လေယာဉ်ပျံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Ancient 1.jpg
Ancient 2.jpg
Ancient 3.jpg

လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲတွင် ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ ဂျက်လေယာဉ်ပန်ကာတပ် လေယာဉ် ဟူ၍ အမျိုးမျိုး ရှိသည်။လေယာဉ်ပျံများသည် အများအားဖြင့် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင် ရန်အတွက် သီးသန့်တည်ဆောက်ထားသော လေယာဉ်ကွင်း များတွင်သာ ရပ်နားလေ့ရှိကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

သမိုင်းမတင်မှီ ခေတ်များကတည်းက လူတို့ လေထဲတွင် ပျံသန်းနိုင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အမေရိကန်လူမျိုး ၊ ရိုက်ညီနောင် က ၁၉၀၃ ခုနှစ် ဒီဇင်ဘာ (၁၇) တွင် ပထမဆုံး လေထဲ ပျံတက်နိုင်သော လေယာဉ် ကို တီထွင်နိုင်ခဲ့ကြသည်။ ၁၉၀၅ ခုနှစ်တွင် ရိုက်ညီနောင်ကပင် ထိန်းသိမ်း မောင်းနှင်နိုင်သည့် လေယာဉ်ပျံကို စမ်းသပ် ပျံသန်းနိုင်ခဲ့ကြသည်။ ပထမ ကမ္ဘာစစ် တွင် လေယာဉ်များကို လက်နက်သဖွယ် စတင်အသုံးပြုခဲ့ကြသည်။ လေယာဉ်များ၏ စွမ်းဆောင်နိုင်စွမ်းကို သိရှိခဲ့ကြပြီးနောက် ပထမ ကမ ္ဘာစစ် နောက်ပိုင်းတွင် လေကြောင်း ပညာရပ်သည် တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် လေယာဉ်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ပထမဆုံး မြို့ပြသုံး ဂျက်လေယာဉ်ကို ၁၉၅၂ ခုနှစ်တွင် စတင် ပျံသန်းနိုင်ခဲ့ပြီး ခရီးသည်တင် လေယာဉ်များထဲတွင် Boeing 747 သည် ကျော်ကြားသည့် အမျိုးအစားတစ်ခု ဖြစ်သည်။

လေထဲ ပျံသန်းနိုင်ခြင်း[ပြင်​ဆင်​ရန်​]

လေယာဉ်များတွင် လေထဲသို့ ပျံတက်နိုင်ရန်အတွက် ပင့်အား ရရှိစေမည့် အတောင်ပံ တစ်စုံ နှင့် ရှေ့တွန်းအား ရရှိစေမည့် အင်ဂျင်များ ပါဝင်ကြသည်။ အင်ဂျင်သည် လေယာဉ်ကို ရှေ့တွန်းအား ရရှိစေပြီး အတောင်ပံက ပင့်မအား ရရှိစေသည်။ ထို့ကြောင့် လေယာဉ်များ လေထဲတွင် ပျံသန်းနိုင်ခြင်း ဖြစ်သည်။

စစ်ဘက်သုံး လေယာဉ်များ[ပြင်​ဆင်​ရန်​]

စစ်ဘက်သုံး လေယာဉ်များတွင် တိုက်လေယာဉ်များဗုံးကြဲလေယာဉ်များ ၊ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များဝေဟင် ဆီဖြည့် လေယာဉ်များ ပါဝင်သည်။ ပထမ ကမ ္ဘာစစ် အတွင်းက လေယာဉ်များကို အကဲကြည့်အတွက်သာ အသုံးပြုခဲ့ရာမှ အဆင့်မြှင့်၍ မွမ်းမံလာခဲ့ကြပြီး ဒုတိယ ကမ္ဘာစစ် တွင် လေယာဉ်များတွင် လက်နက်များ တပ်ဆင် အသုံးပြုနိုင်ခဲ့ကြသည်။ လေကြောင်း နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယခုအခါတွင် ရေဒါ ဖြင့် မမြင်နိုင်သော ကိုယ်ပျောက် လေယာဉ်များ တီထွင်လာနိုင်ခဲ့သည်။ Boeing , McDonnell Douglas တို့သည် နာမည်ကျော် လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြသည်။

အရပ်ဘက်သုံး လေယာဉ်များ[ပြင်​ဆင်​ရန်​]

လေယာဉ်များ၏ လျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်မှုကြောင့် အရပ်ဘက် သယ်သူပို့ဆောင်ရေဂး လုပ်ငန်းများတွင် လေယာဉ်များသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ဘိုးအင်း ကုမ္ပဏီထုတ် Boeing 747 သည် နာမည်ကျော် သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး British Aircraft Corporation မှ ထုတ်လုပ်သည့် ကွန်းကော့ (Concorde) သည် ပထမဦးဆုံး အသံထက်မြန်သည့် အရပ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။

အသံထက် ပိုမိုလျင်မြန်သော လေယာဉ်[ပြင်​ဆင်​ရန်​]

ဗြိတိသျှ လေကြာင်းလိုင်း၏ ကွန်းကော့လေယာဉ်

အသံမြန်နှုန်းကို ပင်လယ်ရေမျက်နှာပြင်အထက်တွင် တိုင်းထွာကြည့်ရာ၌ တနာရီလျှင် ၁၂၀၀-ကီလိုမီတာ (၇၄၅-မိုင်) ရှိကြောင်း တွေ့ရှိရသည်။ ယခုခေတ်တွင် အသံထက်လျင်မြန်သော လေယာဉ်များကို တီထွင်နိုင်ခဲ့ကြ သည်။ ယင်းတို့ကို ကွန်းကော့တ် (Concorde) လေယာဉ်ဟု ခေါ်ဝေါ်ကြသည်။ ကွန်းကော့တ်လေယာဉ်များသည် တနာရီလျှင် ၂၁၀၀-ကီလိုမီတာ (၁၃၀၄-မိုင်) နှုန်းဖြင့် ပျံသန်းနိုင်သဖြင့် အသံနှုန်းထက် ပိုမိုလျင်မြန်ခြင်း ဖြစ်သည်။ ကုန်များတင်သည့် လေယာဉ်များကိုမူ အသံထက်မြန်အောင် မဖန်တီးနိုင်ခဲ့ကြပေ။ ကုန်များတင်ဆောင်သော လေယာဉ်များကို အသံနှုန်းထက်မြန်အောင် ဖန်တီးပါက လေယာဉ်ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ အသံနှုန်းထက်မြန်သော ကွန်းကော့တ်လေယာဉ်များတွင် ခရီးသည်များသာ တင်ဆောင်သည်။ [၁] လေဟုန်စီးသည့် ယာဉ်ငှက်ကဲ့သို့ လူတစ်ယောက် လေထဲ၌ ပျံ သန်းနိုင်ရန် ကြံစည်စိတ်ကူးရသည်မှာ အံ့ဩဖွယ်ပုံပြင်တစ်ခုဖြစ်သည်။ ထို ထက် လူအများစီးနင်းပျံသန်းနိုင်မည့် ယာဉ်မျိုးကို တီထွင်အောင်မြင်ခဲ့ သည်မှာ ပို၍အံ့ဩဖွယ်ပင်ဖြစ်သည်။

