ရှေးဟောင်းအီဂျစ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပိရိမစ်များသည် ရှေးဟောင်း အီဂျစ်လူ့အဖွဲ့အစည်းကို အလွယ်တကူ သိမြင်စေနိုင်သော ပြယုဂ်များပင်ဖြစ်သည်။

ရှေးခေတ် အီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် ဘီစီ ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ (kingdoms) ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ (Intermediate Periods) ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ် (New Kingdom) ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၎င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။

နိုင်းမြစ်ဝှမ်းတောင်ကြား ဒေသ၏ ပတ်ဝန်းကျင် အခြေအနေကို လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် ရှေးခေတ် အီဂျစ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် စည်ပင်ထွန်းကားလာခဲ့သည်။ မြေဩဇာ ကောင်းမွန်သည့် တောင်ကြားဒေသတွင် ဆည်မြောင်းများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းမှ အပိုအလျှံ သီးနှံများ ထွက်ရှိခဲ့သည်။ ထိုမှတဆင့် လူမှုရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အထောက်အကူပေးခဲ့သည်။ အပိုအလျှံအရင်းအမြစ်များကြောင့် အုပ်ချုပ်သူများမှ တောင်ကြားဒေသ နှင့် ပတ်ဝန်းကျင် သဲကန္တာရဒေသတို့တွင် သတ္တုရှာဖွေရေး၊ အစောပိုင်း သီးခြားစာပေ ရေးသားမှုစနစ် ထွန်းကားရေး၊ တည်ဆောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပရိုဂျက် အများအပြား ကို အကောင်အထည်ဖော်ရေး၊ ပတ်ဝန်းကျင် ဒေသများနှင့်ကုန်သွယ်ရေး နှင့် တိုင်းတပါးရန်သူများကို အနိုင်တိုက်နိုင်သော စစ်တပ်ဖော်ဆောင်ရေး အစရှိသည်တို့ကို ပံ့ပိုးပေးခဲ့ပြီး အီဂျစ်တို့တွင် လွှမ်းမိုးမှု အရှိန်အဝါ ရှိလာခဲ့သည်။ ထိုသို့သော လုပ်ရပ်များကို ဖာရိုဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ခန့်ထားသော အုပ်ချုပ်ရေး အရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာရေးတော်များ အစရှိသူတို့မှ တိုက်တွန်းခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့ ပြုကြသည်။ ချဲ့ကားထားသော ဘာသာရေး ယုံကြည်မှုများမှတဆင့် အီဂျစ်လူမျိုးတို့၏ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှု တို့ကို အသေအချာ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

အခြေခံ လူမှုဘဝ[ပြင်​ဆင်​ရန်​]

မြေထဲပင်လယ်နှင့် ထိစပ်နေသည့် ဒေသအချို့မှ လွဲ၍ အီဂျစ်နိုင်ငံသည် အများအားဖြင့် မိုးနည်းပါးသဖြင့် ရှေးအီဂျစ်တို့အနေဖြင့် စိုက်ပျိုးရေးအတွက် နိုင်းမြစ် ကိုသာ မှီခိုကြရသည်။ တောင်မှ မြောက်သို့ ဖြတ်သန်းကား မြေထဲပင်လယ်အတွင်းသို့ စီးဆင်းသည့် နိုင်းမြစ်သည် ရေတံခွန်ခြောက်ခုရှိပေသည်။ အဆိုပါရေတံခွန်များအနက် ပထမဆုံးရေတံခွန်ရှိရာ ပင်လယ်ပြင်မှ မိုင် ၆၀၀ အကွာအဝေးအထိ လှေ၊ သင်္ဘောတို့ဖြင့် သွားလာနိုင်သည်။ အီဂျစ်နိုင်ငံ တောင်ပိုင်းရှိ အဘီဆီးနီးယားနိုင်ငံတွင် ပူအိုက်သည့် ရာသီတိုင်း မိုးရွာသွန်းသဖြင့်နိုင်းမြစ် ရေလျှံကာ မြစ်ကမ်းနှစ်ဖက်တွင် ရေလွှမ်းလေ့ရှိသည်။ မြစ်ရေပြန်ကျသွားလျှင် အဘီဆီးနီးယားကုန်းမြင့်မှ သယ်ဆောင်လာသည့် ရွံနက်များသည် နုံးမြေများအဖြစ်နှင့် ကျန်ရစ်ကာ စိုက်ပျိုးရေးအတွက် အထူးအကျိုးပြုပေသည်။ အဆိုပါ နုံးတင်မြေနု နယ်မြေ၏ အနောက်ဖက်အစွန်းသည် ဆာဟာရသဲကန္တာရကြီး၏ အစပြုရာနယ်နိမိတ်လည်း ဖြစ်တော့သည်။ ဆိုလိုသည်မှာ အီဂျစ်ပြည်၏ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ယဉ်ကျေးမှု အခြေတည်ရာ ဒေသမှာ နိုင်းမြစ်ဝှမ်းတစ်လျှောက် ကမ်းနှစ်ဖက်ဖြစ်သည့် အရှေ့အနောက် ၁၀မိုင်၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၂၀၀၀ ခန့်သာရှိကြောင်း တွေ့ရသည်။

နယ်ပယ်နိမိတ်[ပြင်​ဆင်​ရန်​]

အီဂျစ်နိုင်ငံသည် နယ်နိမိတ်အားဖြင့် အထက်အီဂျစ်နှင့် အောက်အီဂျစ် ဟူ၍ တောင်မြောက် နှစ်ပိုင်းခွဲခြားခဲ့ဖူးသည်။ အထက်အီဂျစ်မှာမြစ်ဝကျွန်းပေါ် အရပ်၏ တောင်ဖက်စွန်းမှ အထက်ပိုင်း ပထမရေတံခွန်ရှိရာအထိ အရှည်မိုင် ၅၀၀ ရှိသော တောင်ပိုင်းမြစ်ညှာပိုင်းဒေသဖြစ်ပြီး၊ အောက်အီဂျစ်မှာ မြောက်ဖက်မြစ်ဝကျွန်းပေါ်အရပ်ကို ဆိုလိုသည်။ ကိုးကွယ်ရာ နတ်ဘုရားများ ကွဲပြားခြားနားသည်ကြောင့်လည်းကောင်း၊ အရပ်ဒေသကွာခြားသည်ကြောင့်လည်းကောင်း ထိုသို့ ကွဲပြားခြားနားလာခဲ့ရာမှ ဘီစီ ၄၃၀၀ ခန့်တွင် အဆိုပါ နယ်နှစ်နယ်မှ အားကောင်းသည့် အုပ်စု နှစ်စု အသီးသီးပေါ်ထွန်းလာသည်။

ပထမအင်အားစုကြီးသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်အရပ်တွင် တန်ခိုးဩဇာထူထောင်နိုင်ကာ ၎င်းတို့ကိုးကွယ်သည့် မြွေဟောက်နတ်ကို အထွတ်အမြတ်ထားသည့် အနေဖြင့် မြောက်ပိုင်းရှင်ဘုရင်များ၏ သရဖူတွင် မြွေဟောက်ပုံနတ်ရုပ်ကို တပ်ဆင်ထားသည်။ ထို့အတူပြင် တောင်ပိုင်းမြစ်ညှာဒေသကို အုပ်စိုးသည့် တောင်ပိုင်းဘုရင်များသည်လည်း ၎င်းတို့ကိုးကွယ်သည့် နီခီဘတ် (ခေါ်) လင်းတနတ်သမီး၏ အထိမ်းအမှတ်အဖြစ် သရဖူတွင် လင်းတငှက်ရုပ်ကို တပ်ဆင်ကြသည်။ တောင်ပိုင်း သရဖူမှာ အဖြူရောင်ဖြစ်ပြီး မြောက်ပိုင်းသရဖူမှာ အနီရောင်ဖြစ်သည်။ ထိုတောင်မြောက် အီဂျစ်နိုင်ငံ နှစ်ခုသည် ပေါ်နှစ်ပေါင်းကြာရှည်စွာဖြင့် ထီးပြိုင်နန်းပြိုင်ပုံစံဖြင့် မင်းဆက် အတော်များများ စိုးစံသွားကြသော်လည်း တောင်ပိုင်းမင်းဆက်မှ အထောက်အထားများတွေ့ရသည် မရှိဘဲ မြောက်ပိုင်း မင်း၆ပါး၏ အမည်ကိုသာ ရှာဖွေဖော်ထုတ်နိုင်သည်။

ပထမပြည်ထောင်စုခေတ် (ဘီစီ ၄၃၀၀-၃၅၀၀)[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပထမအီဂျစ် ပြည်ထောင်စု

ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ထိုသို့ အထက်နှင့် အောက် အီဂျစ်နိုင်ငံနှစ်ခု၏ အားပြိုင်မှုတို့သည် ခန့်မှန်းအားဖြင့် ဘီစီ ၄၃၀၀ခန့်အရောက်တွင် စစ်ဖြစ်ပွားကာ အောက်အီဂျစ်(မြောက်ပိုင်း)က တောင်ပိုင်း အထက်အီဂျစ်ကို အနိုင်ရသဖြင့် ပထမအီဂျစ်ပြည်ထောင်စုကို တည်ထောင်နိုင်သည်။ အုပ်စိုးသည့် ရှင်ဘုရင်များအနေဖြင့်လည်း တောင်မြောက်ဒေသ နှစ်ခုလုံး၏ အကြီးအကဲဖြစ်ကြောင်း ထင်ရှားစေလိုသဖြင့် မြောက်ပိုင်းသရဖူအနီအတွင်း တောင်ပိုင်းသရဖူအဖြူကို နှစ်ထပ်ဝတ်ဆင်ကြသည်။ အဆိုပါ ပထမပြည်ထောင်စုသည် နှစ်ပေါင်း ရှစ်ရာခန့် တည်တံ့ကာ မြို့တော်အဖြစ် ဟယ်လီယိုပိုလစ် (နေမြို့တော်) တွင် နန်းစိုက်သည်။

ဘာသာကိုးကွယ်မှုအားဖြင့် တော်ဝင်မိသားစု၏ကိုးကွယ်မှုအား မှီတည်၍ နိုင်ငံတော်အဆင့် နတ်ဘုရားနှစ်ပါးအား ကိုးကွယ်ကြသည်။ ပထမ နတ်ဘုရားမှ ရေး( Re/နေနတ်ဘုရား ) ဖြစ်ပြီး အပူနှင့် အလင်းကို ပေးသည့် နေနတ်ဘုရားဟု ယုံကြည်သည်။ ဒုတိယ နတ်ဘုရားမှာ အိုဆီးရစ် (Osiris/နိုင်းမြစ်နတ်ဘုရား) ဖြစ်ကာ ရေနှင့် နုံးမြေတို့ကို ပေးသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါနတ်ဘုရား နှစ်ပါးကို နိုင်ငံတွင်း အကြီးဆုံးနတ်ဘုရားများ အဖြစ် ဘုရင်နှင့် ပြည်သူပြည်သားများက ကိုးကွယ်ကြသည်။

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

အုပ်ချုပ်ရေးအနေဖြင့် ဖာရိုး(Pharoah) ဘုရင်များသည် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်မှုဖြင့် ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြသည်။

အဆိုပါ ဖာရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ၊ ထိုနောက်တွင်မှ ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး)များ၊ထိုနောက်တွင်မှ မင်းမှုထမ်းများ၊ ထိုနောက်တွင်မှ စာရေးစာချီများ၊ ထိုနောက်မှ ထူးချွန်သော လက်မှုပညာရှင်များ၊ ထိုနောက်မှ လယ်သမားများ စသဖြင့် အဆင့်ဆင့် အတန်းအစားခွဲခြားထားသည်။

ဖာရိုးတို့၏ နန်းတော်သည် အလွန်ခန်းနားကြသည်မှာ ပြောရန်မလိုပေ။ ထိုနည်းတူပင် နယ်စားများ၏ အိမ်ဂေဟာမှာလည်း အဖိုးတန်အိမ်ကြီးအိမ်ကောင်းများ၊ဥယျာဉ်ခြံမြေများဖြင့် ထည်ဝါကြသည်သာ ဖြစ်သည်။ စည်းစိမ်ကိုလည်း ရက်ရက်ရောရောခံစားကြသည်။ သို့သော် ပြည်သူတို့၏ လူနေမှုမှာမူ အုပ်စိုးသူလူတန်းစားနှင့် အထူးကွာခြားသည်ဟု ဆိုနိုင်သည်။ သာမာန်ပြည်သူတို့မှာ အလွန်ပင်ဆင်းရဲကြရှာသည်။

တီထွင်ဆန်းသစ်မှုများ[ပြင်​ဆင်​ရန်​]

ပထမအီဂျစ်ပြည်ထောင်စုခေတ်တွင် ယဉ်ကျေးမှု အဆင့်အတန်းအားဖြင့်လည်း ရေချိန်မြင့်မားသည့် အတွက် တီထွင်မှုများပေါ်ထွန်းလာသည်။ လူ့ယဉ်ကျေးမှု သမိုင်းအရ ဤခေတ်သည် အစပြုခြင်းပင်ဖြစ်သည်ဟု ပညာရှင်အတော်များများက ထောက်ခံချက်ပေးကြသည်။

ထွန်ဖြင့် ထပ်ထိုးခြင်းနည်းကို အသုံးချကာ စိုက်ပျိုးလာကြသည်။ အကျိုးဆက်အားဖြင့် လယ်ယာမြေစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သဖြင့် အစားအသောက်ကို ပေါပေါများများစာသုံးလာနိုင်သည်။ သို့ဖြင့် ငွေကြေးစနစ်မဟုတ်ဘဲ ကောက်ပဲသီးနှံဖြင့် အဟောင်းပေးအသစ်ယူခြင်း(မြှီစားခြင်း)၊ အခွန်ဆောင်ခြင်း တို့ကိုပြုလုပ်ကြသည်။ ဖာရိုးမင်း အဆက်ဆက်တို့သည် ဆည်မြောင်းဗဟိုဌာန ဟူ၍ဖွဲ့စည်းပေးကာ ဆည်မြောင်းများအုပ်ချုပ်ရေးကို ကိုယ်တိုင်တာဝန်ယူသည်။ စိုက်ပျိုးရေ အလဟဿမဖြစ်စေရေး၊ ဆည်မြောင်းများ အသစ်တူးဖော်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးနှင့် ပက်သက်၍ ဆည်မြောင်းကိစ္စများကို ဆောင်ရွက်စေသည်။ ၎င်းမှာ ကမ္ဘာ့ရှေးအကျဆုံး အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖြစ် သတ်မှတ်နိုင်သည်။

ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။

ပြက္ခဒိန်တီထွင်မှုအပြင် အီဂျစ်တို့သည် ကမ္ဘာ့ရှေးအကျဆုံး စာပေအရေးအသားကိုလည်း တီထွင်သွားကြသေးသည်။ တွဲဖက်အနေဖြင့် စက္ကူကလောင်တံ နှင့် မှင် စသည်တို့ကိုလည်း တီထွင်ပြန်သည်။ ရှေးဦးလူသားများအနေဖြင့် မိမိတို့ရေးမှတ်လိုသည့် အကြောင်းအရာများကို အရုပ်များရေးဆွဲခြင်း အားဖြင့် မှတ်တမ်းတင်သည့် အလေ့အကျင့်မှသည် အီဂျစ်တို့၏ ပထမပြည်ထောင်စုခေတ် အရောက်တွင် ပထမဆုံးသော စာပေအဖြစ်ဖြင့် အီဂျစ် အရုပ်စာပေါ်ထွန်းလာသည်။ အဆိုပါ အီဂျစ်အရုပ်စာရေးသားနည်းကို ဟီအာရိုဂလစ် ရေးနည်း(Hieroglyphs/အရုပ်စာရေးနည်း) ဟုခေါ်သည်။ နောက်ဆက်တွဲအနေဖြင့် စက္ကူကိုလည်း တီထွင်နိုင်သည်။ နိုင်းမြစ်ထဲတွင် အလေ့ကျပေါက်သည့် ပပိုင်းရပ်စ်(Papyrus) ကျူပင်များကို ခွဲစိတ်ပြုပြင်ကာ စက္ကူအဖြစ် အသုံးပြုကြသည်။ ထိုအသုံးအနှုန်းမှ ဆင်းသက်ကာ ယနေ့ စက္ကူကို အင်္ဂလိပ်ဘာသာအားဖြင့် ပေပါ(Paper) ဟုခေါ်ကြခြင်းဖြစ်သည်။ ချက်ပြုတ်သည့် အိုးခွက်များမှ အိုးမဲအား သစ်စေး တစ်မျိုးဖြင့် ဖျော်စပ်ကာ မှင်ရည် အဖြစ်သုံးစွဲကြသည်။ ကျူရိုးအား ခပ်ချွန်ချွန်ဖြတ်တောက်ပြုပြင်ကာ ကလောင်တံ အဖြစ် သုံးစွဲကြသည်။

ဒုတိယပြည်ထောင်စုခေတ်(ဘီစီ ၃၄၀၀-၂၄၀၀)[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒုတိယအီဂျစ် ပြည်ထောင်စု

ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ပထမပြည်ထောင်စုသည် နှစ်ပေါင်း ၈၀၀ ကျော်ခန့်တည်တံ့လာပြီးနောင်တွင် ပြိုကွဲသွားသဖြင့် ရှေးကကဲ့သို့ပင် တောင်၊မြောက် နှစ်ပိုင်း ပြန်လည် ကွဲပြားသွားရပြန်သည်။ များမကြာမီတွင်ပင် အထက်အီဂျစ်(မြောက်ပိုင်း)မှ မင်းနစ်(Menes) အမည်ရှိ လူစွမ်းကောင်းတစ်ဦးပေါ်ထွန်းလာကာ တောင်၊မြောက် ဒေသနှစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ကာ ဒုတိယပြည်ထောင်စုခေတ်ကို တည်ထောင်ပြန်သည်။

ပထမပြည်ထောင်စုသည် လယ်ယာစိုက်ပျိုးရေးစနစ်ပေါ်တွင် အခြေပြုကာ စည်ပင်ဖွံဖြိုးခြင်းကို ရရှိသကဲ့သို့ ဒုတိယပြည်ထောင်စုသည် ဆိုင်းနိုင်းကျွန်းဆွယ် ဒေသမှ ကြေးနီသတ္တုတွင်းတူးဖော်ရေး ကြောင့် သာယာဝပြောသည်။ ကြေးနီတွင်းများ အားလုံးကို ဖာရိုးဘုရင်က ပိုင်ဆိုင်ပြီး ခိုးတူးသူများကို ပြင်းထန်စွာ အပြစ်ပေးသည့် ကျောက်ထွင်းပုံများကို အနီးမပါးရှိ ကျောက်တောင်များတွင် အထောက်အထားများအဖြစ် တွေ့ရသည်။

ပိရမစ်များခေတ်[ပြင်​ဆင်​ရန်​]

ယနေ့ ဆီးရီးယားနိုင်ငံရှိရာ အရပ်သို့ ရေကြောင်းဆက်သွယ်ကာ ထိုအရပ်မှ သစ်များကို အသုံးပြု၍ အိမ်များ၊ ပရိဘောဂများကို ဆောက်လုပ်ခဲ့ကြသည်။ ဒုတိယပြည်ထောင်စုခေတ်ကို ပိရမစ်ခေတ်ဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ယနေ့တိုင် လူတို့အတွက် အံ့ဖွယ်တစ်ပါးဖြစ်နေသည့် ပိရမစ်များကို တည်ဆောက်ခဲ့သည့် ကာလလည်း ဖြစ်သောကြောင့်ဖြစ်ပေသည်။ အထင်ရှားဆုံးသော ပိရမစ်များကို ကိုင်ရိုမြို့အနီးရှိ ဂီဇဲ(Gizeh)အရပ်တွင် တွေ့ရပြီး ထိုဒေသမှာ ဒုတိယပြည်ထောင်စုခေတ်၏ မြို့တော်ဟောင်း မင်းဖစ်(Memphis) တည်ရှိခဲ့သည့် နေရာပင် ဖြစ်သည်။ ပိရမစ်များအပြင် အခြားသော ဘာသာရေးဆိုင်ရာ အဆောက်အဦးများစွာကိုလည်း တည်ဆောက်ခဲ့ကြသည်။

ပြည်ထောင်စု ပြိုကွဲခြင်း[ပြင်​ဆင်​ရန်​]

ပိရမစ်များကိုတည်ဆောက်ခဲ့သည့် နောက်ဆုံး ဖာရိုးမင်းဖြစ်သော ဒုတိယမြောက် ပက်ပီ (Pepi II) သည်အသက်အလွန်ရှည်သည်ဖြစ်၍ နန်းသက် ၉၄နှစ်ထိစိုးစံခဲ့သည်။ ဘုရင်အိုမင်းမစွမ်း ဖြစ်လာသောအခါ နယ်စားများက အာဏာကြီးစိုးလာပြီးနောက် ဘုရင် ကွယ်လွန်လျှင် နယ်အသီးသီးမှနေကာ မင်းပြုကြသည်။ ထိုခေတ်ကို နယ်စားပယ်စားခေတ် ဟုခေါ်သည်။ နယ်စားများက အချင်းချင်း ပြိုင်ဆိုင်ကြသလို၊ တောင်ပိုင်းမှ အာဖရိကန်အနွယ်များကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် တိုင်းပြည်တည်ငြိမ်ခြင်းမရှိတော့ပေ။ မကြာမီပင် တောင်ပိုင်းဒေသက ခွဲထွက်သဖြင့် ဒုတိယ အီဂျစ်ပြည်ထောင်စု ပြိုကွဲသွားရသည်။

နယ်စားများခေတ် (ဘီစီ ၂၄၀၀-၁၈၀၀)[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အီဂျစ်နယ်စားများခေတ်

ပရမစ်များကို တည်ဆောက်သည့် မင်းဆက်ပျက်သုဉ်းသွားသည့် နောက်တွင် အီဂျစ်ပြည်သည် နှစ်ပေါင်း အတော်ကြာကြာ အရည်အချင်းပြည့်ဝပြီး တစ်နိုင်ငံလုံးကို ပြန်လည် တည်ထောင်စုစည်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ ထိုကာလများအတွင်း နယ်စာများက ဖာရိုးဘွဲ့အသီးသီးခံယူကာ ကိုယ့်နယ်ကိုယ့်မင်း ပုံစံဖြင့် သီးခြားစီ အုပ်စိုးနေကြသည်။အဆိုပါ နှစ်ပေါင်း ၆၀၀ကျော်ကြာ နယ်စားခေတ်မှာ အီဂျစ်တောင်ပိုင်းတွင် အခြေတည်ပြီး တောင်ပိုင်းမင်းများ၏ ရာဇဝင်တစ်ရပ်ပင်ဖြစ်တော့သည်။ နယ်စားခေတ်သည် ပိရမစ်များခေတ်ကဲ့သို့ အဆောက်အဦးကြီးများကို အားသွန်ခွန်စိုက် ဆောက်လုပ်ရန် ကြိုးပမ်းသည် မရှိတော့ပေ။ စာရိတ္တမဏ္ဍိုင် ကြံခိုင်လာစေရေးကိုသာ ပြုပြင်ရန် အားထုတ်တော့သည်။ နယ်စားများ၏ နန်းဆောင်များတွင် စာကြည့်တိုက်များပါရှိကြသည်။ ၎င်းတို့မှာ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်များလည်း ဖြစ်ကြသည်။

နယ်စားများခေတ်ကုန်ဆုံးခါနီးအချိန်တွင် အရှေ့မြောက်ပိုင်းမှ အာရှအနွယ် ဟစ်ဆော့လူရိုင်းများ၏ တိုက်ခိုက်ခြင်းကြောင့် နယ်စားများလက်နက်ချကြရသဖြင့် ဟစ်ဆောများက နှစ် ၂၀၀ခန့် အုပ်ချုပ်ကြသည်။ ဘီစီ ၁၆၀၀ခန့်ရောက်မှ အေးမို့စ်(Amos)အမည်ရှိ အီဂျစ်ခေါင်းဆောင် တစ်ဦးပေါ်ထွက်လာကာ ဟစ်ဆော့တို့အား တိုက်ခိုက်မောင်းထုတ်သဖြင့် အီဂျစ်တို့ ပြန်လည် လွတ်လပ်ကြသည်။

အင်ပါယာခေတ် (ဘီစီ၁၆၀၀-၁၂၀၀)[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အီဂျစ်အင်ပါယာခေတ်

ဤခေတ်သည် အီဂျစ်တို့၏ အထွတ်အထိပ်ခေတ်ဖြစ်သည်။ တောင်ဖက် နိုင်းမြစ်ဖျား နျူဘီးယားနယ်မှစကာ အရှေကမြောက်ဖက်ရှိ ယူဖရေးတီးမြစ် အထိ ကျယ်ပြန့်သည် နယ်မြေအား သိမ်းပိုက်အုပ်စိုးခဲ့သည်။ အင်ပါယာထူထောင်နိုင်ခြင်း အကျိုးဆက်အားဖြင့် မြင့်မားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အပါအဝင် နယ်ပယ်စုံမှ အကျိုးကျေးဇူးများကို ခံစားရသည်။

စတင်ထူထောင်သူ အေးမို့စ်မှစကာ စစ်ရေးအားသာချက်ဖြင့် နယ်ပယ်များကို သိမ်းသွင်းခဲ့သည်မှာ အီဂျစ်ပြည်၏ နပိုလီယန် ဟုပင်တင်စားလောက်ရသည့် တတိယမြောက် တုမို့စ်လက်ထက်တိုင် ဖြစ်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ ကျော် အုပ်စိုးပြီးနောက်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရန် အာဏာဖြင့် အတင်းအကျပ်ခိုင်းစေသည့် အစ်ခနတွန် လက်ထက်မှစကာ ပဋိပက္ခများဖြစ်ပွားရပြီး ၎င်းအားဆက်ခံသည့် တူတပ်ခမွန် လုပ်ကြံခံရသဖြင့် မင်းဆက်လည် ပြတ်သည်။ ထိုနောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာတစ်စစ ယိမ်းယိုင်လာကာ ပထမမြောက် ဆီတီနှင့် ဒုတိယမြောက် ရမ်ဆီ တို့လက်ထက်များတွင်သာ အင်အားကောင်းကြပြီး နောက်ဆုံး ဘီစီ ၁၁ ရာစုအရောက်တွင် မြောက်ဖက် မြေထဲပင်လည်းမှ ဝင်ရောက်လာသည့် ရန်သူများအား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် အီဂျစ်အင်ပါယာ ပျက်စီးသွားသည်။

ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု၌ ရှေးအကျဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အီဂျစ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းသည် အဆန်းတကြယ် အံ့0x100သဘွယ်တို့နှင့် ပြည့်လျက်ရှိရာ အဆောက် အအုံ၊ ဝတ္ထုပစ္စည်း၊ စာပေအမှတ်အသားမှစ၍ သက်သေခံ အထောက်အထားများလည်း ရှိနေလေသည်။ အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ မြောက်ပိုင်းတွင် တည်ရှိ၍ ပင်လယ်နီ၏ အနောက်ဘက်ကမ်းအထိ ရောက်၏။ မြောက်ဘက်တွင် မြေထဲပင်လယ်နှင့် ဆက်စပ်လျက်ရှိရာ ၃၈၆၁၉၈ စတုရန်းမိုင်ကျယ် သော်လည်း ထွန်ယက်စိုက်ပျိုး နိုင်သည့်မြေမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝဝ ခန့်သာ ရှိ၏။ အီဂျစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းလျက်ရှိသော နိုင်းမြစ်ကြီးသည် မိုင် ၄၁၄၅ ခန့်ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး မြစ်ကြီး တစ်သွယ်ဖြစ်လေသည်။ ဤမြစ်ကြီးကို ဆန်တက်သော် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခုနစ်ထောင်ခန့်က တည်ထားခဲ့သည့် သင်းချိုင်းဂူ ကြီးများနှင့် အထိမ်းအမှတ်အဆောက်အအုံကြီးများသည် ထိုနိုင်ငံ၏ ရှေးခေတ်သမိုင်းကို ကျွနု်ပ်တို့အား ပြန်ကြားပြောဆို နေဘိသကဲ့သို့ရှိ၏။ လူတို့၏ တိုးတက်မှုသမိုင်းကို ဤနေရာမှာ ထက်ပို၍ ကမ္ဘာတစ်ဝန်းလုံးရှိ အခြားမည်သည့်နေရာတွင်မျှ ပြည့်စုံစွာ တွေ့နိုင်မည် မဟုတ်ချေ။ ရွှံမံတဲကုပ်ကလေးများတွင် နေထိုင်ခဲ့ရာမှ ပိုမိုခိုင်ခန့်သော အဆောက်အအုံများကို ဆောက်လုပ်တတ်လာခြင်း၊ သတ္တုများကို တူးဖော်အသုံးပြုတတ်လာ ခြင်း၊ စာဖြင့် ရေးသားမှတ်တမ်းတင်လာခြင်း စသည်ဖြင့် နိုင်း မြစ်ဝှမ်းတွင် အဓိကအားဖြင့် ရှေးဦးယဉ်ကျေးမှု အစပျိုးခဲ့လေ သည်။ ထိုဒေသ၏ရာသီဥတု ခြောက်သွေ့ ခြင်း၊ မိုးပါးခြင်း သဲအတိရှိခြင်းတို့ကလည်း ရှေးဟောင်းယဉ်ကျေးမှု အကြွင်း အကျန်များကို တာရှည်ခံစေရန် ကူညီ ထိန်းသိမ်းပေးသကဲ့သို့ ရှိနေသောကြောင့် အခြားနိုင်ငံများထက် ဤနိုင်ငံတွင် ပိုမို တွေ့ရခြင်း ဖြစ်လေသည်။ သဲမြေ၏အောက် ကျောက်မြေလွှာတွင် ရှေးအခါက လူကောင်မြှုပ်ရာ တွင်ကြီးများနှင့် လူရိုးများကို တွေ့ရ၍ ထိုလူရိုးများမှာ လွန်ခဲ့သော ၆၆ဝဝဝ ခန့် ကျောက်ခေတ် နှောင်းမှ တောင်သူလယ်သမား များနှင့် အကြီးအကဲတို့၏ အရိုးများ ဖြစ်သည်ဟု ယူဆကြသည်။ ထိုအရိုးစုများ အနီးတွင် ကျောက်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများနှင့် မြေအိုး၊ မြေခွက်များကိုလည်း တွေ့ရလေရာ သတ္တုကို အသုံး မပြုတတ်သေးမိကပင် အစားအစာနှင့် သောက်ရေသုံးရေထည့် ရန် အိုးခွက်များကို ကျနစွာ လုပ်နိုင်ကြောင်း သိရလေသည်။ ဆေးရေးအရုပ်များကို ကြည့်ခြင်းအားဖြင့်လည်း အကြီးအကဲ လုပ်သူများသည် ရေသွယ်တူးမြောင်း တာတမံများကို ကြီးကြပ် အုပ်ချုပ်ပုံနှင့်တကွ ကောက်ပဲသီးနှံနှင့်လျှော်များကို အခွန်တော် အဖြစ် ခံယူပုံများကို သိရ၏။ ထိုမှတစ်ပါး ထိုခေတ်က အသုံး ပြု၍ ကြွင်းကျန်ရစ်ခဲ့သော အဝတ်ပိုင်းများ၊ ဂျုံစပါး၊ မုယော စပါးများ၊ လှေငယ် တက်စင်းပုံများ ရေးခြယ်ထားသည့် ပန်း စိုက်အိုးကြီးများကို မြင်ရသဖြင့် ထိုခေတ်က အခြေအနေကို ခန့်မှန်း နိုင်လေသည်။ အလွန်ရှေးကျသည်ဆိုသော ဂရိတို့ပင် အီဂျစ်နိုင်ငံနှင့်စာသော် ကလေးအရွယ်မျှသာရှိသေး၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က အီဂျစ်နိုင်ငံကို အုပ်စိုးသွားသည့် ကလီယိုပါးထရား ဘုရင်မခေတ်မတိုင်မီကပင် နှစ်ပေါင်း ၂ဝဝဝ ခန့် ကျော်လွန်ခဲ့ပြီဟု သမိုင်းများတွင် ဖော်ပြထားသောကြောင့်တည်း။ လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်က ရှေးဟောင်းပစ္စည်း ကမ္ပည်းကျောက်စာများ တူးဖော်သူတို့၏ ကျေးဇူးကြောင့်သာ အီဂျစ်နိုင်ငံ၏သမိုင်းစဉ်များကို ကောင်းစွာသိရှိနိုင်ကြပြီးလျှင် ခရစ်မပေါ်မီ နှစ်ပေါင်း ၅ဝဝဝ ခန့်က အီဂျစ်ပြည်သား များသည် ထိုစဉ်က ရွှံမံထားသည့် တဲပုတ်များ၌နေထိုင်ကာ ကျောက်တုံးများ၊ အမဲရိုးများကို လက်နက်ကိရိယာများ ပြုလုပ်အသုံးပြုခဲ့ကြကြောင်း၊ သတ္တု၏အမျိုးမျိုးအသုံးဝင်ပုံကို တစ်စ တစ်စ သိလာကြကြောင်း၊ ထိုစဉ်ကပင် လူများသည် လယ်မြေများတွင် ရေကိုသွင်းယူ၍ စပါး၊ ဂျုံ စသည်တို့ကို စိုက်ပျိုးကြောင်း၊ အထည်ရက်ခြင်း၊ အိုးခွက်လုပ်ခြင်းစသည့် အလုပ်များကိုလည်းလုပ်ခဲ့ကြောင်း စသည်တို့သည် ဘွင်းဘွင်း ကြီး ပေါ်လာလေသည်။ ၁၇၉၉ ခုနှစ်၌ နပိုလီယန် စစ်သည်တော်များသည် အီဂျစ်နိုင်ငံ၌ ကတုတ် ကျင်းများကို တူးဖော်ရာတွင် အလျားသုံးပေ ကိုးလက်မ အနံ နှစ်ပေ လေးလက်မခွဲရှိ၍ ချော်နက်ကျောက် တုံးကြီးတစ်ခုကို တွေ့ကြရ၏။ နိုင်းမြစ်ဝတစ်ခုရှိ ရိုမ္ဘက်တာမြို့အနီးတွင် တွေ့ရ၍ ထိုကျောက်တုံးကို ရိုမ္ဘက်တာကျောက်တုံး ဟု အမည် ပေးထားလေသည်။ ( ရိုဇက်တာကျောက်စာ။)

ကျောက်တုံးပေါ်ရှိ စာများမှာ ထိုစဉ်ကရုံးသုံးစာဖြစ်သည့် ဂရိဘာသာနှင့် အီဂျစ်ဘာသာများဖြင့် ရှေးအီဂျစ်ဘုရင်တစ်ပါး ၏ အမိန့်ပြန်တမ်းအကြောင်းကို ရေးသားထားသည်။ အီဂျစ် ဘာသာဖြင့် ရေးထိုးရာတွင် ဟိုင်ယာရို ဂလစ်ဖစ်ခေါ် ရုပ်ပုံ စာရေးနည်းဖြင့်လည်းကောင်း၊ ဒီမိုတစ်ခေါ် လူသိများသော ရှေးအီဂျစ်စာရေးနည်းဖြင့်လည်းကောင်း ရေးထားသည်ကို တွေ့ရလေသည်။ ဤသို့ဖြင့် ကျောက်စာပညာရှိများသည် ဂရိဘာသာပြန်ကို အီဂျစ်စာမူများနှင့် တိုက်ဆိုင်နှိုင်းရှည်ကာ ီဂျစ်ရုပ်ပုံစာများဖြင့် ရေးသားထားသည့်စာများကို ဖတ်လာနိုင်ကြပြီးလျှင် အီဂျစ် နိုင်ငံ၏ ရှေးဟောင်း သမိုင်းများကို အတော်စုံလင်စွာ လေ့လာလိုက်စားနိုင်ခဲ့ကြသည်။ နှောင်းခေတ်များတွင် အီဂျစ်လူမျိုးတို့ တည်ဆောက်ခဲ့သည့် သင်းချိုင်းဂူများကို ကြည့်ခြင်းဖြင့် သမိုင်းအစဉ်အဆက်နှင့်တကွ သူတို့၏ တိုးတက်လာပုံကို ကောင်းစွာ သိရလေသည်။ ထို အချိန်သို့ရောက်သောအခါ အီဂျစ်နိုင်ငံသားများသည် ပပိုင်းရပ် စာခွေများ ပြုလုပ်တတ်နေပြီဖြစ်ကြောင်း၊ ရုပ်ပုံစာမှ အက္ခရာ ဖြင့် ရေးသောစာသို့ တိုးတက်လာပြီဖြစ်ကြောင်း သိရ၏။ ထိုအပြင် အံ့0x100သဖွယ် အကောင်းဆုံးမှာ မပုပ်မသိုး မပျက် မစီးဘဲ ပကတိအတိုင်း တည်နေသည့် ရှေးဘုရင်များ၏ အလောင်းများကို တွေ့ရခြင်း ဖြစ်သည်။ ( ပ ပိုင်းရပ်ပင်။)

