ရေဒါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရုရှားလုပ် 1L117M ရေဒါ (ဓါတ်ပုံ - www.lemz.ru)

ရေဒါ ဆိုသည်မှာ လှျပ်စစ်သံလိုက် လှိုင်းကို အသုံးပြု၍ လေယာဉ်၊ သင်္ဘော စသည့် ရွေ့လျားနေသော အရာဝတ္တုများသာမက မြေမျက်နှာသွင်ပြင် ၊ (ရေနံ၊သဘာဝဓာတ်ငွေ့)အစရှိသောတည်ငြိမ်နေသည့်အရာဝတ္တုများ၏ အကွာအဝေး၊ အမြင့်၊ လားရာ၊ အလျင် စသည်တို့ကို တိုင်းတာနိုင်သည့် အီလက်ထရွန်းနစ်ပစ္စည်းတစ်မျိုးဖြစ်သည် ။

ရေဒါတွင် Active ရေဒါActive with active object ရေဒါနှင့် Passive ရေဒါ ဟူ၍လည်း ရှိသည်။

နည်းပညာ[ပြင်​ဆင်​ရန်​]

Simple signal[ပြင်​ဆင်​ရန်​]

Simple signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B=1)ဖြစ်တဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ =1 ပေါ့ ။ τ ဆိုတာက pulse duration ပါ။ ∆fc ကတော့ bandwidth ဖြစ်ပါတယ်။ ဥပမာ-τ= 100 µs, ∆fc=10 kHz မှာဘေ့စ် B=1. သူ့မှာအပြစ်အနာအဆာတွေ ၊ limitation တွေရှိနေပါတယ်။သူ့ရဲ့ range resolution ဟာ အရမ်းသေးငယ် ယုံတင်မကပဲ သူ့ကို pulse duration တစ်ခုတည်းနဲ့ပဲအဓိပ္ပါယ်သတ်မှတ်တယ် မဟုတ်လား။သူ့ရဲ့ range resolution ကိုကောင်းမွန်အောင်လုပ်ဖို့အတွက်ကလည်း narrow pulse တွေထုတ်ဖို့က limitation တွေရှိပြန်ရော။နောက်တစ်ချက်က operating zone of radar နဲ့အဓိပ္ပါယ်ဖော်တဲ့ mean power ဟာ pulse power ရဲ့တန်ဖိုးကိုကန့်သတ်ထားပါတယ်။

P(mean)=P(pulse)max/Q

Q - time ratio

ဒါတင်လားဆိုတော့လည်းမဟုတ်သေးပြန်ဘူး။simple signal ကိုသုံးရင် range resolution နဲ့ velocity resolution နှစ်ခုလုံးကောင်းအောင်ညှိဖို့ဆိုတာဘယ်လိုမှကိုမဖြစ်နိုင်တာ။ range resolution ကိုကောင်းအောင်လုပ်ရင် velocity resolution ကကျ ၊ velocity resolution ကိုကောင်းအောင်လုပ်ရင် range resolution ကကျဖြစ်ရော။ဒီအပြစ်အနာအဆာတွေ မပါချင် တဲ့အတွက် ၊ limitation တွေမရှိစေချင်တဲ့အတွက် complex signal ဆိုတာကိုတီထွင်အသုံးပြု လာကြတာပဲဖြစ်ပါတယ်။

complex signal[ပြင်​ဆင်​ရန်​]

Complex signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B) ဟာတစ်ထက်ကြီးတဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ ≤1 ။ သူ့မှာတော့ pulse duration ဘယ်လောက်ပဲကြီးကြီး range resolution ဟာမြင့်မားပါတယ်။ပြီးတော့ဘာမှဆက်သွယ်ချက် မရှိတဲ့ ကောင်းမွန်တဲ့ range resolution နဲ့ velocity resolution ကိုရရှိပါတယ်။

ရေဒါ[ပြင်​ဆင်​ရန်​]

