Quark-Gluon Universe to Neutrino Decoupling: 200 < T < 2MeV" (in en) (2012). Acta Physica Polonica B 43 (12): 2261. doi:10.5506/APhysPolB.43.2261. ISSN 0587-4254.