( မံမီရုပ်ကလာပ်-။)

ကမ္ဘာ့သမိုင်းတွင် အဖြစ်အပျက်တစ်ရပ်နှင့် စပ်လျဉ်း၍ အစောဆုံးနှင့် အတိကျဆုံးပြောနိုင်သော ခုနှစ် သက္ကရာဇ်မှာ ဘီစီ ၄၂၄၁ ခုနှစ်ဖြစ်၍ ထိုနှစ်တွင် အီဂျစ်လူမျိုးတို့သည် ရက်ပေါင်း ၃ဝ စီရှိ၍ လပေါင်း ၁၂ လပါဝင်သည့် ပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။ ဘီစီ ၃၄ဝဝ ခန့်တွင် သီးနစ်မြို့၌ ဖွားရာဇာတိရှိသော မီးနီး ဘုရင်သည် ထိုစဉ်က အီဂျစ်အထက်ပိုင်းနှင့်အောက်ပိုင်း ဟူ၍ ကွဲပြားနေခဲ့သော နှစ်နိုင်ငံလုံးကို စုပေါင်း အုပ်ချုပ်ခဲ့၏။ သီးနစ်မြို့မှာ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၅ဝ ခန့်အကွာ တွင်ရှိ၍ မြို့ပတ်ဝန်းကျင်တွင် မြေအောက်ဂူကြီး အများအပြား ကို တွေ့ရ၏။ တစ်ခုသောဂူမှာ မီးနီးဘုရင်သင်းချိုင်းရာပင် ဖြစ်ဟန်ရှိ၍ ထိုဂူတွင်း၌ မှတ်တမ်းများ ရေးထိုးထားသည့် ကျောက်စီဆင်စွယ်များ၊ အက်ဗနီသစ်သားပြားများကို တွေ့ရ၏။ ထိုမှတ်တမ်းများ၌ ထိုခေတ်ကမင်းများ ကုသိုလ်ကောင်းမှုလုပ်ပုံ၊ စီမံအုပ်ချုပ်ပုံ၊ သဲကန္တာရအတွင်းမှ လူရိုင်းများနှင့် စစ်တိုက်ပုံ များ ပါရှိလေသည်။ ဂရိသမိုင်း ဆရာကြီး ဟီရော့ဒိုးတပ် အဆိုအရ ရှေးအီဂျစ် လူမျိုးများသည် အယူဝါဒဆိုင်ရာတွင် အလွန် ရိုသေကိုင်းရှိုင်း သူများ ဖြစ်သည့်အတိုင်း လူ၏ဝိညာဉ်သည် သေပြီးနောက် မပျောက်မပျက်ဘဲ တည်နေ၍ ဘဝတစ်ပါးတွင် အိုဆိုင်းရစ် နတ်မင်းကြီးထံ မိမိဘဝ ကောင်းမှုပြုလုပ်ခဲ့သည့် ကောင်းမှု မကောင်းမှုတို့ကို အစီရင်ခံရကြောင်း။ ထိုဝိညာဉ်သည် မိမိ၏ရုပ်အလောင်း ရှိရာသို့ပြန်လာ၍ မိမိအတွက်ထားသော စားဖွယ်သောက်ဖွယ်များကို စားသောက်ခြင်း၊ ကျမ်းစာများကို ဖတ်ခြင်း၊ အခြားအသုံးအဆောင်များကို ခံစားခြင်းစသော အမှုများကို ပြုလုပ်နိုင်ကြောင်း အယူရှိသည်ဟု ဆိုလေသည်။ သို့ဖြစ်၍လည်း ရှေးအီဂျစ်ပြည့်ရှင် ဖဲရိုးဘုရင်များသည် မိမိတို့သင်းချိုင်းရာအတွက် မြေထဲတွင် အုတ်ဖြင့် ပြီးသော ဂူကြီးများကို မသေမီကပင် ကြိုတင်တည်ဆောက်ထားလေ့ရှိကြ ၏။ ဘီစီ ၃ဝဝဝ ခန့်သို့ ရောက် လတ်သော် ပိရမစ်ဂူသင်္ချိုင်း ကြီးများကို တည်ဆောက် လာကြလေသည်။ ( ပိရမစ်-။)

အီဂျစ်နိုင်ငံသမိုင်း၏ ဒုတိယအခန်းကို အောက်ပါအမှတ် အသားများဖြင့် သိရ၏။ ကိုင်ရိုမြို့တောင်ဘက် ၁၂ မိုင်ခန့် အကွာတွင် ရှေးမြို့တော်ကြီး ဖြစ်သော မင်းဖစ်မြို့ကြီးရှိရာ ခုနစ်ရာခုနှစ် အတွင်းက အာရပ်လူမျိုးများ၊ ဖျက်ဆီးပစ်လိုက် သောကြောင့် ယခုအခါ ဂရင်းနိုက် ကျောက်တုံးအချို့၊ ကျောက် ရုပ်တု အကျိုးအပဲ့ အချို့နှင့် အုတ်ကျိုးအုတ်ပဲ့အပုံများ အနည်း ငယ်သာ တွေ့ရလေတော့သည်။ ရှေးဘုရင်များ၏ အလောင်းများထားရာ ပိရမစ်ကြီးများကား ယခုတိုင် ကျောက်တောင်သဖွယ် မားမား မတ်မတ် တည်ရှိကြ သေး၏။ ထိုပိရမစ်များ အတွင်း၌ ဘုရင်၏ရုပ်ကလာပ်ထားသော သီးခြားအခန်းတစ်ခုစီ ရှိမြဲဖြစ်ပေသည်။ ဤအခန်းတွင် ဖဲရိုးခေါ် ရှေးဘုရင်တို့၏ ရုပ်ကလာပ်ကို အီဂျစ်လူမျိုးများ တတ်မြောက်သည့်နည်းဖြင့် နှစ်ပေါင်းများစွာ ခံလေအောင် ဆေးဆိမ်လျက် ကျောက်မျက်ရတနာများ၊ အဖိုးတန်အထည် ကောင်းများဖြင့် ရစ်ပတ်ခြယ်လယ်၍ထား၏။ ( မံမီရုပ်ကလာပ်-။)

သို့သော် ကျောက်ခေါင်းများကို ရှေးနှစ်ပေါင်း များစွာကပင် လူမသမာတို့ ထွင်းဖောက်၍ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြပြီးဖြစ်သည်။ မင်းဖစ်မြို့ အနီးတွင် ရှေးအကျဆုံးဖြစ်သော အုတ်ဂူကြီး တစ်ခုရှိရာ ထိုဂူကြီးမှာ ဇိုဇာဘုရင်၏ သင်္ချိုင်းဂူဖြစ်၍ မူလ ထိပ်ပြား အုတ်ဂူကြီးတစ်ခုအပေါ်တွင် အုတ်ဂူငယ်များကို အဆင့်ဆင့် ထပ်ကာပုံကျအောင် တည်ထားသောဂူမျိုး ဖြစ်လေသည်။ အခြားအံ့ဘနန်း ပိရမစ်သင်းချိုင်းဂူတစ်ခုလည်း ရှိသေး၏။ ထိုဂူမှာ ဘေးတဘက်လျှင် ၇၅၅ ပေကျော် အလျားရှိ၍ ပေ ၅ဝဝ ခန့် မြင့်သည်။ ဂူကြီး၏ အောက်ခြေမှာ ၁၃ ဧကခန့် ရှိသည်။ ထိုပိရမစ်ဂူကြီးသည် ထုံးကျောက်တုံးပေါင်း ၂၃ဝဝဝဝဝ ဖြင့် တည်ဆောက်ထားသဖြင့် တစ်နေ့လျှင် လူကြမ်းတစ်ယောက် အလုပ်လုပ်နိုင်သည့် အင်အားဖြင့် ခန့်မှန်းသော်လူပေါင်း ၁ဝဝဝဝဝ နှင့် နှစ်ပေါင်း ၂ဝ မျှတည်ဆောက် ပြီးပေလိမ့်မည်။ ထိုဂူကြီးမှာ ကိုင်ရိုမြှို့နှင့် မျက်နှာချင်းဆိုင် ဂီးဇာသင်္ချိုင်း ရာတွင် ရှေးအခါက ခူးဖူးဘုရင် တည်ထားခဲ့သော် ဂရိတ်ပိရမစ်ပေတည်း။ လူ၏မျက်နှာနှင့်ခြင်္သေ့ကိုယ်ပုံသဏ္ဌာန် တည်ထားသည့် စဖင့်ကျောက်ရုပ်ကြီးများအကြောင်းကား ဤသို့ ဖြစ်၏။ ( စဖင့်ရုပ်များ-။)

