ပေါ်သိမ်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံမှ ကျော်ကြားသော မော်ဒန်ပန်းချီ ပညာရှင် ကိုပေါ်သိမ်းသည် ၂၀၂၀-ခု၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် အမေရိကန်၊ တက်ဆက် ပြည်နယ်၊ ဘစ်စပရင်း Big Spring မြို့ မှာ ကွယ်လွန် သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် ရှိဖြစ်သည်။ ရွှေဘို ဇာတိဖြစ်သည်။

မန္တလေး တက္ကသိုလ် မှာ သတ္တဗေဒဘာသာရပ် နဲ့ ဘွဲ့ရခဲ့ပေမဲ့၊ ပန်းချီ ပညာနဲ့ ပဲ ရှင်သန် လှုပ်ရှားခဲ့ကြောင်း၊ ကိုပေါ်သိမ်း ရဲ့ အနုပညာ အစွန်းအစ ကို မန္တလေး တက္ကသိုလ် ကျောင်းနံရံကပ် သရုပ်ဖော် ပန်းချီ မှ တဆင့် စွယ်စုံ အနုပညာရှင် ဆရာ ဦးဝင်းဖေ က သတိပြု စိတ်ဝင်စားရာ က၊ အဆိုပါ ကာလ က ပန်းချီပန်းပု ပန်တျာ ကျောင်းအုပ် ဖြစ်တဲ့ အလျောက်၊ ကိုပေါ်သိမ်း ကို ပန်းချီ ပညာ ဆည်းပူးခဲ့စေကြောင်း၊ ဆရာ ဦးဝင်းဖေ က ဘီဘီစီ ကို ပြောပါတယ်။

ပန်းချီပန်းပု ဆရာ ကိုဆန်နီညိမ်း ကလည်း၊ ကိုပေါ်သိမ်းရဲ့ Peacock Gallery မှာ ပန်းပုထုရာမှာ၊ သူက ပန်းပုရုပ် ကိုပါ ပန်းချီ ဆွဲလေ့ရှိကြောင်း၊ ပန်းချီကား များစွာ ဆွဲခဲ့ပြီး၊ မော်ဒန် ပန်းချီကျောင်း ကို ဖွင့်လှစ်သင်ကြားပြီး၊ လူငယ်ပန်းချီဆရာ တွေ ကို အားပေး ခဲ့ကြောင်း၊ ဘီဘီစီ ကို ပြောပြပါတယ်။ အဆိုပါ လူငယ် ပန်းချီဆရာ တွေ ထဲမှာ ကွယ်လွန်သူ ဝင်းမော်ဟန် ပါဝင်ကြောင်း လည်း ပြောပါတယ်။

ကိုပေါ်သိမ်း ရဲ့ ဈာပန ကို လာမဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ Big Spring မြို့ မှာ သင်္ဂဂြိုဟ်မယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကိုးကား[ပြင်ဆင်ရန်]