လောကနတ် အလှပညာဆိုင်ခန်း

ဝီကီပီးဒီးယား မှ
လောကနတ် အလှပညာဆိုင်ခန်း
တည်နေရာ
  • အမှတ် ၆၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
ဝန်ဆောင်မှုများအဖွဲ့ဝင် ပန်းချီပြပွဲများ၊ ပန်းချီပြပွဲများ ခင်းကျင်းပြသခြင်း၊ ပြခန်းနေရာ ငှားရမ်းခြင်း
ကြော်ငြာဆောင်ပုဒ်သစ္စာ၊ သောဘဏ၊ မေတ္တာ/ True, Beauty, Love


လောကနတ် အလှပညာဆိုင်ခန်း (Lokanat Galleries) ကို ‌လောကနတ် ပန်းချီပြခန်းဟု လူသိများသည်။ ၁၉၇၁ ခုနှစ်၊ အောက်တိုလ၊ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး ပန်းချီပြခန်း တစ်ခု ဖြစ်သည်။[၁][၂][၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗိုလ်မှူးကြီးဟောင်း ဓမ္မိကဦးဘသန်းနှင့် ရှေ့နေ ဦးရဲထွန်းတို့ ပိုင်ဆိုင်သောနေရာကို ပန်းချီပြခန်းအဖွဲ့ဝင် ၂၀ နှင့် ၁၉၇၁ တွင် စတင် တည်ထောင်ခဲ့သည်။[၂][၁] ၁၉၇၆ ခုနှစ်ထုတ် ကတ်တလောက် တခု၏ ကြော်ငြာတွင် အဖွဲ့ဝင် ၂၂ ယောက်ဖြင့် ဖွဲ့စည်းသည်ဟု ဖော်ပြထားသည်။[၄]

ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ၁၉၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ဆိုဖဲ အဆောက်အအုံကြီး (Sofaer’s Building)၏ ဒုတိယထပ်တွင် ပြခန်းကို ဖွင့်လှစ်ထားသည်။[၂] စတင်တည်ထောင်ခဲ့သော လောကနတ်အဖွဲ့ဝင်များတွင် ဦးစံဝင်းဦးအုန်းလွင်ဦးခင်မောင် (ဘဏ်)၊ ဦးကြည်၊ ဦးကိုလေး၊ ‌‌ပေါ်ဦးသက်၊ ‌ရွှေအောင်သိန်း၊ မောင်ဒီ၊ ဝင်းမြင့် (ပန်းပု)၊ ဖေညွန့်ဝေ၊ စန်းမြင့်၊ ပေါ်သိမ်း၊ တင်ဝင်းတို့ ပါဝင်သည်။[၅] ပန်းချီလောကတွင် ထင်ရှားသော ပန်းချီပြပွဲများ ခင်းကျင်းပြသနိုင်ခဲ့သည့် နေရာတခုဖြစ်သည်။ ပြင်ပနှင့် အဆက်အသွယ် နည်းသောကာလများတွင် ပန်းချီချစ်မြတ်နိုးသော၊ ပန်းချီအသိုင်းအဝိုင်းနှင့် နီးစပ်သော နိုင်ငံခြားသံတမန်များ၊ စာ‌ရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ‌ဝေဖန်ရေးဆရာများ ဆုံတွေ့ရာ ‌နေရာလည်း ဖြစ်သည်။[၆]

ထူးခြားသော ပန်းချီပြပွဲများ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ် - အောက်တိုဘာ ၂၂ ရက်မှ ၂၆ ရက် အထိ တရုပ်အနုပညာရှင် အိုင်ဝေဝေ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ အမေရိကန်မှ ပန်းချီဆရာ ခုနှစ်ယောက်ရဲ့ ပြပွဲကို ပြသခဲ့သည်။[၇]

၁၉၇၉ ခုနှစ် - မတ်လ ၁၄ ရက်မှ ၁၈ ရက် အထိ၊ ခင်ဝမ်း ဒြပ်မဲ့ပန်းချီလက်ရာများ ပြပွဲကို ဝင်ကြေး ၁ ကျပ် ကောက်ခံ ပြသခဲ့သည်။

၁၉၇၂ ခုနှစ် - စက်တင်ဘာ ၂ ရက်မှ ၅ ရက် အထိ၊ ပေါ်ဦးသက်ရဲ့ ဆေးရေး နိမိတ်ပုံပြပွဲExhibition of Paw Oo Thet's Art ဟူသော ပြပွဲ ဖြစ်သည်။ သစ္စာ၊ သောဘဏ၊ ပီတိ (Truth, Beauty, Joy) ဆိုသည့် စာသား လောကနတ်ပုံကို ကတ်တ‌လောက် အဖုံးတွင် ဖော်ပြထားသည်။ လောကနတ် တနှစ်ပြည့် နှစ်ပတ်လည် အား ဂုဏ်ပြုရန် ရည်ရွယ်ပြုလုပ်ခဲ့သည်။[၈]

၁၉၇၆ ခုနှစ် ထုတ် ကတ်တလောက် တခုအတွင်း ပါသော လောကနတ် အလှပညာဆိုင်ခန်း ကြော်ငြာ
၁၉၇၆ ခုနှစ် ထုတ် ကတ်တလောက် တခုအတွင်း ပါသော လောကနတ် အလှပညာဆိုင်ခန်း ကြော်ငြာ

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]