အထက်ပါ ခူးဖူးပိရမစ်ဂူကြီးနှင့် မနီးမဝေး၌ အတန် ငယ်သေးသော ခါဖရာဘုရင်၏ ပိရမစ်သင်္ချိုင်းဂူ တစ်ခုရှိရာ ထိုရှေ့၌ စဖင့်ရုပ်ကြီးတစ်ခု ရှိ၏။ ထိုစဖင့်ရုပ်ကြီး၏ ဦးခေါင်းမှာ ခါဖရာဘုရင်၏ ဦးခေါင်းပုံတူ ဖြစ်သည်ဟု အဆိုရှိသဖြင့် အခြားစဖင့် ရုပ်များ၏ ဦးခေါင်းများသည်လည်း အခြားဘုရင်များ၏ ဦးခေါင်း ပုံတူများဖြစ်ရမည်ဟု ခန့်မှန်းရ၏။ ထိုပိရမစ်များအနီးတွင် အမိုးပြားနှင့် ဆောက်လုပ်ထားသော ဂူငယ်ကလေးများ ရှိရာ၊ ယင်းသည့် ဂူငယ်ကလေးများမှာ မှူးမတ်သေနာပတိများ၏ သင်္ချိုင်းဂူများ ဖြစ်သည်။ ခါဖရာအမည်ရှိ ပိရမစ်ဂူကြီး အနီးတွင် ဘုရားရှိခိုးကျောင်း ကြီးတစ်ဆောင်ရှိ၍ ခန်းမကြီးမှာ အလွန် ကျယ်ဝန်းပြီးလျှင် လေးမြေ|ာက်ကျောက်တိုင်ကြီးများဖြင့် ဆောက်လုပ်ထား၏။ အမိုးပေါ်တွင် ဘုံသုံးဆင့်ရှိရာ အလယ်ဘုံသည် ဘေးနှစ်ဘက်ရှိ ဘုံများထက် မြင့်၏။ အလယ်အမိုးနှင့်အောက်အမိုး ဆက်သွယ် ထားသည့် နံရံပေါက်များမှ အလင်းရောင်ဝင်နိုင်၍ ဆောက် ထားပုံ လက်ရာများသာမက အင်ဂျင်နီယာအတတ်နှင့်တကွ ပုံစံ ထုတ်သည့်အတတ်ပညာများသည် အလွန် ချီးကျူးထိုက်ပေ၏။ မှူးမတ်သေနာပတိများ၏ သင်္ချိုင်းဂူများ၌လည်း ဝတ်ကျောင်းများရှိရာ ပေးကမ်းထောက်ပံ့ကြ၏။ ဘုန်းကြီးများကမူ သေသူ၏ ဝိညာဉ်အတွက် အစာကျွေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ဂါထာမန္တရားရွတ်ဖတ်ခြင်းများကို အချိန်မှန် ပြုလုပ်ပေးလေသည်။ နှောင်းလူများလက်ထက်၌ ပပိုင်းရပ် စာခွေများပေါ်တွင် ဆုတောင်းစာများ၊ ဂါထာ မန္တရားများကို ရေး၍ လူသေနှင့် တစ်ပါတည်း မြှုပ်နှံခဲ့သည်ကို တွေ့ရသည်။ ပိရမစ်များ တည်ဆောက်ခဲ့သည့်ခေတ်က ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်စသည့် အနုသုခုမပညာရပ်များ တိုးတက်ထွန်းကား နေကြောင်း ထင်ရှား၏။ ပုံတူရုပ်ထုလုပ်သူများက သစ်သားကို သော်လည်းကောင်း၊ ကျောက်ကိုသော် လည်းကောင်း၊ ပုံတူထု လုပ်နိုင်ပြီးလျှင် မျက်လုံးနေရာ၌ ကျောက်သလင်းများကို ထည့်ထားခြင်းဖြင့် သဘာဝကျအောင် ကြိုးစားခဲ့၏။ ဆေးရောင်စုံဖြင့်လည်း နဂိုအတိုင်းနှင့်တူအောင် ဆေးခြယ်ထား၏။ သို့သော် အဝေးကြည့် အချိုးအစားနှင့်တကွ အကြီးအငယ် အချိုးအစား များတွင် မှန်ကန်ခြင်း မရှိသေးချေ။ ဘုရားရှိခိုးကျောင်း နံရံနှင့် အမိုးများ၌ ထုလုပ်ရေးခြယ် ထားသော ရုပ်လုံးနှင့်ပန်းချီကားများမှာ မှူးမတ်မြေ ပိုင်ရှင်ကြီးများ အုပ်စိုးရာ ဒေသ၏ ပတ်ဝန်းကျင်ဘဝကို ဖော်ပြသည်။ ယင်းတို့၏ ကျွဲအုပ် နွားအုပ်များကို လည်းကောင်း၊ လယ်သမားတို့ ထွန်ယက်စိုက်ပျိုးနေပုံကိုလည်းကောင်း တွေ့ရသည်။ ထိုပြင် လက်မှုပညာ သည်များသည် မိမိတို့ ဆိုင်ရာလုပ်ငန်း များ လုပ်ကိုင်နေပုံကိုလည်း ဖော်ပြထားသည်ကို တွေ့ရလေ သည်။ ပိရမစ်များကို စတင်တည်ဆောက်သည့် ဘုရင်များ လက်ထက်တွင် အီဂျစ်နိုင်ငံ၌ ယဉ်ကျေးမှုအနုပညာများ ထွန်းကားနေရုံမျှမက လက်မှုပညာများလည်း ထွန်းကားခဲ့ ကြောင်း သိရ၏။ ထိုပြင် ဘုရင်များ ကိုယ်တိုင်လည်း ပစ္စည်း ဘဏ္ဍာ ရတနာရွှေငွေနှင့် ပြည့်စုံကြောင်း၊ တန်ခိုးအာဏာ 0x100သဇာတိက္ကမနှင့်ပြည့်စုံကြောင်း ထင်ရှား၏။ ထိုခေတ်က ကောက်ပဲသီးနှံကိုသော်လည်းကောင်း၊ သက်ရှိတိရစ္ဆာန်များကို သော်လည်းကောင်း အထည်အလိပ်၊ ဝိုင်အရက် ပျားရည်မှ စ၍ သက်မဲ့ဝတ္ထုပစ္စည်းများကိုသော်လည်းကောင်း အခွန်တော်အဖြစ် ပေးဆောင်ကြရ၏။ ဘုရင်များကိုယ်တိုင်ကပင် ဖီနီရှားနိုင်ငံနှင့် အာဖရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်းသို့ သင်္ဘောများ စေလွှတ်ကုန်သွယ် စေခြင်း၊ ဆူဒန်နယ်သို့ မြည်းဝန်တင်များ လွှတ်ကာ ဆင်စွယ်၊ ငှက်ကုလားအုပ်မွေး၊ အမွှေးနံသာများကို လဲလှယ်ဝယ်ယူစေခြင်း စသည်တို့ကို ပြုလုပ်ခဲ့လေသည်။ ဤသို့ ယဉ်ကျေးမှုများ ထွန်းကားသည့်ခေတ် (ပိရမစ် ခေတ်)မှာ နှစ်ပေါင်း ၅ဝဝ ခန့် တည်နေခဲ့ပြီးနောက် ဘီစီ ၂၅ဝဝ ခန့်တွင် အီဂျစ်မှူးကြီးမတ်ကြီး များသည် ဆင်းရဲသား၊ လယ်သမားနှင့်အလုပ်သမားတို့ အပေါ်တွင် ကံကျွေးချစနစ်ဖြင့် လွှမ်းမိုးလာစ ပြုတော့၏။ ဤသို့ဖြင့် ဘုရင်များ အပေါ်၌ပင် တုပြိုင် ကျော်လွန် နိုင်ခဲ့ကြလေသည်။ ထိုမြေပိုင်ရှင် မှူးမတ်ကြီးများ၏ သင်္ချိုင်းဂူများကို နိုင်းမြစ်ဝမှ မိုင် ၂ဝဝ ခန့် မြစ်ညာ သို့ ဆန်တက်သောအခါ မြစ်ကမ်းဘေးတွင် တွေ့မြင် နိုင်လေသည်။ ထိုသင်္ချိုင်းဂူများတွင် ရှေးအကျဆုံးသော ပပိုင်းရပ်စာခွေ စာအုပ်များကို တွေ့ရ၏။ အချို့စာအုပ်များ၌ ပုံဝတ္ထုများ ပါရှိ၍ အာရှတိုက်အတွင်း စွန့်စားသွားရောက်ပုံများ သင်္ဘောပျက်ပုံများ ပါရှိကာ၊ အချို့စာအုပ် များ၌ မျက်လှည့်အတတ်များ ပါရှိသည့် ပြင် အချို့စာအုပ်များ၌ ဘုရင်များအား ချီးကျူးရေးသား ထားသည့် ကဗျာလင်္ကာများကိုလည်း တွေ့ရ၏။ ဂူတစ်ခုတွင် ဆေးကျမ်းတစ်ကျမ်းကိုလည်းကောင်း၊ အခြားဂူတစ်ခုတွင် မင်းသမီး တစ်ပါး၏ လက်ဝတ်ရတနာများကိုလည်းကောင်း တွေ့ရလေသည်။ ထိုခေတ်ဖဲရိုးဘုရင်များသည် ရေသွင်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းများ တူးဖော်ခဲ့၍ ပင်လယ်နီ၏ မြောက်ဘက်အစွန်း မှသည် နိုင်းမြစ်၏အနီးဆုံးသော မြစ်လက်တက်သို့ အရောက် တူးမြောင်းတစ်ခု သွယ်တန်းဖောက်လုပ်ခဲ့၏။ ကံကျွေးချ စနစ်ခေတ်၏ အရှိန်အဝါသည် ဘီစီ ၂ဝဝဝ ခန့်မှ ၁၈ဝဝ ခန့်အတွင်း အမြင့်မားဆုံး ဖြစ်ခဲ့၏။ ထိုနောက် တွင် အီဂျစ်နိုင်ငံကို တိုင်းတစ်ပါးမှ မင်းများ ဝင်ရောက်အုပ်စိုး ခဲ့၏။ ထိုမင်းများကို သိုးထိန်း ဘုရင်များဟု အသိအမှတ်ပြုကြ ၏။ မြင်းများကိုအီဂျစ်နိုင်ငံသို့ ရှေးဦးစွာ ယူဆောင်လာသူများမှာ ထိုသိုးထိန်း ဘုရင်များပင် ဖြစ်လေသည်။ ကိုင်ရိုမြို့ အထက် မိုင်ပေါင်း ၄ဝဝ ခန့်ကွာသော နေရာ တွင် မြစ်သည် ကျယ်ပြန့်သွား၍ အနောက်ဘက်ကမ်း သီးဗီး လွင်ပြင်တွင် တတိယအေမင်ဟိုတက် ဘုရင်၏ရုပ်တုကြီးနှစ်ခု တည်ရှိ၏။ အီဂျစ်အင်ပိုင်ယာကြီး အထွန်းကားဆုံးအချိန်က ကျဉ်းမြောင်းသော နိုင်းမြစ်ဝှမ်း၌သာမဟုတ်ပဲ နိုင်းမြစ် စတုတ္ထ မြစ်ကျဉ်းမှသည် မက်ဆိုပိုတေးမီးယားရှိ ယူဖရေးတီးမြစ်သို့ တိုင်အောင် ကျယ်ပြန့်ခဲ့၏။ ဤသို့အားဖြင့် သီးဗီးလွင်ပြင် ဒေသတွင် ရှေးဟောင်း အဆောက်အအုံ အပျက်အစီးတို့ဖြင့် ပြည့်နှက်လျက် ရှိလေသည်။ လတ်ဇောမြို့၏ အရှေ့မြောက်ဘက်တွင် ကာနက်မြို့ရှိ၍ ထိုမြို့မှ ဘုရားရှိခိုးကျောင်းများ ရှိရာသို့သွားရာ လမ်းတစ်လျှောက် တစ်ဖက်တစ်ချက်တွင် သိုးခေါင်းနှင့် စဖင့်ရုပ်များ စီတန်းတည်ရှိနေသည်ကို တွေ့ရ၏။ ထိုမြို့တွင်ပင် တိုင်လုံးကြီး များဖြင့် စီတန်းစိုက်ထူထားသည့် အလွန်ကြီးကျယ် ခမ်းနား သော ခန်းဆောင်ကြီး တစ်ခု ရှိ၏။ အလယ်စင်္ကြံတိုင်ကြီးများ မှာ ၆၈ ပေမြင့်၍ လုံးပတ် ၃၃ ပေရှိသည်။ ထိုဘုရားရှိခိုး ကျောင်းကြီးများအနီး၌ ကျောက်တုံးတစ်တုံးပေါ်တွင် ရုပ်ကြွများကို ထွင်းထု၍ထားရာ ထိုကျောက်တုံးကြီးမှာ ပေ ၉ဝ ခန့်မြင့်၍ ထိုရုပ်ကြွများသည် အာရှတိုက်တွင် အီဂျစ်တို့ စစ်ခင်းခဲ့ပုံကို ဖော်ပြလေသည်။ ထိုဘုရားရှိခိုးကျောင်းများ၏ ပရဝုဏ်များအတွင်းတွင် ယခင်က ဘုန်းကြီးများ နေထိုင်ခဲ့ကြ၍ ယင်းတို့သည် တိုင်းသူပြည်သားများက လှူဒါန်းသောပစ္စည်းများဖြင့် ချမ်းသာလာပြီးလျှင် ရွှေငွေရတနာ လယ်ယာ ခြံမြေများကို ပိုင်ဆိုင်ကြ၏။ သူတို့သာ ပညာတတ် လူတန်းစားမျိုး ဖြစ် သည်။ တန်ခိုးဣဒ္ဓိပါဒ် အမျိုးမျိုးနှင့် ပြည့်စုံသည်ဟု ယူဆကြ ၏။ သို့ဖြင့်လည်း ဘုန်းကြီးများ တန်ခိုးအလွန်ကြီးလာ၍ 0x100သဇာတိက္ကမနှင့် ပြည့်စုံခဲ့ကြလေသည်။ သီးဗီးလွင်ပြင်ဒေသ၌ အီဂျစ်ဘုရင်နှင့် မိဖုရားသင်္ချိုင်းဂူ အချို့မှာ ယနေ့တိုင်အောင် မဖွင့်ရသေးဘဲ ရှိနေ၏။ ကျောက်ဂူ ကြီးများအတွင်းတွင် အိမ်ထောင်ပရိဘောဂများ ခြံရံကာ ကျောက်ခေါင်းဖြင့် ထည့်ထားသော ဆေးစီရင်ထားသည့် အလောင်းကြီးများ ရှိသည့်နေရာသို့ အခန်းအမျိုးမျိုး လမ်း အသွယ်သွယ်ဖြင့် ဝင်ကြရ၏။ ၁၉ဝ၅ ခုနှစ်က သဲများအတွင်း တူးဖော်ရာ၌ အီဂျစ်သမိုင်းတွင် ဘီစီ ၁၅ဝဝ ခန့်လောက်က အုပ်စိုး၍ ထင်ရှားခဲ့သော ဟက်ရှက်စွတ် အမည်ရှိ ဘုရင်မ၏ သင်္ချိုင်းဂူနှင့် ဝတ်ကျောင်းတို့ကို တွေ့ရလေသည်။ ဝတ်ကျောင်း၏ နံရံတွင်သူ၏အတ္ထုပ္ပတ္တိကို ရေးထား၍ သူ့လက်ထက် နိုင်ငံခြားသို့ စွန့်စားစေလွှတ်ပုံများ၊ ကျောက်တိုင်ကြီးများကို နိုင်းမြစ်တစ်လျှောက်မှ ရေတပ်မတော်၏ ဖောင်ကြီးများဖြင့် သယ်ဆောင်လာပုံများကို ဆေးရေးအရုပ်များဖြင့် ဖော်ပြထားလေသည်။ ကျောက်တိုင်ကြီးများမှာ ပေ ၁ဝဝ ခန့်ရှည်၍ ထိပ်ဝကား ရှစ်ပေခန့်မျှ ကျယ်၏။ ထိုထက် အံ့0x100သဖွယ်ကောင်းသော တွေ့ရှိခြင်းမှာ အောက်ပါ အတိုင်းဖြစ်၏။ ဘီစီ ၁၃၅ဝ ခန့်က အီဂျစ်နိုင်ငံကို တူတန်ခမန်ဆိုသူ ဘုရင်တစ်ပါး အုပ်စိုးဘူူးရာ သူ၏အကြောင်းသည် နှစ်ပေါင်း ၃ဝဝဝ ကျော်ခန့်မျှ အမှတ်မထင်တိမ်မြှုပ်နေခဲ့ပြီးနောက် တူတန်ခမန်၏သင်းချိုင်းဂူနှင့် တကွသောအတွင်းမှ အဖိုးထိုက်တန်၍ ထူးဆန်းအံ့0x100သဖွယ်ကောင်းသော ပစ္စည်းများကို တွေ့ရပြီဟူသော သတင်းကို ကမ္ဘာက အံ့0x100သစွာ ကြားသိရ၏။ ထိုအချိန်မှာ ၁၉၂၂-၁၉၂၄ ခုနှစ်ဖြစ်၍ လော့ကာနာဗွန်နှင့် ဟောင်းဝပ်ကာတာတို့ ခေါင်းဆောင်သော ရှေးဟောင်းပစ္စည်း ရှာဖွေ တူးဖော်သော လူတစ်စုသည် ရှစ်နှစ်တိုင်တိုင် ဇွဲနှင့် ရှာဖွေပြီးနောက် ဤသို့ တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။ သင်္ချိုင်းဂူ၏ အတွင်းဆုံးအခန်းတွင် တောက်ပစွာသော ရတနာကျောက်မျက်ရွဲအမျိုးမျိုးဖြင့် မွမ်းမံစီခြယ် ထားသော တူတန်ခမန် ဘုရင်၏ ဆေးစိမ်ထားသည့် ရုပ်အလောင်းကို တွေ့ရ၏။ အပြင်ခန်းများ၌ တွေ့ရ သည့်ပစ္စည်းများမှာ အလွန် ကောင်းသော လက်ရာဖြင့် ထုလုပ်ထားသော ရွှေ၊ ဆင်စွယ်နှင့် ရောင်စုံမှန်များ တပ်စီထားသည့် ရထားလေးစီး၊ သလွန်များ၊ ကုလားထိုင်များ၊ ထိုင်ခုံများ၊ ကျောက်မျက်ရတနာများ စီခြယ် ထားသည့် ရာဇပလ္လင်တစ်ခု၊ သေတ္တာအမျိုးမျိုးနှင့်ထိုအထဲတွင် နှစ်ပေါင်းများစွာ ခံလေအောင် ဆေးဖြင့် စီရင်ထားသည့် အစားအစာများနှင့် အခြားပစ္စည်းများ ဖြစ်လေသည်။ ဤသို့ တွေ့ခြင်းဖြင့် အီဂျစ်နိုင်ငံ ရှေးဟောင်း ခေတ်ယဉ်ကျေးမှုနှင့် အနုပညာရပ်များသည် မည်မျှလောက် အဆင့်အတန်း မြင့်ခဲ့သည်ကို သိသာနိုင်ပေသည်။ ၁၉ဝ၅ ခုနှစ်တွင် တွေ့ခဲ့သော သင်္ချိုင်းဂူရှင်ဟက်ရှက် စွတ်ဘုရင်မ မရှိသည့်နောက်၊ တတိယတော့ တမီးဆိုသူက ထီးနန်းကို ဆက်ခံ၍ နှစ်ပေါင်း ၅ဝ ကျော်ကျော် အုပ်စိုးခဲ့ ပြီးလျှင် အာရှတိုက် အနောက်ပိုင်း များကိုပင် တိုက်ခိုက် အောင်မြင်ခဲ့၏။ ထိုဘုရင်ကို ရှေးအီဂျစ်နပိုလီယန်ဟုလည်း အမည်မှည့်ထားလေသည်။ ထိုခေတ်က အီဂျစ်လူမျိုးများသည် ဘုရားအမျိုးမျိုးကို ကိုးကွယ်ကြရာ အက်ခနာတန်ဆိုသူ ဘုရင်တစ်ပါးသည် ဘုရားအများ ကိုးကွယ်ယုံကြည်မှုကို ဖျက်သိမ်း၍ ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ကြရန် စီမံခဲ့ဘူး လေသည်။ ထိုအက်ခနာတန်ဘုရင်ကား တူတန်ခမန်ဘုရင်၏ ယောက္ခမဖြစ်၏။ အဆိုပါ အက်ခနာတန်ဘုရင်သည် အားလုံးသောဘုရင်များအနက် သိန်းငှက်၏ ဦးခေါင်းရှိသော ရားခေါ် နေဘုရားတစ်ဆူတည်းကိုသာ အားလုံး ကိုးကွယ်ရန် စီမံခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအခါက နွား၊ မိကျောင်း၊ ကြောင်၊ အိမ်မြေ|ာင်စသည်တို့ကို ကိုးကွယ်ကြ၍၊ အမြတ်တနိုး ဆေးစိမ် ထားသော ထိုသတ္တဝါ အကောင်များကိုပင် အချို့နေရာ၌ တွေ့ရှိရလေသည်။ ထိုဘုရင်သည် သူ၏မြို့တော်ကို ကာနက်အရပ်မှ အမားနား အရပ်သို့ ရွှေ့ပြောင်းခဲ့၏။ အမားနားအရပ်၌ တယ်လ-အယ်လ -အမားနား စာချုပ်များကို တွေ့ရ၏။ ယင်းတို့မှာ ကျူနီဖောင်း စာပါသည့် မီးဖုတ်ရွှံ့ပြားများ ဖြစ်၍ အာရှတိုက်အနောက် ပိုင်းနေ ဘုရင်တစ်ပါးက ဆက်လိုက်ခြင်း ဖြစ်ပေမည်။ ( ကျူနီးဖောင်းစာ ။)