လေယာဉ်ပျံ[ပြင်​ဆင်​ရန်​]

လေယာဉ်ပျံဆောက်လုပ်ရေးကို ရိုက်ညီအစ်ကိုနှစ် ယောက်တို့က စတင်၍ စဉ်းစားခဲ့ကြပြီးလျှင် လေယာဉ်ပျံကို မောင်းနှင်မည့် စက်နှင့် လေယာဉ်ပျံကို မလူးစေမည့် နည်းများကိုလည်း ရှာဖွေခဲ့ကြသည်။ သူတို့သည် ဂလိုက်ဒါခေါ် စက်မဲ့လေယာဉ်ပျံကို စီးဖူးကြသည့် ဂျာမန်လူမျိုး လီလီယင်သဲအကြောင်းကို ကြားဖူးကြ၏။ အလားတူ စက်မဲ့လေယာဉ်ပျံများ ကို လေပေါ်တွင်ပျံဝဲ၍ပြသော အမေရိကန်လူမျိုး အော့တေ့ရှနုအကြောင်းကို လည်း ကြားဖူးကြသည်။ ရိုက် ညီအစ်ကိုနှစ်ယောက်တို့သည် လေယာဉ်ပျံတစ်စင်းကို စက် တပ်ဆင်၍ မောင်းနှင်ခဲ့ဖူးသော ဆယ်မျူယယ်ပီးယားပွန့်လန်းဂလေး အကြောင်းကိုလည်း သိခဲ့ကြသည်။ လန်းဂလေးသည် လေယာဉ်ပျံတွင် ရေ နွေးငွေ့နှင့်မောင်းနှင်သော အင်ဂျင်စက်တစ်ခုကိုတပ်ဆင်၍ လေထဲတွင် ပျံ သန်းကြည့်ခဲ့သည်။ ခရစ် ၁၈၉၆ ခုနှစ်တွင် သူ၏လေယာဉ်ပျံသည် တစ်မိနစ်ခွဲခန့် လေထဲတွင် ပျံဝဲနိုင်ခဲ့ပြီးနောက် ထို့ထက်ကောင်းအောင် ဠကံ စည်ပြုပြင်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ ရိုက် ညီအစ်ကိုနှစ်ယောက်သည် စက်မဲ့လေယာဉ်ပျံနှင့် လေထဲ တွင်ဝဲ၍ ကြည့်ခဲ့ကြရာမှ လေယာဉ်ပျံငြိမ်သက်စွာ ဝဲပျံနိုင်ရန်အတွက် မှန် မှန်တိုက်ခတ်နေသော လေကိုတွေ့ရှိရန် အရေးကြီးကြောင်းကို သိခဲ့ကြသည်။ သူတို့သည် စက်မဲ့လေယာဉ်ပျံဖြင့် ဝဲ၍ကြည့်ကြရုံနှင့် စိတ်မကျေနပ်ကြ သဖြင့် ထိုလေယာဉ်ပျံတွင် စက်တပ်ဆင်ရန် ကြံစည်စိတ်ကူးကြလေသည်။ လေယာဉ်ပျံစက်ကို သူတို့ကိုယ်တိုင် ကြံစည်တီထွင်၍ လေယာဉ်ပျံတွင် တပ်ဆင်ကြသည်။ သူတို့ပြုလုပ်သော တစ်ယောက်စီး လေယာဉ်ပျံမှာ စက် တပ်ဆင်လိုက်သောအခါ ပေါင် ၈ဝဝ မျှလေးသည်။ သို့ရာတွင် လေယာဉ် ပျံစက်ကို နှိုး၍ မောင်းနှင်ကြည့်သောအခါ အောင်မြင်သည်ကို တွေ့ကြရ လေသည်။ ရိုက် ညီအစ်ကိုနှစ်ယောက် စက်တပ်လေယာဉ်ပျံကို မောင်းနှင်ခဲ့ သည့်အချိန်မှစ၍ လေယာပျံတွင် ပါဝင်သောအစိတ်အပိုင်းများကို သူတစ်မျိုး ငါတစ်ဖုံ တဖြည်းဖြည်း တိုးတက်ပြုပြင်လာခဲ့ကြသည်။ ၁၉ဝ၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံပေါ်၌ ပထမဦးဆုံး စက်တပ်လေယာဉ်ပျံ ပျံသန်းခဲ့သည်။ ၁၉ဝ၉ ခုနှစ်တွင် လူဝီဗလေးရီးယိုးဆိုသူသည် လေယာဉ်ပျံဖြင့် အဂ‡လိပ် ရေလက်ကြားကို ဖြတ်ကျော်ခဲ့သည်။

