ဂျက်လေယာဉ်

ဝီကီပီးဒီးယား မှ
McDonnell Douglas DC-10 of Continental Airlines is an example of a Trijet configuration
Boeing 707
The Concorde was the longest running commercial SST providing service from 1976 to 2003

ဂျက်လေယာဉ် သည် နယူတန်၏ စွမ်းအင်ဆိုင်ရာ ဥပဒေအရ တွန်းကန်မှုနှင့် တုံ့ပြန်မှုသည် အင်အားခြင်းညီသည်ဟူသော ကောက်ချက်ကိုမှီ၍ နောက်ဖက်သို့ ဓာတ်တွေ တွန်းထုတ်ခြင်းဖြင့် ရှေ့သို့ရွေ့လျားစေသော စက်မျိုးဖြင့် ပျံသန်းသော လေယာဉ်ဖြစ်သည်။ ဂျက်စက်မှာ ပြွန်ခေါင်းသဖွယ်ဖြစ်၍ တစ်ဖက်စွန်းလောင်စာကို အရှိန်မပြတ် ရှို့မြိုက်၍ ဓာတ်ငွေ့ကို တစ်ဖက်စွန်းမှ ကန်ထုတ်လေသည်။ လေကို စုတ်ယူ၍ ဖိနှိပ်အားဖြင့် ဖိ၍ ပေါက်လောင်ခန်းသို့ သွင်းကာ၊ လောင်စာကိုသွင်း၍ ပေါက်လောင်စေကာ ဓာတ်တွေကန်ထွက်စေခြင်းဖြင့် ၁၉၃၀-ပြည့်နှစ်တွင် ဝှစ်တဲက တီထွင်၍ မှတ်ပုံတင်ပြီး၊ ဂျာမန် ဟိန်ကဲလ်ဂျက်ဖြင့် ၁၉၃၉-ခုနှစ်တွင် စတင်ပျံသန်းကာ ဗြိတိသျှ ဂလွိုက်စတာကို ဝှစ်တဲစက်ဖြင့် ၁၉၄၁-ခုနှစ်၌ ပျံသန်းစေသည်။ ဂျက်လေယာဉ်သည် ရိုးရိုးလေယာဉ်ထက် လျင်မြန်၍ ပန်ကာလည်း မပါချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂျက်လေယာဉ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။