ရာသီခွင်

ဝီကီပီးဒီးယား မှ

တစ်နှစ်တွင် နေသည် အမြင်အားဖြင့် ကောင်းကင်၌ ရှိသော နက္ခတ်ခေါ် ကြယ်စု ၁၂ ခုကို ဖြတ်ကျော်သွား၍ ထိုနက္ခတ်များ တည်နေရာ နယ်နိမိတ်များကို ရာသီခွင်များအဖြစ်ဖြင့် ရှေးနက္ခတ်ဆရာများ လက်ထက်ကစ၍ သတ်မှတ်ထားခဲ့ကြသည်။ ရာသီခွင် တစ်ခွင်တွင် နက္ခတ်တလုံး(ကြယ်တစ်စု)ရှိ၍ အဆိုပါ ရာသီခွင်တစ်ခုစီကို ရုပ်ပုံတစ်ခုစီဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ထို ၁၂ ရာသီခွင်ကို နေသာမက၊ ကျန် အခြားဂြိုဟ်များလည်း ဖြတ်သန်းသွားလာကြသည်။ လက်တင်အမည်များဖြင့် ခွဲခြားထားသော ၁၂ ရာသီခွင်မှာ အောက်ပါအတိုင်းဖြစ်၍ ရာသီခွင်အတွင်းရှိ နက္ခတ်တို့၏ ရုပ်ပုံများကိုလည်း ယှဉ်တွဲဖော်ပြထားသည်။ အဆိုပါ လက်တင် အမည်များသည် ရှေးဂရိလူမျိုးတို့၏ အခေါ်အဝေါ်များမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။

သင်္ကေတ လောင်ဂျီတွဒ် မြန်မာအမည် လက်တင်အမည် အင်္ဂလိပ်အမည် ဂရိအမည် ဟိန္ဒူအမည် ဘေဘီလုံအခေါ်အဝေါ်[၁]
♈︎ ♈️ မိဿ Aries The Ram Κριός (Krios) Meṣha (मेष) MUL LU.ḪUŊ.GA "The Agrarian Worker", Dumuzi
♉︎ ♉️ 30° ပြိဿ Taurus The Bull Ταῦρος (Tavros) Vṛiṣhabha (वृषभ) MULGU4.AN.NA "The Steer of Heaven"
♊︎ ♊️ 60° မေထုန် Gemini The Twins Δίδυμοι (Didymoi) Mithuna (मिथुन) MULMAŠ.TAB.BA.GAL.GAL "The Great Twins" (Castor and Pollux)
♋︎ ♋️ 90° ကရကဋ် Cancer The Crab Καρκίνος (Karkinos) Karkaṭa (कर्कट) MULAL.LUL "The Crayfish"
♌︎ ♌️ 120° သိဟ် Leo The Lion Λέων (Leōn) Siṃha (सिंह) MULUR.GU.LA "The Lion"
♍︎ ♍️ 150° ကန် Virgo The Maiden Παρθένος (Parthenos) Kanyā (कन्या) MULAB.SIN "The Furrow"; "The Furrow, the goddess Shala's ear of corn"
♎︎ ♎️ 180° တူ Libra The Scales Ζυγός (Zygos) Tulā (तुला) MULZIB.BA.AN.NA "The Scales"
♏︎ ♏️ 210° ဗြိစ္ဆာ Scorpio The Scorpion Σκoρπιός (Skorpios) Vṛśhchika (वृश्चिक) MULGIR.TAB "The Scorpion"
♐︎ ♐️ 240° ဓနု Sagittarius The (Centaur) Archer Τοξότης (Toxotēs) Dhanuṣha (धनुष) MULPA.BIL.SAG, Nedu "soldier"
၁၀ ♑︎ ♑️ 270° မကာရ Capricorn "Goat-horned" (The Sea-Goat) Αἰγόκερως (Aigokerōs) Makara (मकर) MULSUḪUR.MAŠ "The Goat-Fish" of Enki
၁၁ ♒︎ ♒️ 300° ကုံ Aquarius The Water-Bearer Ὑδροχόος (Hydrokhoos) Kumbha (कुम्भ) MULGU.LA "The Great One", later "pitcher"
၁၂ ♓︎ ♓️ 330° မိန် Pisces The Fish[၂] Ἰχθύες (Ikhthyes) Mīna (मीन) MULSIM.MAḪ "The Tail of the Swallow", later DU.NU.NU "fish-cord"