နောက်တစ်နှစ်တွင် ဂလင်းကားတစ်ဆိုသူက လေယာဉ်ပျံဖြင့် နယူးယော့မြို့မှ အော်လဗာနီမြို့သို့ နှစ်နာရီ ၄၆ မိနစ်နှင့် အရောက်ပျံသန်းနိုင်ခဲ့သည်။ ထို အခါမှစ၍ သိပ္ပံပညာရှင်တို့သည် သာလွန်ကောင်းမွန်သော ယေယာဉ်ပျံများ ကို ကြံစည်တီထွင်လာခဲ့ကြရာ ယနေ့တိုင်အောင် ကြံစည်ဆဲပင်ဖြစ်ပေသည်။ ၁၉၁၄ ခုနှစ်၌ ဖြစ်ပွားလာသော ပထမကမ္ဘာစစ်ကြီးအတွင်းတွင် လေယာဉ်ပျံများ အသုံးဝင်ပုံကို နိုင်ငံအများက သိ၍လာကြသည်။ လေ ယာဉ်ပျံဖြင့် ရန်သူ၏ တိုင်းနိုင်ငံပေါ်သို့ ပျံသန်း၍ လွယ်ကူစွာ ဗုံးကြဲနိုင်၊ ဓာတ်ပုံရိုက်နိုင်ခဲ့ကြသည်။ သို့ရာတွင် စစ်တိုက်ချိန်တွင်သာ လေယာဉ်ပျံ အမျိုးမျိုးကို နိုင်ငံအသီးသီးတွင် တီထွင်အသုံးပြုခဲ့ကြသည်မဟုတ်ပေ။ စစ် ပြီးချိန်တွင်လည်း လေယာဉ်ပျံများကို ကူးသန်းသွားလာရေး၊ သယ်ယူပို့ ဆောင်ရေးတို့အတွက် အသုံးပြုနိုင်ကြပေသည်။ လေယာဉ်ပျံများ အရေးပါအရာရောက်ကြောင်းကို သိလာကြသော အခါ နိုင်ငံကြီးတိုင်းလိုလိုကပင် လေယာဉ်ပျံမောင်းနှင်ပျံသန်းရေးကို အား ပေးလာခဲ့ကြသည်။ ကမ္ဘာ့စံချိန်မီအောင် ပျံသန်းနိုင်သူတို့အား ဆုလာဘ်များ စွာ ပေးကမ်းချီးမြှင့်လေ့ ရှိကြလေသည်။ လန်ဒန်မြို့မှ မိုင်ပေါင်း ၁၁၅ဝဝ ဝေးကွာသော ဩစတြေးလီးယားနိုင်ငံသို့တိုင်အောင် လေယာဉ်ပျံဖြင့် ပျံသန်း နိုင်သူ ပေါ်လာသည်။


၁၉၁၉ ခုနှစ်တွင် အမေရိကန်ရေတပ်မှ လက်ဖတင်နင်ကွန်မန်း ဒါး(ဗိုလ်မှူး) အေ-စီရိသည် အမေရိကန်မှ ပေါ်တူဂီနိုင်ငံသို့ အောင်မြင်စွာ ပျံသန်းခြင်းဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို ပထမဦးစွာ ဖြတ်ကျော်နိုင်ခဲ့ သည်။ နောက်တစ်လ မကြာမီပင် ဗြိတိသျှလေသူရဲကပ္ပတိန်နှင့် ဂျွန်အဲလ ကော့က တစ်ဖန် အဖော်တစ်ဦးနှင့်အတူ နျူးဖောင်းလန်းကျွန်းမှ အိုင်ယာ လန်သို့ ပျံသန်းခြင်ဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဒုတိယအကြိမ် ကျော်ဖြတ် ပြန်သည်။ ထို့နောက် ၁၉၂၇ ခုနှစ်တွင် တစ်ဖန် ချားအော်ဂစ်စတတ် လင်းဗတ်ဆိုသူ အမေရိကန်လေသူရဲတစ်ဦးက နယူးယော့မြို့မှ ပါရစ်မြို့တော် သို့ လေယာဉ်ပျံဖြင့် တစ်ဦးတည်း ပျံသန်းနိုင်ခဲ့လေသည်။

နှစ်ဆယ်ရာစုနှစ်သို့ ရောက်လာသောအခါ လေယာဉ်ပျံတို့သည် ကောင်းကင်ပြင်၌ ဘေးဥပဒ်ကင်းစွာနှင့် ပျံသန်းနိုင်လာကြပေပြီ။ ၁၉၁၈ ခုနှစ်တွင် လန်ဒန်နှင့် ပါရစ်မြို့သို့ခရီးသည်များကို လေယာဉ်ပျံဖြင့် သယ် ယူပို့ဆောင်ပေးသော လုပ်ငန်းကို တည်ထောင်ခဲ့သည်။ ထိုနှစ်၌ပင် အမေရိ ကန်ပြည်ထောင်စု စာပို့တိုက်ဘက်ဆိုင်ရာ အာဏာပိုင်တို့က ချောစာများကို နယူးယော့မြို့နှင့် ဝါရှင်တန်မြို့များအကြားတွင် လေယာဉ်ပျံဖြင့် သယ်ယူစေ ခဲ့လေသည်။ ထိုနောက် ၁၉၂၆ ခုနှစ်မှစ၍ လေယာဉ်ပျံဖြင့် ကုန်စည်နှင့် ခရီးသည်တင်ဆောင်ရေးလုပ်ငန်းကို နိုင်ငံကြီးများရှိ ကုမ္ပဏီများက စတင် ပြုလုပ်လာခဲ့ကြလေသည်။


ကုန်စည်နှင့် လူများကိုတင်ဆောင်သော လေယာဉ်ပျံများသည် အစပထမ၌ စစ်အတွင်းက အသုံးပြုသော စစ်လေယာဉ်ပျံများသာ ဖြစ်ကြ သဖြင့် ခရီးသည်တို့သည် ညင်သာစွာနှင့် ခရီးမသွားနိုင်ခဲ့ကြချေ။ လေ ကြောင်းကုမ္ပဏီများ ပေါ်ပေါက်လာသောအခါတွင်မှ ခရီးသည်တို့အတွက် ညင်သာစေသော ထိုင်ခုံများကို လေယာဉ်ပျံများတွင် တပ်ဆင်လာခဲ့ကြပေ သည်။ စက်များကိုလည်း လမ်းခရီးတွင် မပျက်စီးအောင် တိုးတက်ပြုပြင် လာကြသဖြင့် လေယာဉ်ပျံဖြင့် ခရီးသွားလိုသူ ဦးရေလည်း တစ်စတစ်စ များပြားလာလေသည်။ လေကြောင်းခရီး ပေါ်ပေါက်လာပြီးနောက် မကြာမီပင် အတိုင်း တိုင်းအပြည်ပြည်ရှိ မြို့ပြများတွင် လေယာဉ်ပျံကွင်းများကို ပြုလုပ်ထားကြရ လေသည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်များတွင် အနည်းဆုံး အင်ဂျင်စက် နှစ်လုံး ပါရှိရပေသည်။ သို့မှသာ အကယ်၍ လေယာဉ်ပျံ ပျံသန်းနေခိုက် စက်တစ်လုံးပျက်စီးသွားပါက ကျန်စက်တစ်လုံးဖြင့် နီးရာလေယာဉ်ပျံကွင်း သို့ သက်ဆင်းနိုင်မည်ဖြစ်ပေသည်။ လေယာဉ်ပျံ၏ ကိုယ်ထည်ကိုလည်း ကျနကောင်းမွန်သေသပ်စွာ ဆောက်လုပ်ထားရသည့်ပြင် ကျွမ်းကျင်သော လေယာဉ်ပျံမောင်းသမားများကလည်း လေယာဉ်ပျံဆင်းရာ တက်ရာနှင့် ပျံသန်းရာတွင် ဘေးဥပဒ်နှင့် မကြုံကြိုက်ရန် အထူးသတိပြုကြသဖြင့် လေ ယာဉ်ခရီးမှာ ယခုအခါ ခရီးသည်များအတွက် အကောင်းဆုံးခရီးဖြစ်သည်ဟု ပင် ပြောဆိုနိုင်သလောက်ဖြစ်ပေသည်။


ကုန်းပေါ် တက်နိုင်ဆင်းနိုင်သော လေယာဉ်ပျံများတည်ဆောက်မှု တိုးတက်လာသည်နှင့်အမျှ ရေထဲ၌ တက်နိုင် ဆင်းနိုင်သော ရေယာဉ်ပျံများ တည်ဆောက်မှုကလည်း တစ်ဖက်တွင် တိုးတက်လျက်ရှိပေသည်။ ပထမ ကမ္ဘာစစ်မဖြစ်မီကပင် ရေယာဉ်ပျံတည်ဆောက်မှုသည် တစ်ဟုန်ထိုး တိုး တက်လာခဲ့ပေသည်။ လှိုင်းထန်သော ပင်လယ်ရေပြင်ပေါ်၌ နာရီပေါင်း များစွာ ရပ်နားနိုင်၍ လေထဲ၌ အချိန်ကြာမြင့်စွာ ဝဲပျံနိုင်သော ရေယာဉ် ပျံများကို တည်ဆောက်နိုင်လာကြသည်။ ဗြတိသျှနှင့် အမေရိကန်တို့၏ တိုက်ရေယာဉ်ပျံများသည် အမြင့်ကြီးမှ ပျံသန်းလျက်ရေအောက်၌ ငုပ်လျှိုး နေသော ဂျာမန်ရေငုပ်သင်္ဘောများကို အကြိမ်ပေါင်းများစွာ ရှာဖွေတွေ့ရှိ သတင်းပို့နိုင်ခဲ့ကြပေသည်။


ပထမ ကမ္ဘာစစ်ပြီးသွားသောအခါ ကမ္ဘာ့လေကြောင်းကုမ္ပဏီ အချို့က ခရီးသည်တင်ဆောင်ရေးအတွက် ရေယာဉ်ပျံများကို အသုံးပြုလာ ကြသည်။ ၁၉၃ဝ ပြည့်နှစ်တခို၌ ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် အမြန်ဆုံး လေယာဉ်များမှာ ရေယာဉ်ပျံများပင်ဖြစ်လေသည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာချိန်မှစ၍ ကုန်းတွင်းလေ ယာဉ်စခန်းများနှင့် လေယာဉ်တင်သင်္ဘောများ တည်ဆောက်လာနိုင်ခြင်းတို့ ကြောင့် ရေယာဉ်ပျံများကို တစ်စတစ်စ အသုံးနည်းလာကြပြီးလျှင် လေ ယာဉ်ပျံများကို လေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ပိုမိုတွင်ကျယ်စွာ အသုံးများလာကြပေသည်။


၁၉၃၆ ခုနှစ်မှစ၍ လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အသုံး ပြုသော လေယာဉ်ပျံများမှာ များသေားအားဖြင့် ဒေါက်ဂလတ်ဒီစိ-၃ အမျိုး အစားဖြစ်ကြသည်။ ထိုလေယာဉ်ပျံများသည် ၁၂ တန်အလေးချိန်ရှိ၍ ခရီး သည် ၂၁ ယောက်နှင့် လေယာဉ်ပျံကြီးကြပ်သူသုံးဦးကို တင်ဆောင်နိုင်ခဲ့ သည်။ ညဉ့်အိပ်ခရီးသွားသည့် လေယာဉ်ပျံများတွင် ခရီးသည် ၁၄ ဦး အိပ်လိုက်နိုင်သော နေရာပါရှိသည်။ မြင်းကောင်ရေ ၁၁ဝဝ အားရှိသော အင်ဂျင်စက်နှစ်လုံး တပ်ဆင်ထားသဖြင့် လေယာဉ်ပျံသည် တစ်နာရီလျှင် မိုင် ၁၉ဝ နှုန်းခန့်နှင့် ပျံသန်းနိုင်လေသည်။


၁၉၄ဝ ပြည့်နှစ်တွင် လေကြာင်းသယ်ယူပို့ဆောင်ရေးအတွက် စထရေတိုလိုင်းနာခေါ် လေယာဉ်ပျံတစ်မျိုး ပေါ်ပေါက်လာသည်။ မြင်း ကောင်ရေ ၁၁ဝဝ အားရှိသော အင်ဂျင်စက်လေးလုံး တပ်ဆင်ထား၍ ခရီး သည် ၃၈ ယောက်ကို အမြင့်ပေပေါင်း ၂ဝဝဝဝ မှ တစ်နာရီလျှင် မိုင် ၂၂ဝ နှုန်းဖြင့် ပျံသန်းတင်ဆောင်နိုင်သည်။ ထိုလေယာဉ်ပျံတွင် ခရီးသည် များအတွက် အောက်ဆီဂျင်ဓာတ်ငွေ့များလည်း ယူဆောင်ပါရှိလေသည်။ ထို့နောက်တွင်မူ လော့ဟိ-ကွန်စတယ်လေးရှင်းကဲ့သို့သော ခရီး သည် ၆၄ယောက်ကို တင်ဆောင်နိုင်သည့် လေယာဉ်ပျံမျိုး ပေါ်ပေါက်လာ ခဲ့လေသည်။ ထိုလေယာဉ်ပျံများသည် အမြင့်ပေပေါင်း ၂ဝဝဝဝ မှ တစ်နာရီ လျှင် မိုင် ၃ဝဝ နှုန်းဖြင့် မိုင်ပေါင်း ၃ဝဝဝ ကို မရပ်မနားပျံသန်းနိုင်သည်။ ထိုလေယာဉ်ပျံမျိုးသည် လေမိုးပြင်းထန်သည့်တိုင်အောင် ခံနိုင်ရည်ရှိသည်။ လေယာဉ်ပျံ ပျံသန်းရေးအတွက် မိုးလေဝသအခြေအနေသည် အလွန်အရေးကြီးသည့်အတိုင်း နိုင်ငံတိုင်းတွင်ရှိသော မိုးလေဝသဌာနများမှာ အလွန်ပင်အားကိုးရလေသည်။ ထိုဌာနများမှ ဝိုင်ယာလက်ဖြင့် လေယာဉ်ပျံ များကို သက်ဆိုင်ရာ နိုင်ငံများ၏ မိုးလေဝသအခြေအနေများကို ပေးပို့ကြရ သည်။ လေယာဉ်ပျံကွင်းတိုင်းတွင်လည်း လေကြောင်းတိုင်းတာသော ဌာန များကို ဖွင့်လှစ်ထားကြရလေသည်။