ရေဒါဆိုသည်မှာ အမေရိကန်ရေတပ်ဗိုလ်တစ်ဦးက တီထွင် ခဲ့သည့် ဝေါဟာရဖြစ်သည်။ ရေဒီယိုဒီတက်ရှင် အင်ရိန်းဂျင်း ဟူသော အင်္ဂလိပ်စကားကို အတိုချုံးယူခြင်းဖြင့် ရေဒါဟူသော ဝေါဟာရကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ မူရင်းအဓိပ္ပာယ်အရ ဆိုလျှင် ရေဒါဆိုသည်မှာ အကွာအဝေးနှင့် နေရာကို စုံစမ်း သည့် ရေဒီယိုသဘော ပါဝင်သော ကိရိယာဖြစ်သည်။ ရေဒါ သည် စစ်အတွင်းက အသုံးများခဲ့သော ကိရိယာဖြစ်သော်လည်း အကယ်စင်စစ် အမေရိကန်မှ စမ်းသပ်စစ်ဆေးသူ တစ်ယောက် သည် ၁၉၂၂ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ပေသည်။ ရေဒါ တွင် ရေဒီယို၏ မူအများအပြားနှင့် ရေဒီယိုတွင် ပါဝင်သော ပစ္စည်းအများအပြားကို အသုံးပြုထားသည်။ ထိုပြင် အခြားမူ များနှင့် ပစ္စည်းများကိုလည်း အသုံးပြုသေးသည်။ ရေဒါမှ လွှတ်သော ရောင်ခြည်သည် မိုးတိမ်၊ နှင်းထု၊ လေမုန်တိုင်း စသည်တို့ကို ဖောက်ထွင်းသွားနိုင်ပေသည်။ ထွင်းဖောက်သွား ပုံမှာ သာမန်လေထုကို အလင်းဖြတ်သန်းသွားသည်နှင့်မခြား ဖြစ်ပေသည်။ ကျွန်းဆွယ်၊ ကျောက်ဆောင်၊ သဲသောင်၊ သင်္ဘော၊ လေယာဉ်ပျံ စသည့် အရာဝတ္ထုတစ်ခုခုနှင့် တွေ့ သောအခါ ရေဒါရောင်ခြည်သည် ပြန်ဟပ်ပြီးလျှင် ရောင်ခြည် အချို့သည် မူလနေရာသို့ တစ်ဖန် ပြန်လာသည်။

အချုပ်အားဖြင့် ရေဒါ၏သဘောသည် ပဲ့တင်သံကို အခြေ ပြုထားသော သဘောဖြစ်သည်။ အသံသည် တစ်စက္ကန့်လျှင် ပေ ၁၁ဝဝ မျှ သွား၏။ တစ်စက္ကန့်လျှင် ပေ ၁၁ဝဝ နှုန်းခန့် နှင့် သွားနေသော အသံလှိုင်းသည် တစ်စုံတစ်ရာအတိုက်အခံ နှင့် တွေ့သောအခါ ပြန်ဟပ်လာသည်။ ယင်းသို့ ပြန်ဟပ်ခြင်း ကို ပဲ့တင်ထပ်သည်ဟု ခေါ်သည်။ အသံသည် တစ်စက္ကန့်လျှင် ပေ ၁၁ဝဝ ခန့် သွားသည်ဟူသောအချက်နှင့် အသံသည် ပြန် ဟပ်သည်ဟူသော အချက်နှစ်ချက်ကို သိရလျှင် ပဲ့တင်သံလာရာ အရပ်၏ အကွာအဝေးကို စိတ်ဖြင့် တွက်ချက်နိုင်ပေသည်။

တွက်ကြည့်ရန်နည်းမှာ အသံတစ်ခုကို ပြုလုပ်ပြီးသော် ပဲ့တင်သံ မည်သည့်အချိန်တွင် ပြန်လာသည်ကို မှတ်ထားရမည်။ အသံ ပြန်လာရန်မှာ အကွာအဝေးတစ်ခုကို အသွားတစ်ခေါက် အပြန် တစ်ခေါက် ပေါင်း နှစ်ကြိမ်သွားရသောကြောင့် နှစ်စက္ကန့် အတွင်း၌ ပဲ့တင်သံကို ကြားရလျှင် ပဲ့တင်သံလာရာအရပ်သည် ပေ ၁၁ဝဝ ဝေးကွာသောနေရာ၌ ရှိရမည်ဟု သိနိုင်ပေသည်။ ပထမကမ္ဘာစစ်အတွင်းက ဤနည်းရိုးကလေးကို လက်တွေ့ အသုံးပြုခဲ့ကြသည်။ ပဲ့တင်သံကို နားထောင်ကာ တွက်ချက် ခြင်းဖြင့် ပထမဦးစွာ ရေကြောင်းဘက်တွင် ရေအတိမ်အနက် တိုင်းတာခြင်းကို စမ်းသပ်ပြုလုပ်ရာ အောင်မြင်ခဲ့လေသည်။

