ရေမြင်းပု

ဝီကီပီးဒီးယား မှ
ရေမြင်းပု
Pygmy Hippopotamus
A pygmy hippopotamus at Bristol Zoo
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Hippopotamidae
မျိုးရင်းသေး: Hippopotaminae
မျိုးစု: Choeropsis
Leidy, 1853
မျိုးစိတ်:
C. liberiensis
ဒွိနာမ
Choeropsis liberiensis
(Morton, 1849)[၂]
မျိုးစိတ်ခွဲ
  • C. l. liberiensis
  • C. l. heslopi
Range map[၁]
Synonyms[၁]
  • Hexaprotodon liberiensis
Showing its teeth at the Lagos Zoo in ပေါ်တူဂီ

ရေမြင်းပု (Pygmy Hippopotamus)၏ သိပ္ပံအမည်မှာ ချိုရော့ဆစ် လိုက်ဘေးရီးယန်းဆစ် ဖြစ်သည်။ အာဖရိကတိုက်၏အနောက်ပိုင်းရှိ သစ်တောများနှင့် စိမ့်တောများတွင် အများဆုံး တွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံတွင် အများဆုံးတွေ့ရပြီး ဆီရာလီယွန်နိုင်ငံဂီနီနိုင်ငံနှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင်လည်း တွေ့ရသည်။

အရပ်အမြင့်မှာ ၃ပေခန့် ဖြစ်သည်။ ကိုယ်အလေးချိန်မှာ ပေါင်၄၀ဝခန့် ဖြစ်သည်။ ရေမြင်းပုများသည် နေ့အချိန်တွင် အိပ်စက်နားနေကြပြီး ညအချိန်တွင် လှည့်လည်ကျက်စားသည်။ အစားအစာ မှာ မြက်၊ သစ်ဥနှင့် အသီးအရွက်များ ဖြစ်သည်။ ရေမြင်းများလောက် ရေစိမ်ရန် ကြိုက်နှစ်သက်ခြင်း မရှိပေ။ အ မများသည် ၁၈၆-၂၇၀ ရက် ဇီးလွယ်ပြီး တစ်ကြိမ်လျှင် သားငယ်တစ်ကောင် မွေးသည်။ သက်တမ်းမှာ ၃၅နှစ် ခန့် ဖြစ်သည်။

ရေမြင်းပုများမှာ သဘာဝတောထဲတွင် ကောင်ရေအနည်းငယ်သာ ကျန်ရှိသဖြင့် တန်ဖိုးကြီးသော တိရစ္ဆာန်များ ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Ransom, C. (2015). "Choeropsis liberiensis". IUCN Red List of Threatened Species 2015. IUCN. doi:10.2305/IUCN.UK.2015-2.RLTS.T10032A18567171.en. 
  2. Choeropsis liberiensisAmerican Society of Mammalogists။ 26 August 2021 တွင် ပြန်စစ်ပြီး။
  3. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်