လေဖိအား

ဝီကီပီးဒီးယား မှ
(ပင်လယ်ရေပြင်အထက်)အမြင့်ပေ ၄,၃၀၀ မီတာ (၁၄,၀၀၀ ပေ) တွင် ဤပလပ်စတစ်ဘူးလွတ်ကို လေလုံအောက်ပိတ်လျက် အနိမ့်ပိုင်းသို့ သယ်လာ၊ ဘယ်ဘက်ဆုံးပုံသည် ထိုအမြင့်၌။ ဘူးအတွင်းလေဖိအား မပြောင်းလဲစဉ် အပြင်လေဖိအားတို့ တိုးများဖိသိပ်လာ၍ အမြင့်ပေ ၂,၇၀၀ မီတာ (၉,၀၀၀ ပေ) တွင် အလယ်ပုံ အတိုင်း၊ အမြင့်ပေ ၃၀၀ မီတာ (၁,၀၀၀ ပေ) တွင် ညာဘက်ဆုံးပုံအတိုင်း ဖြစ်သွား၏။

"လေဖိအား"ဟု အတိုခေါ်ဆိုကြသော လေဖိအားနှုန်းထား (အင်္ဂလိပ်: atmospheric pressure) ဆိုသည်မှာ ကမ္ဘာဂြိုဟ်ကို လွှမ်းခြုံသည့် လေထုကြီးအတွင်း ရှိနေသရွေ့ လေမော်လီကျူးတို့၏ အဖက်ဖက်မှ တိုးဝှေ့မှုကို ခံစားနေရမည့် အား၏ မည်မျှအကျယ်အဝန်းအတွင်း မည်မျှပမာဏသက်ရောက်နေကြောင်း အချိုးအစား နှုန်းထားဖြစ်သည်။ ကမ္ဘာမြေပြင်၊ ပင်လယ်ရေပြင်မှ အကွာအဝေး (တစ်နည်းအားဖြင့် အမြင့်)ကို လိုက်၍ ခံစားကြုံတွေ့ရသည့် လေဖိအားနှုန်းထား ကွာခြား၏။ ကုန်းမြင့်ပိုင်းသို့ ရောက်လေ၊ ထိုဖိအားအချိုးအစား ကျဆင်းလေ။ ပင်လယ်ရေပြင်အမြင့်၌ ကြုံတွေ့ရတတ်သည့် 101,325 Pa ခန့် (14.7 psi) ခန့်ကို လေဖိအားဆတစ်ဆ "" (1 atmospheric pressure) ဟု သုံးနှုန်းလွယ်ကူရေး သတ်မှတ်ကျသည်။ (သာဓကအားဖြင့် 202,000~203,000 Pa ခန့်ရှိသော ပတ်ဝန်းကျင်ဓာတ်ငွေ့ထု၏ ဖိအားနှုန်းထားကိုမူ လေဖိအားဆ ၂ဆ () ဟု ခေါ်ဆိုမည်မျိုး။)

ရူပဗေဒ အကြောင်းအရင်း[ပြင်ဆင်ရန်]

(ပင်လယ်ရေပြင်အထက်)အမြင့်အလိုက် လေဖိအားနှုန်းထား ကျဆင်းသွားပုံ တွက်ချက်မှု။ လေထုအပူချိန် ကို 15 °C၊ လေထုစိုထိုင်းဆကို 0% ထားလျက် တွက်ကြည့်ထားခြင်း။

လေဖိအားနှုန်းထားသည် အောက်ပါအခြင်းအရာတို့၏ စုပေါင်းပုံအပေါ် မူတည်သည်။


ကမ္ဘာဂြိုဟ်ကို လေထုလွှမ်းခြုံထားသည့် အကြောင်းအရင်းမှာ ကမ္ဘာမြေထံသို့ ဒြပ်ဆွဲအားကို လေထုကြီးက ခံစားနေရခြင်းကြောင့်၊ လေထုကို ကမ္ဘာ့ဆွဲအားက ဆွဲထိန်းထားခြင်းကြောင့်။ သို့ဖြင့် ၎င်းလေမော်လီကျူးပေါင်းများစွာက ကမ္ဘာမြေပြင်ထံသို့ ပြေးက်နေအောင် ဒြပ်ဆွဲအားက ပြုလုပ်နေရာတွင် မြေပြင်နှင့် အနီးကပ်ဆုံး မော်လီကျူးများက သူ့ထက်အပြင်လွှာကျသော မော်လီကျူးများ၏ တိုးဖိမှုကို များများခံစားရမည် ဖြစသည်။ ထို့ကြောင့် ကမ္ဘာ့ဗဟိုနှင့် ဝေးရာ၊ လေထု၏ အပြင်လွှာဘက်ကျရာသို့ ရွှေ့ကြည့်လေ ကုန်းမြင့်ပိုင်း၌ လေဖိအားနှုန်းထား ကျဆင်းလေ ဖြစ်သည်ကို တွေ့ကြရ၏။
လေဖိအားဟူသည် အောက်သို့စိုက်ဖိနေခြင်းချည်း မဟုတ်။ လေထုသည် ဓာတ်ငွေ့ ဖြစ်သဖြင့် (အစိုင်အခဲ မဟုတ်သဖြင့်) ပါစကယ် နိယာမ (Pascal's Law) အတိုင်းပင်၊ ကမ္ဘာ့ဒြပ်ဆွဲအားကြောင့် ၎င်းအစိတ်အပိုင်းတို့က ခံစားရသော ဖိအား(pressure)များကို အခြားနေရာများသို့ အဖက်ဖက် ဖြန့်၍၊ စု၍ ရွေ့မျောသက်ရောက်စေနိုင်သည်။ သို့ဖြင့် ရေအောက်၌၊ ရေထုအတွင်း၌ ပင့်အား (Boyancy) အဖက်ဖက်မှ ခံစားရသည့်နည်းတူ လေထုအတွင်း၌လည်း ထိုပင့်အားမျိုး အထိုက်အလျောက် ခံစားရခြင်း ဖြစ်သည်။ လေဓာတ်ငွေ့၏ သိပ်သည်းမှု(density)က ရေထက် နည်းသလောက် ထိုအတွေ့အကြုံ၏ အားပမာဏက လေထုအတွင်း၊ ကုန်းပေါ်၌ ပိုနည်းခြင်းပင် ဖြစ်တော့၏။