လေယာဉ်ပျံ ပျံဝဲခြင်း[ပြင်​ဆင်​ရန်​]

လေယာဉ်ပျံလေထဲတွင် ပျံဝဲနိုင်ခြင်းမှာ တောင်ပံများကိုလေ၏ ဖိအားက တွန်းကန်ထားခြင်းကြောင့် ဖြစ်သည်ဟုဆိုရုံနှင့် ကျေနပ်လောက် သောအဖြေဟု မဆိုနိုင်ပေ။ လေယာဉ်ပျံတွင် ပန်ကာ၊ ပန်ကာကို လည်စေ သော စက်နှင့် အတောင်လောက်သာပါလျှင် လေယာဉ်ပျံသည် ကြိုးပြတ် သွားသော စွန်ကဲ့သို့ ယိမ်းထိုနေပေလိမ့်မည်။ ထိုအတွက် လေယာဉ်ပျံကို ငြိမ်သက်အောင်ထိန်းပေးနိုင်ရန် အခြားကိရိယာများကို တပ်ဆင်ပေးရန် လို ပေသည်။ ထို့ပြင် လေယာဉ်ပျံသည် လှေ သဘေ‡ာကဲ့သို့ ဘယ်၊ ညာ လောက်ကိုသာ ကွေ့ရသည်မဟုတ်။ အပေါ်နှင့်အောက်သို့လည်း လိုသလို တက်နိုင် ဆင်းနိုင်ရန်လိုသဖြင့် အတက်အဆင်းကို ထိန်းပေးသည့် ပဲ့တစ် မျိုးရှိရန်လည်း လိုအပ်ပေသေးသည်။ အင်ဂျင်စက်နှင့် လေယာဉ်ပျံမောင်းသမားများရှိသောအခန်းကို ငုံ ထားသည့် လေယာဉ်ကိုယ်ထည်ကို အမြီးတိုင်အောင်ရှည်ထွက်စေ၍ အမြီးရှိ တောင်ပံကလေးတွင် အထက်အောက်လှုပ်ရှားနိုင်သော အလှဲလိုက်ပဲ့တက်မ နှစ်ခု တပ်ဆင်ထားသည်။ ထိုပဲ့ကို အယ်လီဗေတာ (လေယာဉ်ပျံ အတက် အဆင်း)ဟုခေါ်သည်။


လေယာဉ်မောင်းသမားသည် လေယာဉ်ပျံကို အပေါ်ဘက်သို့ ပျံ တက်စေလိုသောအခါ လေယာဉ်ပျံအတက်အဆင်းပဲ့ကို ထိန်းထားသည့် မောင်းတံကို နောက်သို့ဆွဲလိုက်ရသည်။ ထိုကဲ့သို့ ဆွဲလိုက်သောအခါ ပဲ့ သည်အပေါ်ဘက်သို့ ထောင်တက်လာ၍ လေက ထိုပဲ့၏မျက်နှာပြင်ကို ဖိနှိပ်ဖြင့် လေယာဉ်ပျံ၏အမြီးသည် အောက်သို့စိုက်သွားကာ လေယာဉ်ပျံ ရှေ့ပိုုင်းသည် အပေါ်ဘက်သို့ ထောင်၍တက်သွားလေသည်။ လေယာဉ်ပျံကို အောက်ဘက်သို့ ဆင်းစေလိုသောအခါ အဆင်းပဲ့ထိန်းမောင်းတံကို ရှေ့သို့ တွန်းလိုက်ရသည်။ ထိုအခါ ပဲ့သည် အောက်ဘက်သို့ စိုက်ကျလာသဖြင့် အမြီးပိုင်းသည် အပေါ်သို့ထောင်တက်ကာ လေယာဉ်ပျံ၏ဦးပိုင်းက အောက် ဘက်သို့ စိုက်ဆင်းသွားလေသည်။ လေယာဉ်ပျံ ပျံသန်းနေစဉ် လေယာဉ်ပျံ မလူးအောင်လည်း စီမံ ပေးရသည်။ ထိုအတွက် လေယာဉ်ပျံအမြီးပေါ်တွင် ဆူးတောင်တစ်ခုကို ထောင်လိုက်တပ်ဆင်ထားရသည်။ ဆူးတောင်က လေယာဉ်ပျံကို ဘယ် ညာ မလူးအောင် ထိန်းပေး၍ ဆူးတောင်အောက်တွင်ရှိသော အမြီးတောင်ပံက လေ ယာဉ်ပျံကို ထက်အောက်မတိမ်းအောင် ထိန်းပေးလေသည်။ ဆူးတောင် ၏ နောက့်ဘက်တွင် လေယာဉ်ပျံကို ဘယ်ညာပဲ့ကိုင်ပေးသော တက်မ တပ်ဆင်ထားသည်။ လေယာဉ်ပျံမောင်းသမားသည် ထိုပဲ့ကို ဘယ် ညာ လှည့်လိုသောအခါ ပဲ့ထိန်းခလုတ်များကို ခြေနှင့်နင်းပေးရသည်။ လေယာဉ်ပျံကို ဘယ်ညာကွေ့လိုသောအခါ ပဲ့ကိုလှည့်ပေးရုံနှင့် မပြီးသေးချေ။ မီးရထားလမ်းကွေ့များကိုကြည့်လျှင် မီးရထားအပြင်ဘက် သံလမ်းကို အတွင်းဘက်သံလမ်းထက် မြင့်အောင်ပြုလုပ်ထားသည်ကို သတိ ထားမိကြပေမည်။ မီးရထားသည် အတွင်းဘက်သို့ ကန်ထွက်သောအားကို တွန်းလှန်နိုင်သည်။ ထိုနည်းတူစွာ လေယာဉ်ပျံသည်လည်းကွေ့ရာ၌ အပြင် ဘက်သို့ တွန်းကန်သောအားကို တွန်းလှန်ရပေသည်။ ထိုကဲ့သို့လုပ်ရန် လေယာဉ်ပျံ၏ တောင်ပံတွင် အေလိရွန်တက်မ (မကွေ့ထိန်းများ) တပ်ဆင် ထားရသည်။ လေယာဉ်ပျံသည် ဘယ်ဘက်သို့ကွေ့လိုသောအခါ ဘယ် တောင်ပံတွင်ရှိသော တက်မကို အပေါ်သို့ထောင်ပေး၍ ညာတောင်ပံရှိတက်မ ကို အောက်စိုက်ပေးရလေသည်။