သိပ္ပံပညာ ထွန်းကားသောခေတ်တွင် ခလုတ်လှည့်လိုက်ရုံမျှနှင့် သမုဒ္ဒရာအောက် မြေပြင်အထိ ရေအတိမ်အနက် မည်မျှရှိသည် ကို တစ်ခါတည်း တိုင်းတာပြီးသား သိနိုင်ပေသည်။ ရေဒါကို ဆိုခဲ့သော ပဲ့တင်သံ၏ သဘောအတိုင်း တီထွင်ထားခြင်း ဖြစ်သည်။ လက်ဦးတွင် ရေဒါကို ရေကြောင်းဘက်တွင်သာ အသုံးများကြသောကြောင့် လေကြောင်းဘက်ဆိုင်ရာတွင်လည်း အသုံးဝင်ကြောင်းကို သိသူ နည်းပါးလှပေသည်။ ခရီးမဝေး လွန်း မမြင့်လွန်းပါက ရေဒါကို လေကြောင်းဘက်တွင်လည်း အောင်မြင်စွာ အသုံးပြုနိုင်ပေသည်။ ညဉ့်အခါ၌ သွားလာလေ့ ရှိသော လင်းနို့သည် ဤသဘောကို ကောင်းစွာကျင့်သုံးသည်။ မှောင်မိုက်နေသော ညဉ့်အချိန်များတွင် စူးရှစွာ အော်လိုက်သော လင်းနို့၏အသံမှာ အချည်းနှီး အော်လိုက်သောအသံ မဟုတ် ချေ။ ဤအသံကို အကြောင်းပြု၍ ရှေ့နောက်ဝဲယာ အထက် အောက်တွင် မည်သည့်အရာဝတ္ထုများ ရှိသည်ကို ချက်ခြင်း သိနိုင်ရန် အော်လိုက်ခြင်း ဖြစ်သည်။ အလင်းမရှိဘဲလျက် လင်းနို့သည် ဤနည်းဖြင့် လိုရာခရီးကို အခက်အခဲမရှိဘဲ သွားနိုင်လေသည်။

ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားစဉ်က အင်္ဂလန်ပြည် ဘုရင့်လေတပ်မတော်သည် ရေဒါကို စစ်ဦးကပင် အစပြု၍ သုံးစွဲခဲ့သည်။ ရေဒါ၏အစွမ်းဖြင့် ဂျာမနီနိုင်ငံ လေတပ်ဌာန ချုပ်မှ ဂျာမန်ဗုံးကြဲလေယာဉ်ပျံများ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် အင်္ဂလန်ပြည်မှ ကြိုတင်သိရှိနေပြီး ဖြစ်လေသည်။ ထို့ကြောင့် တိုက်လေယာဉ်ပျံများသည် အချိန်မီတက်ရောက်ကာ ရန်သူလေယာဉ်ပျံများ ကွဲပြားပျက်စီးသွားအောင် ထိုးစစ်ဆင်နိုင် လေသည်။ ဂျာမန်တို့က ဒုံးပျံဗုံးများ အသုံးပြုတိုက်ခိုက်သည့် အခါတွင်လည်း ထိုဒုံးပျံဗုံးများ မရောက်မီကပင် သိနေသဖြင့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ ပါးဟားဗါးခေါ် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက် စဉ်က အမေရိကန်စစ်သားတစ်ဦးသာ ၁၃၅ မိုင်အကွာကပင် ပျံသန်းလာသော ဂျပန်လေယာဉ်ပျံများကို ရေဒါ၏အစွမ်းအား ဖြင့် တွေ့မြင်ပြီးလျှင် လေယာဉ်ပျံအစင်းရေကိုပါ မှတ်သား နိုင်သည်ဟု ဆိုလေသည်။