ဤအချက်ကို ထောက်ခြင်းဖြင့် ဆီးရီး ယား မြောက်ပိုင်းကို အာရှမိုင်းနားရှိ ဟစ်တိုက်လူမျိုးတို့က တိုက်ခိုက်အောင်မြင်ကြောင်းနှင့် တောင်ပိုင်းကို သဲကန္တရ အတွင်းမှ ဟီဗြူးတို့က သိမ်းယူခဲ့ကြောင်း သိရလေသည်။ ဟစ်တိုက်လူမျိုး၌ သံဖြင့်ပြုလုပ်သော လက်နက်များရှိပြီးလျှင် အီဂျစ်လူမျိုးတို့တွင်မူ ကြေးညိုဖြင့် ပြုလုပ်သော လက်နက်များ ရှိသည်။ ပထမဆေတီးနှင့် သူ၏သား ဒုတိယရမ်မီဆီးဘုရင်တို့ အုပ်ချုပ်စဉ်က အီဂျစ်နိုင်ငံကြီးသည် တန်ခိုး အာဏာ အလွန် ကြီးခဲ့၏။ ရမ်မီဆီးဘုရင်သည် နှစ်ပေါင်း ၆ဝ ကျော်အုပ်စိုးခဲ့၍၊ အဆောက်အအုံပေါင်း များစွာကို တည်ဆောက်ခဲ့၏။ အာရှ တိုက်ဘက်သို့ပင် ချီတက်တိုက်ခိုက်ကာ နယ်ချဲ့ခဲ့လေသည်။ ထိုနောက် အီဂျစ်နိုင်ငံကြီးကား တဖြည်းဖြည်း ပျက်စီးခြင်း ရောက်ရတော့၏။ ဘီစီ ခုနစ်ရာစုနှစ်တွင် အဆီးရီးယန်းလူမျိုး တို့က နှိမ်နင်းခြင်းခံရ၍ ခြောက်ရာစုနှစ်တွင် ပါးရှင်းတို့က နှိမ်နင်းခြင်းခံရလေသည်။ ထိုနောက် ဘီစီ ၃၃၂ ခုနှစ်တွင် မက်ဆီဒိုးနီးယန်းဘုရင် အယ်လက်ဇန္ဒာက တစ်ခါတည်း သိမ်းပိုက်ခဲ့ရာ သူ၏ လက်ထက်တွင် ခေတ်သစ်ထူထောင် သကဲ့သို့ ဖြစ်လာခဲ့လေသည်။ ဘီစီ ၃၂၃ ခုနှစ်တွင် အယ်လက်ဇန္ဒာဘုရင် ကွယ်လွန်၍ သူ၏ စစ်ဗိုလ်ကြီးတစ်ဦးသည် ပထမတော်လမီ ဟူသော ဘွဲ့ဖြင့် ဘီစီ ၃ဝ၅ ခုနှစ်တွင် ထီးနန်းကို ဆက်ခံပြီးနောက် တော်လမီမင်းဆက်သည် နောက်ဆုံး ကလီယိုပါးထရားဘုရင်မ ကွယ်လွန်သည့်အချိန် (ဘီစီ ၃ဝ)တိုင်ရောက်မှ အဆုံးသတ် လေသည်။ ( တော်လမီ။)

