သိဟ် (ဗေဒင်)

သိဟ် (♌︎; အင်္ဂလိပ်: Leo; ရှေးဟောင်းဂရိ: Λέων, ရောမအက္ခရာ: Léōn, "ခြင်္သေ့" ဟု အဓိပ္ပာယ်ရသော လက်တင်စကားလုံး) သည် ရာသီခွင်၏ ပဉ္စမမြောက် လက္ခဏာဖြစ်သည်။ ၎င်းသည် လီယို ကြယ်စုတန်းနှင့် ကိုက်ညီပြီး ကရကဋ် ရာသီခွင်၏နောက်နှင့် ကန်ရာသီခွင်၏ရှေ့တွင် တည်ရှိသည်။ အစဉ်အလာ အနောက်တိုင်း ရာသီခွင်အရ လီယိုရာသီခွင်ကို ဇူလိုင်လ ၂၄ ရက်နှင့် ဩဂုတ်လ ၂၃ ရက်ကြား ကာလနှင့် ဆက်စပ်ထားပြီး၊[၁] ဤလက္ခဏာသည် ကောင်းကင်လောင်ဂျီကျု၏ ၁၂၀ ဒီဂရီမှ ၁၅၀ ဒီဂရီအထိ ကျယ်ပြန့်သည်။
လီယိုရာသီခွင်ကို မီးဓာတ်နှင့် ဆက်စပ်ထားပြီး မိဿနှင့် ဓနု ရာသီခွင်တို့နှင့်အတူ ပါဝင်ကာ ၎င်း၏ modality မှာ fixed (တည်မြဲသော) ဖြစ်သည်။ လီယို ကြယ်စုတန်းကို ဒဏ္ဍာရီလာ နီမီယန်ခြင်္သေ့ (Nemean lion) နှင့် ဆက်စပ်ထားသည်။[၂] ခြင်္သေ့သည် ဂရိဒဏ္ဍာရီတွင် အလွန်အရေးကြီးပြီး ထင်ရှားသော အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။[၃][၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]
အီဂျစ်လူမျိုးတို့သည် ဤကြယ်စုတန်းကို "Knem" ဟု ရည်ညွှန်းခေါ်ဆိုကာ ကိုးကွယ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နိုင်းမြစ်ရေကြီးသည့်အချိန်တွင် ပေါ်ထွန်းသောကြောင့် ဖြစ်သည်။ ဤအဖြစ်အပျက်သည် လာမည့်နှစ်အတွက် သီးနှံများ ပေါကြွယ်ဝမည်ဟု အဓိပ္ပာယ်သက်ရောက်ပြီး လူတို့က ၎င်းကို ကမ္ဘာမြေကြီး၏ လက်ဆောင်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ အီဂျစ်ဘုရင် တူတန်ခမန်၏ ရွှေပလ္လင်တွင် ထိုင်ခုံနှင့် ရှေ့ခြေထောက်များ ဆုံရာနေရာ၌ ခြင်္သေ့ခေါင်းများကို ပုံဖော်ထားသည့်အပြင် ခြေထောက်တစ်ချောင်းစီ၏ အဆုံးတွင် ခြေသည်းများပါသော ခြေဖဝါးများကိုလည်း ထည့်သွင်းထားရာ ၎င်းသည် အာဏာနှင့် ဘုရင့်ဂုဏ်အရှိန်အဝါကို ကိုယ်စားပြုသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Tatum 2010, pp. 103–104.
- ↑ Atsma၊ Aaron J.။ Nemean Lion။ The Theoi Project: Greek mythology။ July 27, 2016 တွင် ပြန်စစ်ပြီး။
- ↑ britannica 2023.
- ↑ nemean 2012.
- ↑ Snodgrass၊ E (1997)။ Signs of the Zodiac : A Reference Guide to Historical, Mythological, and Cultural Associations။ Greenwood Publishing Group။ ISBN 9780313008177။
- Astronomical Applications Department (2011)။ Multiyear Computer Interactive Almanac။ 2.2.2.။ Washington DC: US Naval Observatory။ Longitude of Sun, apparent geocentric ecliptic of date, interpolated to find time of crossing 0°, 30°....
- "Leo"။ Britannica။ August 11, 2023။ November 27, 2023 တွင် ပြန်စစ်ပြီး။
- Myth about Heraclese and the Nemean Lion။ Windows to the Universe။ National Science Teachers Association (2012)။ September 3, 2022 တွင် ပြန်စစ်ပြီး။
- "The Signs and Constellations of the Zodiac" (June 2010). Journal of the Royal Society of Canada 104.
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |











