မောင်းသူမဲ့လေယာဉ်

ဝီကီပီးဒီးယား မှ

မောင်းသူမဲ့ လေယာဉ် (အင်္ဂလိပ်: unmanned aerial vehicle) သည် အရပ်စကား ဒရုန်း (အင်္ဂလိပ်: drone) ဟူသောအမည်ဖြင့် လူသိများသော လေယာဉ်တမျိုးဖြစ်ပြီး ပိုင်းလော့ခေါ် လေယာဉ်မှူးမှ တက်မောင်းစရာ မလို။ ဒရုန်းများသည် မောင်းသူမဲ့လေယာဉ်စနစ်၏ တစိတ်တပိုင်းဖြစ်ပြီး ၎င်းနှင့်ဆက်သွယ်ရန် မြေပြင်ထိန်းချုပ်စက်နှင့် တွဲသုံးရသည်။ ယင်းသို့ ထိန်းချုပ်ရန်မူ လူသားစက်ကိုင်ကို သုံးသဖြင့် လေယာဉ်မောင်းအဝေးထိန်းလေယာဉ် (remotely-piloted aircraft) လည်း ခေါ်သည်။ သို့သော် ထိန်းသည်ဆိုခြင်းမှာလည်း အစားစားရှိပြီး လူက ကြားဝင်ထိန်းစရာမလိုသည့် အလွန်အဆင့်မြင့်သောအဆင့်များအထိ ရှိ၏။ [၁]

မူလက ၂၀ ရာစု စစ်ရေးစစ်ရာကိစ္စများတွင် လူမှာ အရေးပါသော စစ်ဘက်ပိုင်ဆိုင်မှုဖြစ်လာသဖြင့် လူသားတို့သွားရန် မသင့်သော အလင်းအားနည်း ညစ်ပတ်လွန်း အန္တရာယ်များသည့် နေရာများကို စေလွှတ်ရန် မျှော်မှန်းတီထွင်ခဲ့သည်။ [၂] နည်းပညာမြင့်လာပြီး ကုန်ကျစရိတ်ကျဆင်းလာခြင်းကြောင့် စစ်ဘက်မဟုတ်သောအသုံးများပါ ရှိလာသည်။ ယင်းတို့တွင် ဝေဟင်ဓာတ်ပုံပညာ၊ ထုတ်ကုန်ဖြန့်ဝေရေး၊ စိုက်ပျိုးရေး၊ ထောက်လှမ်းရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ အဆောက်အဦစစ်ဆေးရေး၊ သိပ္ပံ၊ မှောင်ခိုလုပ်ငန်းနှင့် ဒရုန်းပြိုင်ပွဲတို့အထိ ဖြစ်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Cary, Leslie; Coyne, James. "ICAO Unmanned Aircraft Systems (UAS), Circular 328 Archived 4 March 2016 at the Wayback Machine.". 2011-2012 UAS Yearbook - UAS: The Global Perspective (PDF). Blyenburgh & Co. pp. 112–115.
  2. Tice, Brian P. (Spring 1991). "Unmanned Aerial Vehicles – The Force Multiplier of the 1990s". Airpower Journal. Archived from the original on 24 July 2009. Retrieved 6 June 2013. When used, UAVs should generally perform missions characterized by the three Ds: dull, dirty, and dangerous.
  3. "Drones smuggling porn, drugs to inmates around the world". 17 April 2017.