ရေဒါကို ဒုတိယကမ္ဘာစစ်အတွင်းက ကောင်းစွာ အသုံးချ ခဲ့ကြသည်။ အဝေးမှလာနေသော ရန်သူလေယာဉ်ပျံနှင့် မိမိတို့ တပ်မှ လေယာဉ်ပျံတို့ကို အလွယ်တကူ ခွဲခြား၍ သိနိုင်ခဲ့ကြ သည်။ မိတ်ဆွေနှင့်ရန်သူ ခွဲခြားနိုင်ရုံသာမက အဝေးမှ လာနေ သည့် လေယာဉ်ပျံသည် ဗုံးကြဲလေယာဉ်ပျံဖြစ်သည်၊ သို့မဟုတ် တိုက်လေယာဉ်ပျံဖြစ်သည် ဆိုသည်ကိုပင် ခွဲခြားသိနိုင်ကြပေ သည်။ မှောင်ထဲတွင် ခရီးသွားနေသော သင်္ဘောတစ်စီးအဖို့ ရှေ့၌ မည်သည့်အတားအဆီးရှိသည်ကို ကြိုတင်သိထားရန်မှာ များစွာ အရေးကြီး၏။ သာမန်မျက်စိဖြင့်မမြင်နိုင်သော အတား အဆီးများကို ရေဒါကို အသုံးပြု၍ ကောင်းစွာသိနိုင်ပေသည်။ ဆီးနှင်းထူထပ်နေသောအခါ သင်္ဘောတစ်စီးနှင့်တစ်စီးသည် အလွန်နီးကပ်လာသည့်တိုင်အောင် မသဲမကွဲ မှုန်မွှားမွှားသာ တွေ့ကြရ၍ မကြာခဏ တိုက်မိကာ နစ်မြုပ်သွားတတ်ကြသည်။ ဤအခက်အခဲမျိုးနှင့် ကြုံသောအခါ ရေဒါကို ယုံကြည်စိတ်ချ စွာ အသုံးပြုနိုင်ပေသည်။ ရာသီဥတုအခြေအနေ ဆိုးရွားပြီး လျှင် လှိုင်းလေ ပြင်းထန်သောအခါများတွင်လည်း သင်္ဘော သည် အင်ဖရာရက် တယ်လီဗစ်ရှင်းကင်မရာခေါ် ဓာတ်ပုံရိုက် ကိရိယာတစ်မျိုး၏ အကူအညီတွင်လည်း သင်္ဘောသည် အင်ဖရာရက်တယ်လီဗေးရှင်း ကင်မရာခေါ် ဓာတ်ပုံရိုက်ကိရိယာ တစ်မျိုး၏ အကူအညီဖြင့် ဆိပ်ကမ်းသို့ ချောမောစွာ ဝင်ရောက် နိုင်ပေသည်။ ရေဒါပါသော တယ်လီဗစ်ရှင်းနှင့်ဆိုင်သည့် စက်မှု ကိရိယာတို့၏ အကျိုးကျေးဇူးကြောင့် လာမည့်ခေတ်တွင် သင်္ဘောသာမဟုတ်၊ လေယာဉ်ပျံများပင် ကြည့်၍မမြင်နိုင်အောင် ထူထပ်နေသော နှင်းတောထဲ၌သော်၎င်း၊ မှောင်မိုက်နေသော ညဉ့်အချိန်များတွင်သော်၎င်း ချောမောစွာ သွားလာပျံသန်းနိုင် ပေလိမ့်မည်။ နောင်တစ်ခေတ်တွင် ရေဒါသည် ရှေ့တွင် ကာဆီးလျက်ရှိသော ဆီးနှင်းထု၊ မိုးတိမ် စသည်တို့ကို ဖောက် ထွင်း၍ မြင်နိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ တယ်လီဗစ်ရှင်းရေဒါခေါ် ရုပ်မြင်သံကြားရေဒါကို စစ်ကြီး အတွင်းက သင်္ဘောနှင့် သံချပ်ကာကားတပ်များအတွက် အသုံး ပြုခဲ့သည်။ တယ်လီဗစ်ရှင်းရေဒါ၏ သတ္တိဖြင့် လူတစ်ယောက် ကို အနီးကပ်၍ မတွေ့ထိ နိုင်သော်လည်း အဝေးမှ လှမ်းမြင် ကာ စကားပြောနိုင်စေသည်။ ယခုခေတ်တွင် တစ်စုံတစ်ခုသော ပြဿနာပေါ်ပေါက်က ဆွေးနွေးတိုင်ပင်ရန် နိုင်ငံရေး ခေါင်း ဆောင်ကြီးများ၊ စီးပွားရေးပါရဂူများသည် မိုင်ပေါင်းရာထောင် ချီ၍ ဝေးကွာသောအရပ်မှ တပင်တပန်း လာရောက်ကာ တွေ့ ဆုံကြရ၏။ တယ်လီဗစ်ရှင်းရေဒါ တိုးတက်ထွန်းကားလာသော အခါတွင်ကား ကမ္ဘာအနှံ့အပြားတွင်ရှိကြသောခေါင်းဆောင်ကြီး အသီးအသီးတို့သည် မိုင်ပေါင်းများစွာ ကွာဝေးကြသော်လည်း တစ်စားပွဲတွင် အတူထိုင်၍ ပြောဆိုဆွေးနွေးရ သကဲ့သို့ မိမိ တို့နေရာ အသီးသီးမှနေ၍ ပြောဆိုဆွေးနွေးနိုင်ကြပေလိမ့်မည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)