လေယာဉ်ပျံတွင် တပ်ဆင်ထားသော တက်ကိုမီတာခေါ် ကိရိယာ က အင်ဂျင်စက် မည်သို့ခုတ်မောင်းနေပုံ အခြေအနေကိုပြ၍ အင်ဂျင်စက် တွင် တပ်ဆင်ထားသော အပူချိန်တိုင်းပြဒါးတိုင်က အင်ဂျင်စက်၏ အပူ ချိန်ကိုပြသည်။ ဖိအားတိုင်းကိရိယာက ပါရှိသောဓာတ်ဆီ၏ဖိအားဖြင့် လေ ယာဉ်ပျံဆက်လက် ပျံသန်းနိုင် မနိုင်ကို ဖော်ပြပြီးလျှင် ဓာတ်ဆီတိုင်း ကိရိယာက လေယာဉ်ပျံတွင် ဓာတ်ဆီမည်မျှရှိကြောင်းကို ဖော်ပြသည်။ လေ ယာဉ်ပျံ၏ အသွားနှုန်းကို အသွားနှုန်းတိုင်း ကိရိယာကဖော်ပြသည်။ အော လတီမီတာခေါ် အမြင့်တိုင်းကိရိယာက ရေမျက်နှာပြင်မှ လေယာဉ်ပျံ၏ အမြင့်ကို ပေဖြင့်ဖော်ပြသည်။ မည်သို့ပျံသန်းနေပုံ အခြေအနေကိုပြသည့် အခြားကိရိယာများလည်း ရှိသေးသည်။


လေယာဉ်ပျံကို အမြဲပြင်ဆင်၍ထားခြင်း[ပြင်​ဆင်​ရန်​]

လေယာဉ်ပျံသည် လေယာဉ်ပျံကွင်းတစ်ကွင်းသို့ ဆင်းသက်လျှင် ထိုကွင်းတွင်ရှိသော စက်ဆရာတို့က လေယာဉ်ပျံကိုကြည့်ရှုစစ်ဆေး၍ အနည်းငယ်မျှသော ချို့ယွင်းချက်များကိုပင် ပြင်ဆင်ကြရလေသည်။ လေ ယာဉ်ပျံများသည် နာရီပေါင်း ၃ဝဝ ခန့်ပျံသန်းပြီးတိုင်း စက်ဆရာတို့က လေယာဉ်ပျံ၏ အစိတ်အပိုင်းများကို စစ်ဆေး၍ ချို့ယွင်းချက်ဟူသမျှကို ပြင် ဆင်ကြရသည်။ စက်ပြင်ဆရာတို့သည် လေယာဉ်ပျံ၏စက်များ တောင်ပံများ ကိုဖယ်၍ ကိုယ်ထည်ကို ဖြုတ်ပြီးလျှင် ပိုက်စိပ်တိုက်ကာ ချို့ယွင်းချက် များကို ရှာဖွေပြီးပြင်ဆင်ကြရလေသည်။ လေယာဉ်ပျံမောင်းသမားသည် လေကြောင်းအတတ်သင်တက္က သိုလ်၌ ပညာသင်ကြားရပြီးနောက် ပြည်သူ့လေကြောင်း သယ်ယူပို့ဆောင် ရေးအဖွဲ့မှ ထုတ်ပေးသည့် လိုင်စင်လက်မှတ်ကို ရရှိပြီးမှသာ လေယာဉ်ပျံကို မောင်းခွင့်ရနိုင်လေသည်။


အနာဂတ် လေယာဉ်ပျံများ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ဗုံးကြဲလေယာဉ်ပျံအချို့သည် အလွန်မြင့်စွာ ပျံသန်းလျက် လေထု၏ အထက်ပိုင်းတွင်ရှိသော စထရေတို စဖီးယားခေါ် အထက်ပိုင်းလေထပ်အကြောင်းကို လေ့လာနိုင်ခဲ့ကြလေသည်။ လေယာဉ်ပျံပေါ်စအခါက အောက်ပိုင်းလေထပ်အကြောင်းကိုသာလျှင် သိနိုင် ခဲ့ကြသည်။ စထရေတိုစဖီးယား အထပ်၏သဘောကို သိခြင်းဖြင့် လေယာဉ် တစ်မျိုး ဖြစ်ပေါ်လာစေရန် ကြံစည်နိုင်ကြလိမ့်မည်ဟု တွေးထင်နိုင်ပေသည်။ လေယာဉ်ပျံများကိုလည်း အဖိုးနှုန်းချိုသာသော ပစ္စည်းများဖြင့် ဆောက်လုပ် နိုင်ရန် ကြံစည်ကြလိမ့်မည်ဟုယူဆရရာ နောင်သော် လေယာဉ်ပျံ၏ တန်ဖိုး သည် မော်တော်ကားတန်ဖိုးလောက်သာ ဖြစ်ကောင်းဖြစ်လာနိုင်စရာ အကြောင်းရှိပေသည်။ ယခုခေတ်တွင် ကြီးမားသောလေယာဉ်ပျံကြီးများကို ဆောက်လုပ် နိုင်ပြီဖြစ်၍ လေယာဉ်ပျံ၏ အသွားနှုန်းကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် မြှင့် တင်နိုင်ခဲ့ကြပြီး သိပ္ပံပညာရှင်များသည် လေယာဉ်ခရီးနှင့်စပ်လျဉ်း၍ အစဉ် အမြဲ စိတ်ကူးဉာာဏ်ထုတ်နေကြသဖြင့် နောင်ကာလတွင် ယခုအခါ၌ မမြင် မတွေ့ကြရသေးသောလေယာဉ်များ ပေါ်ပေါက်လာစရာအကြောင်းရှိပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးကာလတွင် တိုးတက်လာသော တီထွင်ချက်များအနက် ဂျက်၊ ဟယ်လီကော့ပတားနှင့် မောင်းသူမပါဘဲ ပျံသန်းနိုင်သော ရေဒီယိုထိန်း လေယာဉ်ပျံများသည် အလွန်ထူးခြားသော တိုးတက်မှုများပင်ဖြစ်သည်။ အထူးသဖြင့် ဂျက်လေယာဥပျံမှာ လေကြောင်း သမိုင်းကို တစ်မျိုးတစ်ဖုံ တိုးတက်ပြောင်းလဲနိုင်စေမည့် အလားအလာရှိ ပေသည်။


