ယူဖရေးတီးမြစ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယူဖရေးတီးမြစ်သည် အာရှတိုက်အနောက်ပိုင်းတွင် အကြီးဆုံး ဖြစ်၍ တူရကီနိုင်ငံ မြောက် ပိုင်းရှိ တောင်တန်းများတွင် မြစ်ဖျားခံပြီးလျှင် ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတို့ကို ဖြတ်သန်း စီးဆင်းလာ ရာ မိုင်ပေါင်း ၁၇ဝဝ ခန့် ရှည် လျားသည်။ မြစ်ဝမှ အထက် မိုင် ၁ဝဝ ခန့်တွင် ယူဖရေးတီး မြစ်သည် တိုင်းဂရစ်မြစ်နှင့် ပေါင်းဆုံပြီးလျှင် ရှက်-တယ်- အာရပ် အမည်ဖြင့် ပါးရှင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ မြစ်ဝတွင် ချောင်းငယ်များ အဖြာဖြာခွဲဆင်းလျက်ရှိ၏။ မီးသဘေ‡ာဖြင့် မြစ်နှစ်သွယ် ဆုံရာအထိ ဆန်တက် နိုင်၍ လှေငယ်များဖြင့်မူကား မိုင် ၁၂ဝဝ မျှ အထိပင် ဆန်တက် နိုင်လေသည်။

ရှေးအခါက စ၍ ယခုထက်တိုင် မြစ်ရေကို ဆည်မြောင်း များဖြင့် သွယ်ယူလျက် မြစ်ဝှမ်းတွင် စိုက်ပျိုး လုပ်ကိုင်ကြ သည်။ အီရတ်နိုင်ငံ၌ ယူဖရေးတီးမြစ်ဝှမ်းသည် မြေဩဇာ အထက်သန်ဆုံးအပိုင်း ဖြစ်သည်။ ယူဖရေးတီးမြစ်နှင့် တိုင်း ဂရစ်မြစ်ဝှမ်းတို့သည် အလွန်ရှေးကျသောခေတ်က ယဉ်ကျေးမှု ထွန်းကားရာ အချက်အခြာဒေသဖြစ်ခဲ့ခြင်းကြောင့် သမိုင်းတွင် ထင်ရှားသည်။ ဗက်ဗီလုံးမြို့တော်ဟောင်းသည်လည်း ရှေးအခါ က ယူဖရေးတီးမြစ်ကမ်းပေါ်တွင် တည်ရှိခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)