အိုင်ဝေဝေ
ပုံပန်းသွင်ပြင်
| အိုင်ဝေဝေ | |||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အိုင်ဝေဝေ (၂၀၁၇) | |||||||||||||||
| မွေးဖွား | ၂၈ ဩဂုတ်၊ ၁၉၅၇ ဘေဂျင်းမြို့ | ||||||||||||||
| နိုင်ငံလူမျိုး | တရုတ် | ||||||||||||||
| ထင်ရှားသည့် လုပ်ဆောင်မှု | ဘေဂျင်း အမျိုးသားကဇာတ်ရုံ | ||||||||||||||
| အိမ်ထောင်ဖက်(များ) | လူချင်း | ||||||||||||||
| တရုတ်အမည် | |||||||||||||||
| တရုတ် | 艾未未 | ||||||||||||||
| |||||||||||||||
အိုင်ဝေဝေ (တရုတ်: 艾未未) (၁၉၅၇-) တရုတ်လူမျိုး ခေတ်ပေါ် (contemporary) အနုပညာရှင် နှင့် နိုင်ငံရေးလှုပ်ရှားသူ ဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားမှုအနေဖြင့် တရုတ်အစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား မျက်ကွယ်ပြုမှုများကို ဖော်ထုတ်သည်။ ဆီချွမ်းကျောင်းများ၌ ခြစားမှုများကို အစိုးရက ဖုံးထားခြင်းကိုလည်းကောင်း၊ ၂၀၀၈ ခု ဆီချွမ်းငလျင်တွင် ပြိုကျသော တန်ဖိုးနည်းအိမ်ရာများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များကို လည်းကောင်း စုံစမ်းသည်။ ၂၀၁၁ ခု၊ ဧပြီလ ၃ ရက်တွင် ဘေဂျင်း နိုင်ငံတကာလေဆိပ်၌ အဖမ်းခံရပြီး စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုကို စစ်ဆေးရန်ဟု ခေါင်းစဉ်ပြကာ ပြစ်မှုမရှိဘဲ ၈၁ ရက်ကြာ ချုပ်ထားသည်။
၂၀၁၅ ခုတွင် တရုတ်ပြည်မှ ထွက်လာနိုင်ခဲ့ပြီး ဘာလင်မြို့၌ မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။