ဟိန္ဒူနှင့် မြန်မာဗေဒင်ကျမ်းများအရ အေးရီးအစ ပိုက်ဆီး အဆုံးရှိသော ၁၂ ရာသီကို မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်ဟူ၍ အစဉ် အတိုင်း ခေါ်သည်။ ပုံများမှာ နှစ်မျိုးစလုံးပင် ထပ်တူဖြစ်သင့်သော်လည်း အနည်းငယ် ကွဲလွဲချက်များမှာ ဟိန္ဒူနှင့် မြန်မာ ဗေဒင်ကျမ်းများ၌ မိဿကို ဆိတ်ထီးပုံဖြင့်၎င်း၊ မေထုန်ကို ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဘက်၍ ရပ်နေသောပုံဖြင့်၎င်း၊ မကာရကို သမင်ခေါင်းရှိသော မကန်းမည်သော ရေသတ္တဝါ ပုံဖြင့်၎င်း ပေးထားသည်ကို တွေ့ရလေသည်။ မြန်မာစာပေရှိ ၁၂ ရာသီဆိုင်ရာ နက္ခတ်၊ တာရာ၊ ရာသီ၊ လ စသည်တို့၏ သဘောကို ဖော်ပြပါ ရာသီစက်အားဖြင့် သိမြင်နိုင်လေသည်။ ရာသီစက်တွင် နက္ခတ် ၂၇ လုံး ရှိသည့်အနက် နက္ခတ် စဉ်ကို အဿဝဏီမှ စ၍ ရေဝတီအဆုံးအထိ ရေတွက်ကြသည်။ နက္ခတ် ၂၇ လုံးသည် တာရာကိုးလုံးနှင့် တစ်ဖန် တိုက်ဆိုင် နေပြန်၍ ရာသီစက်ပုံကိုကြည့်လျှင် တာရာတလုံးသည် နက္ခတ် သုံးလုံးနှင့် တူညီနေသည်ကို တွေ့ရပေမည်။ တာရာကြီးကိုးလုံးကို ကျီးတာရာ၊ ဟင်္သာတာရာ စသည်ဖြင့် အသိအမှတ်ပြုထား သည်။ တစ်ရာသီမှ တစ်နှစ်၏ ၁၂ ပုံ တစ်ပုံ ဖြစ်၏။ နက္ခတ် တစ်လုံးကို လေးစိတ်စိတ်၍ တစ်စိတ်ကို တစ်ပါဒ်ဟုခေါ်သည်။ နက္ခတ်နှစ်လုံးနှင့် တစ်ပါဒ်သည် တစ်ရာသီဖြစ်သည်။ တနည်းအားဖြင့် ကိုးပါဒ်သည် တစ်ရာသီဖြစ်သည်။ ရာသီစက်တွင် နှစ်ဦး ဖြစ်သော မိဿရာသီ တန်ခူးလကို စိတြလေးပါဒ်၊ သွာတိလေးပါဒ်၊ ဝိသာခါပထမတစ်ပါဒ် ပေါင်း ကိုးပါဒ်နှင့် ညိ|၍ ခွဲထားသည်။ ကျန် ရာသီများကိုလည်း ဤနည်းအတိုင်း ပင် ခွဲထားသည်။ ရာသီစက်တွင် တန်ခူး၊ ကဆုန် စသော စန္ဒရမာသ မြန်မာလများနှင့် မိဿ၊ ပြိဿ စသော သူရိယ မာသရာသီများကို သိမြင်ရလွယ်အောင် တစ်မျိုးတည်း သဘော နှင့်ပင် ဖော်ပြထားသ်ည။ အမှန်အားဖြင့်ကား သူရိယ မာသနှင့် စန္ဒရမာသတို့မှာ တစ်မျိုးတည်း မဟုတ်ကြပေ။

[၃]

#
ဆယ့်နှစ်ရာသီခွင်၏သင်္ကေတများ

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. MUL.APIN; Peter Whitfield, History of Astrology (2001); W. Muss-Arnolt, The Names of the Assyro-Babylonian Months and Their Regents, Journal of Biblical Literature (1892).
  2. American Heritage Dictionary of the English Language 3rd ed., s.v. "Pisces."
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)