( ကလီယိုပါးထရားဘုရင်မ-။)

တော်လမီဘုရင်များသည် မိမိတို့၏ မြို့တော်ဖြစ်သော အယ်လက်ဇန္ဒြီးယား ဆိပ်ကမ်းမြို့မှနေ၍ အုပ်ချုပ် ခဲ့၏။ ယင်းတို့၏ သင်္ဘောတပ်များသည် အိန္ဒိယသမုဒ္ဒရာမှသည် ဟယ်လက်စပွန့်အထိ ဖြစ်သော ပင်လယ်ပြင်များကို ကြီးစိုးခဲ့သည်။ သူတို့သည် ပယ်လက်စတိုင်နှင့် အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ပြန်လည် သိမ်းပိုက်ခဲ့၍ အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ကမ္ဘာပေါ်တွင် စီးပွားရေးရာ၊ စာပေရေးရာနှင့် သိပ္ပံပညာ ရေးဆိုင်ရာ မြို့တော်အဖြစ်သို့ ရောက်အောင် စွမ်း ဆောင်ပေးခဲ့လေသည်။ ဦးစွာ၌ အက်လက်ဇန္ဒြီယားမြို့တွင် ခရစ်ယာန်များကို နှိပ်ကွပ်ခဲ့သော်လည်း နောင်သောအခါ အယ်လက်ဇန္ဒြီယားမြို့သည် ခရစ်ယာန် အယူဝါဒ ရေးရာတွင် ဦးဆောင်မှုပေးရာ ဌာနကြီးတစ်ခု ဖြစ်ခဲ့လေသည်။ သို့သော် ဘီစီ ၃ဝ ပြည့်နှစ်တွင် ကလီယိုပါးထရားဘုရင်မ မရှိသည့်နောက် အီဂျစ်နိုင်ငံသည် ရောမတို့ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့ရ၏။ ရောမတို့သည် အီဂျစ်နိုင်ငံမှ အခွန် အမျိုးမျိုးကို ထုခွဲ ကောက်ခံခဲ့၏။ ဤသို့ဖြင့် ရောမတို့လက် အောက်မှ တစ်ဖန်၊ ဗိုင်ဇင်းတိုင်ဘုရင်များ လက်အောက်တွင် နှစ်ပေါင်း ၃ဝဝ မျှ ည|ဉ်းပန်းနှိပ်စက် အုပ်စိုးခြင်း ခံခဲ့ရ၍ ခရစ်နှစ် ၆၄၁ ခုနှစ်တွင် ဆာရာဆင်တို့လက်အောက်သို့ ကျရောက်ပြီးလျှင် အရှေ့တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးခဲ့ရာ နှစ်ပေါင်း ၁၂ဝဝ ခန့်မျှ ကြာမြင့်ခဲ့၏။ ထိုအချိန်မှစ၍ အီဂျစ် နိုင်ငံတွင်းသို့ အစ္စလာမ်အယူဝါဒ ဝင်ရောက်ခဲ့လေသည်။ ၁၅၁၇ ခုနှစ်တွင် တူရကီတို့သည် အီဂျစ်နိုင်ငံကို အော်တိုမန် အင်ပိုင်ယာထဲသို့ သိမ်းသွင်းလိုက်ရာ ၁၉၁၄ ခုနှစ်အထိ အနည်းဆုံး အမည်ခံ အားဖြင့် တူရကီနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)