ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သည် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှ ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသော မဲဆန္ဒနယ်များ ဖြစ်သည်။
မဲဆန္ဒနယ် အမှတ် ၁
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။[၁]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒေါ်ခင်ဝိုင်းကြည် ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။[၂]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာဌေးကြွယ် ဖြစ်သည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ယခင်ရွေးကောက်ပွဲမှ နယ်မြေကို ပြင်ဆင်သတ်မှတ်လိုက်သည်။[၃]
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ [၄]
မဲဆန္ဒနယ် အမှတ် ၂
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် သာကေတမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။[၁]
- အနိုင်ရ ကိုယ်စားလှယ်မှာ ပြည်ထောင်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးညွန့်တင် ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နှစ်ခု ပါဝင်သည်။ ယခင်က သာကေတမြို့နယ် ပါဝင်ခဲ့သော်လည်း မဲဆန္ဒနယ်အမှတ် (၄) သို့ ပြောင်းလဲသတ်မှတ်လိုက်သည်။[၂]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဌေးဦး ဖြစ်သည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ဖြင့် ပြောင်းလဲဖွဲ့စည်းထားသည်။[၃] ယခင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဤမြို့နယ်သုံးခုကို မဲဆန္ဒနယ်အမှတ်(၉) အဖြစ် သတ်မှတ်ထားခဲ့သည်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။[၄]
မဲဆန္ဒနယ် အမှတ် ၃
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်စသဖြင့် မြို့နယ်ပေါင်း သုံးခု ပါဝင်သည်။[၁]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးဖုန်းမြင့်အောင် ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)တွင် တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ဖြင့် မြို့နယ်ပေါင်း (၄)ခု ဖွဲ့စည်းထားသည်။[၃] ယခင် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် (၃)ခုသာ ရှိခဲ့ပြီး၊ တာမွေမြို့နယ်ကို မဲဆန္ဒနယ်အမှတ်(၄) မှ အမှတ်(၃) သို့ တိုးချဲ့ဖွဲ့စည်းလိုက်သည်။[၂]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာမြတ်ညဏစိုး ဖြစ်သည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)တွင် မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ယင်းမြို့နယ်နှစ်ခုသည် မဲဆန္ဒနယ်အမှတ် (၁၀)၏ သတ်မှတ်နယ်မြေ ဖြစ်ခဲ့သည် ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက သတ်မှတ်ခဲ့သော တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ကို မဲဆန္ဒနယ်အမှတ်(၅) သို့ ရွေ့ပြောင်း ဖွဲ့စည်းလိုက်သည်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။[၄]
မဲဆန္ဒနယ် အမှတ် ၄
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်စသဖြင့် မြို့နယ်ပေါင်း ငါးခု ပါဝင်သည်။[၁]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒေါက်တာမြတ်ညဏစိုး ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ဖြင့် မြို့နယ်ပေါင်း (၅)ခု ဖွဲ့စည်းထားသည်။[၃] ယခင် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှ တာမွေမြို့နယ်အစား သာကေတမြို့နယ်ကို ပေါင်းထည့်လိုက်ပြီး တာမွေမြို့နယ်ကို မဲဆန္ဒနယ်အမှတ်(၄) မှ အမှတ်(၃) သို့ ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။[၂]
- အနိုင်ရ ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ) ဖြစ်သည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ မဲဆန္ဒနယ်အမှတ်(၄) ဖြစ်ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်အုပ်စုကို မဲဆန္ဒနယ်အမှတ်(၈) သို့ ရွေ့ပြောင်း စည်းလိုက်သည်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂/၂၀၂၁)အရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Union Election Commission (November 2010)။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်သတ်မှတ်ထားသည့်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ (in Burmese)။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ Union Election Commission (နိုဝင်ဘာလ ၂၀၁၅)။ ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ (in ဗမာဘာသာ)။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ Union Election Commission (နိုဝင်ဘာလ)။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ (in မြန်မာဘာသာ)။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (26)။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာခြင်း။