ရီဂါမြို့

ဝီကီပီးဒီးယား မှ

ရီးဂမြို့[ပြင်ဆင်ရန်]

ရီးဂမြို့သည် လတ်ဗီးယားသမ္မတနိုင်ငံ၏ မြို့တော်ဖြစ်၍ ဒဗိနာမြစ်ဝမှ အတွင်းဘက်ရှစ်မိုင်ခန့် အကွာ ရီးဂပင်လယ်ကွေ့ တွင် တည်ရှိသည်။ မူလက ရီးဂမြို့သည် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရာ ဈေးမြို့ ကလေးမျှသာ ဖြစ်သည်။ ၁၉၁၇ ခုနှစ်အထိ ဂျာမနီနိုင်ငံထွက် ကုန်စည်များနှင့် နီးပါးမြစ်ဝှမ်း၊ ဗော်လဂါမြစ် ဝှမ်းထွက် ကုန်စည်များ လဲလှယ်ရောင်းဝယ်ရာ ဗဟိုဌာန ဖြစ်ခဲ့ သည်။

၁၇၁ဝ ပြည့်နှစ် ရုရှဇာဘုရင် ပီတာ-သ-ဂရိတ် လက် ထက်က လတ်ဗီးယားပြည်ကို ရုရှနိုင်ငံထဲသို့ သိမ်းသွင်းခဲ့လေ သည်။ ၁၉၁၇ ခုနှစ် ရုရှတော်လှန်ရေး ပြီးသည့်နောက် လတ် ဗီးယားသည် လွတ်လပ်သောသမ္မတနိုင်ငံ ဖြစ်လာသည်။ ၁၉၁၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့သည် ရီးဂမြို့ကို သိမ်းပိုက်ခဲ့ရာ ၁၉၄၄ ခုနှစ်သို့ရောက်မှ လွတ်မြောက်သည်။ ရီးဂမြို့တွင် တက္ကသိုလ်ကျောင်းအပြင် လက်မှုပညာသင် ကျောင်းနှင့် အနုပညာသင်ကျောင်းများလည်း ရှိသည်။

မော်စကိုမြို့ဘာလင်မြို့ဝါဆောမြို့များနှင့် မီးရထားခရီးဖြင့် ၎င်း၊ လေကြောင်းခရီးဖြင့်၎င်း အဆက်အသွယ်ရှိသည်။ ရီးဂမြို့ သည် လတ်ဗီးယားနိုင်ငံအတွက် သင်္ဘောဆိပ်မြို့ကြီးလည်း ဖြစ် သဖြင့် ရုရှနိုင်ငံထွက် သစ်ဆိုးဆေးအထည်အလိပ်၊ ဓာတု ဗေဒပစ္စည်း၊ စက်ကိရိယာနှင့်စက္ကူတို့ကို တင်ပို့သည်။ လူဦးရေ ၆၅၈ဝဝဝ ယောက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)