ဂျက်လေယာဉ်ပျံကို ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန်နီးကာလမှစ၍ အောင်မြင်စွာ စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ စစ်အတွင်းတွင် ခရီးဝေးကို အမြန်ပျံသန်းနိုင်သော လေယာဉ်ပျံမျိုးဖြစ်မြောက်ရေးအတွက် ကြံစည်ခဲ့ရာမှ ဂျက်လေယာဉ်ပျံကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ အလွန်မြန်လှသည်ဟုဆိုရ သော စစ်လေယာဉ်ပျံတို့၏ အသွားနှုန်းမှာ တစ်နာရီလျှင် မိုင် ၃ဝဝ နှင့် ၄ဝဝ အကြားတွင်သာရှိသည်။ ဂျက်လေယာဉ်ပျံမှာမူ ထိုထက်ပင် လျင်မြန် သေးသည့်အတွက် ကမ္ဘာတွင် မြန်ဆုံးအမျိုးဖြစ်တော့သည်။ ဂျက်လေယာဉ်ပျံ၏ ထူးခြားချက်မှာ လက်ရှိအသုံးပြုနေကြသော ပန်ကာနှင့် အတွင်းမီး အင်ဂျင်စက်များ မပါခြင်းဖြစ်၏။ ထိုသို့ မပါခြင်း ကြောင့်ပင် လေယာဉ်ပျံသမိုင်းကို ပြောင်းလဲစေမည့် တီထွင်ချက်ဟု ယူဆရ ခြင်းဖြစ်ပေသည်။ ဂျက်လေယာဉ်ပျံတွင် အသုံးပြုသောစက်ကို ဂျက်စက်ဟူ၍ လည်းကောင်း၊ နောက်ပြန်ကန်စက်ဟူ၍လည်းကောင်း ခေါ်စမှတ်ပြုကြသည်။ ဂျက်လေယာဉ်ပျံစက်၏ ပြုမူပုံသဘောကို ဤသို့သိနိုင်ပေသည်။ လေမှုတ် သွင်ထားသော ပူဖောင်း၏ခေါင်းကို လက်မ၊ လက်ညိ|ုးတို့ဖြင့် ပိတ်ထား ပြီးနောက် ရုတ်တရက်လွှတ်လိုက်ပါက ပူဖောင်းသည် လေထွက်သည့်ဘက် မှ ဆန့်ကျင်ဖက်ဖြစ်သော အခြားဘက်သို့ လွင့်တက်သွားသည်ကို တွေ့ရ မည်။ အကယ်၍ ပူဖောင်းအတွင်းသို့ ဖိအားဖြင့် လေကို မပြတ်သွင်းပေး နိုင်မည်ဆိုပါက ပူဖောင်းသည် ရှေ့သို့ဆက်၍သွားပေမည်။ ထိုသဘောပေါ် တွင် အခြေပြု၍ ဂျက်လေယာဉ်ပျံကို တီထွင်ပြုလုပ်ထားခြင်းဖြစ်လေသည်။ ဂျက်စက်တွင်ရှေ့မှ လေကိုစုတ်သွင်းသောအပေါက်ရှိသည်။ ဝင် လာသောလေကို စက်အတွင်းရှေ့ပိုင်းရှိ ပန်ကာဖြင့် အတွင်းဘက်တွင်ရှိသော ပြွန်များအထဲသို့ ဖိသွင်းပေးသည်။ ထိုပြွန်များထဲသို့ အပေါက်ငယ်ကလေး များမှ လောင်စာ(ရေနံဆီ)ကို ပန်းသွင်းပေးထား၍ မီးခတ်ပလပ်ဖြင့် မီးရှို့ ပေးသည်။ မီးလောင်မှုကို အားပေးသည့် အောက်ဆီဂျင်ကို စက်ရှေ့မှ ဝင် လာသော လေမှရသည်။ မီးလောင်ရာမှ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ပူများ သည် စက်နောက်ဘက်ရှိ အပေါက်မှထွက်သွားသည်။ ဤသို့ထွက်သွားစဉ် နောက်ပိုင်း၌တပ်ထားသော ရဟတ်ကိုလည်စေသည်။ ဤရဟတ်နှင့် စက် ရှေ့ပိုင်းရှိ ပန်ကာတို့ကို ဝင်ရိုးတစ်ချောင်းတည်းဖြင့် ဆက်ထားသည်။ ထို့ ကြောင့် နောက်ပိုင်းရှိ ရဟတ်လည်သည့်အတိုင်း ရှေ့ပိုင်းရှိပန်ကာက လိုက် ပြီးလည်ရသည်။ စက်အတွင်းမီးလောင်ရာမှ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ပူ တို့သည် အဖက်ဖက်ကို ကန်လျက်ရှိရာ အခြားထွက်ပေါက်မရှိသည့်အတွက် နောက်ဘက်အပေါက်တစ်ခုတည်းမှ ကန်ပြီးထွက်သွားသည်။ ဤသို့ ကန်ပြီး ထွက်သွားမှုသည်ပင် ဂျက်စက်ကိုလည်းကောင်း၊ ဂျက်စက်တပ်ဆင်ထားသော လေယာဉ်ပျံကိုလည်းကောင်း ရှေ့သို့သွားအောင် တွန်းပေးခြင်းဖြစ်ပေသည်။ ဂျက်လေယာဉ်ပျံများမှာ အလွန်လျင်မြန်ရာ အသံ၏အသွားနှုန်း ထက် မြန်သည်အထိ စမ်းသပ်အောင်မြင်ခဲ့ပြီဟု ဆိုလေသည်။ (အသံ၏ အသွားနှုန်းမှာ တစ်နာရီလျှင် ၇၆၃ မိုင်မျှဖြစ်သည်။) ဂျက်လေယာဉ်ပျံ၏ အသွားနှုန်းသည် တစ်နေ့ထက်တစ်နေ့ တိုးလာဖွယ်ရာရှိသေးသည်။ သို့ရာ တွင် တစ်နာရီလျှင် မိုင် ၁၅ဝဝ လောက်အထိပေါက်အောင် လျင်မြန်လွန်း မည်ဆိုပါက လေယာဉ်ပျံကိုယ်ထည်နှင့် လေတို့၏ ပွတ်တိုက်မှုကြောင့် ဖြစ် ပေါ်လာမည့် အပူချိန်သည်လေယာဉ်ပျံနှင့် လိုက်ပါသူများအား အရှင်လတ် လတ် မီးကင်သတ်လောက်အောင် ပြင်းထန်လိမ့်မည်ဟု တွက်ချက်ရပေ သည်။


ဂျက်လေယာဉ်ပျံနှင့် ဆင်တူသော အခြားလေယာဉ်တစ်မျိုးမှာ ဒုံး စက်တပ်ထားသည့် ဒုံးပျံဖြစ်သည်။ ဂျက်စက်နှင့် ဒုံးစက်တို့၏ ခြားနား ချက်မှာ ဂျက်စက်တွင် အောက်ဆီဂျင်ကို လေထုမှရယူ၍ ဒုံးစက်တွင်မူ အောက်စီဂျင်ဘူးကို တစ်ပါတည်းတပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒုံး စက်သည် အောက်ဆီဂျင်ရရေးအတွက် လေထုကို အားကိုးရန် မလိုသည့် အတိုင်း လေထုအထက်ဘက် အလွန်မြင့်မားသောခရီး၌ပင် ဒုံးပျံများ ပျံ သန်းနိုင်စရာအကြောင်းရှိသည်။ အသွားနှုန်းမှာလည်း ဂျက်စက်ထက် အဆ ပေါင်းများစွာပို၍ လျင်မြန်နိုင်စရာရှိသည်။ သို့ရာတွင် သာမန်ကိစ္စများ အတွက် ထိုမျှမြင့်အောင် ပျံသန်းဖို့မလိုရကား အောက်စီဂျင်ကို သယ်ဆောင် ရသည့်အတွက် အလေးချိန်လည်းစီး၊ စရိတ်လည်းပိုကုန်သော ဒုံးပျံထက် ဂျက်လေယာဉ်ပျံ၌က ပို၍အကျိုးများပေသည်။ ၁၉၁၉ ခုနှစ်တွင် စပိန်နိုင်ငံ၌ စတင်ကြံစည်ခဲ့ရာမှ တဖြည်း ဖြည်းတိုးတက်လာသော အခြားလေယာဉ်ပျံတစ်မျိုးမှာ ဂျိုင်ရိုပလိန်း သို့ မဟုတ် ဟယ်လီကော့ပတားဟုခေါ်သော လေယာဉ်ပျံမျိုးဖြစ်သည်။ ဟယ်လီ ကော့ပတားသည် အခြားလေယာဉ်ပျံတို့ကဲ့သို့ လျင်မြန်စွာ ပျံသန်းနိုင်ခြင်း မရှိပေ။ သို့ရာတွင် လေထဲ၌ ရပ်တန့်နေနိုင်ခြင်း၊ အထက်အောက် တည့် တည့်မတ်မတ် တက်နိုင် ဆင်းနိုင်ခြင်း၊ သီးသန့်လေယာဉ်ပျံကွင်းဟူ၍ နေရာကျယ်ဝန်းစွာမလိုခြင်း စသည့်အချက်များတွင် ခြားလေယာဉ်ပျံမျိုးတို့ ထက် သာလွန်ထူးခြားသည်။ ထိုလေယာဉ်ပျံမျိုးကို ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက လူပျောက်ရှာဖွေခြင်း၊ စာပို့ခြင်း၊ ဆက်သားများပို့ခြင်း၊ စစ် သင်္ဘောများပေါ်တွင်ရပ်နား၍ ဆွေးနွေးမှုများပြုခြင်း၊ ကင်းထောက်ရန် ဆင်း သက်ခြင်း စသည့်ကိစ္စများအတွက် အသုံးပြုခဲ့သည်။ ဟယ်လီကော့ပတားလေယာဉ်ပျံတွင် တောင်ပံများမပါဘဲ တောင် ပံများအစား လေယာဉ်ပျံကိုယ်ထည်၏ အထက်ဘက်တွင် ကြီးမားသော ပန် ကာကြီးတစ်ခု တပ်ဆင်ထား၏။ ရှေ့ကိုသွားလိုသော် လေယာဉ်ပျံဦးတွင် တပ်ထားသောပန်ကာဖြင့်သွား၍ ခေတ်မီဟယ်လီကော့ပတားများတွင် ဤရှေ့ သွားပန်ကာပင် မရှိတော့ပေ။ နောင်သော် အလွန်စည်ကားသော မြို့ကြီးပြ ကြီးများရှိ အလုပ်တိုက်ခေါင်မိုးပေါ်၌ ဟယ်လီကော့ပတားဖြင့် ဆင်းသက် ခြင်း၊ ပျံတက်ခြင်းများကို ပြုလုလပ်နိုင်ခြင်းဖြင့် လူတို့၏ သွားလာလုပ်ကိုင် ရေးအတွက် များစွာအထောက်အပံ့ဖြစ်နိုင်စရာ အကြောင်းရှိပေသည်။ အီလက်ထရွန်နစ်သိပ္ပံပညာ တိုးတက်လာချိန်မှ အစပြု၍ တီထွင် ချက်အမျိုးမျိုး ပေါ်ပေါက်ခဲ့သည့်အနက် ဒုတိယကမ္ဘာစစ်အတွင်းက စမ်း သပ်အသုံးပြုခဲ့သော ရေဒီယိုထိန်း လေယာဉ်ပျံမျိုးမှာ အံ့ဩလောက်သော ထူးခြားချက်ပင်ဖြစ်သည်။ ရေဒီယိုထိန်း လေယာဉ်ပျံသည် မောင်းသူမပါဘဲ ပျံသန်းခြင်း၊ ဂျွမ်းထိုးခြင်း၊ ဆင်းသက်ခြင်းများကို ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက် လေယာဉ်ပျံကို မြေပြင်မှနေ၍ ရေဒီယိုစက်ဖြင့် ထိန်း ၍ပေးရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီတို့ကစတင်၍ တိုက်လေ ယာဉ်ပျံများအဖြစ် အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ထိရောက်ခြင်းမရှိလှချေ။ ထို့အပြင် ဂလိုက်ဒါယာဉ်ခေါ်စက်မဲ့လေယာဉ်များ


ဝန်တင်လေယာဉ်ပျံများ၊ ကိုယ်လုံးမပါသော တောင်ပံလေယာဉ်ပျံများကို လည်း ဒုတိယကမ္ဘာစစ်အတွင်းက အောင်မြင်စွာတီထွင်အသုံးပြုနိုင်ခဲ့လေရာ အနာဂတ်ကာလတွင် မည်မျှဆန်းပြားတိုးတက်ဦးမည်ကို ယခုအခါ မခန့်မှန်း နိုင်အောင်ပင်ဖြစ်လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The Best Ever Book of Questions and Answers.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)