ရန်ကုန်ခေတ်သစ် မီဒီယာ
| အမျိုးအစား | Digital |
|---|---|
| ပုံစံအချိုးအစား | Digital |
| ပိုင်ဆိုင်သူ | လှိုင်းသစ်ဇင်ဝေ |
| တည်ထောင်ခြင်း | ၁ ဇန်နဝါရီ ၂၀၁၈ |
| ဘာသာစကား | မြန်မာဘာသာ |
| ဌာနချုပ်များ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| ဝက်ဘ်ဆိုဒ် | yktnews.com |
| နိုင်ငံ | မြန်မာ |
| မြို့ | ရန်ကုန် |
ရန်ကုန်ခေတ်သစ် မီဒီယာ (Yangon Khit Thit Media) သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ( ၁ )ရက်နေ့တွင် စတင် တည်ထောင်ခဲ့သော မီဒီယာတစ်ခုဖြစ်သည်။[၁]ရန်ကုန်ခေတ်သစ် မီဒီယာကို အယ်ဒီတာချုပ် သာလွန်ဇောင်းထက် (ခ) လှိုင်းသစ်ဇင်ဝေ က တည်ထောင်သည်။[၁][၂]
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]ရန်ကုန်ခေတ်သစ်မီဒီယာ ကို ပြန်ကြားရေး ဝန်ကြီးဌာန က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် သတင်းအေဂျင်စီအသိအမှတ်ပြုလက်မှတ် (၀၀၁၀၇) ဖြင့် တရားဝင် သတင်းမီဒီယာလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးခဲ့သည်။ရန်ကုန်ခေတ်သစ်မီဒီယာသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုအပါအဝင် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အထူးအလေးထား ရေးသားဖော်ပြသည်။သတင်းဌာနတည်ထောင်ချိန်ကစပြီး ဖော်ပြရေးသားသည့် သတင်းအချို့ကြောင့် တပ်မတော် ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ၂၀၂၀ပြည့်နှစ် ဧပြီလ ( ၁ )ရက်နေ့တွင် ရန်ကုန်ခေတ်သစ် မီဒီယာအား ရခိုင့်တပ်တော် အကြောင်း အင်တာဗျူး သတင်း ရေးသားဖော်ပြမှုနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ပုဒ်မ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က)တို့ဖြင့် တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကိုခံခဲ့ရသည်။[၃]ထို့အပြင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၉ရက် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် အမျိုး၊ဘာသာ၊ သာသနာအရေးဟုဆိုသော ဆန္ဒပြပွဲသတင်းကို တင်ဆက်ခဲ့ရာတွင်လည်း ဟောပြောချက်များအပေါ် ချဲ့ကားရေးသားတင်ဆက်သည်ဟု အမျိုး သားရေးဝါဒီဆိုသူများက ယူဆပြီး ဖိအားပေးမှုကိုပါ ခံခဲ့ရသည်။[၄]
၂၀၂၁ နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ် ရန်ကုန်ခေတ်သစ်မီဒီယာ က ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်ဘက်တွင် ရပ်တည်ခဲ့သည်။လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ပြည်သူလူထုနစ်နာမှုများနှင့်စစ်ရေးသတင်းများ ကို အထူးအလေးထားဖော်ပြခဲ့သည်။စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၉ရက် တွင် Mizzima၊ DVB၊ 7 Days၊ Myanmar Now စသည့် သတင်းဌာန (၅)ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းရာတွင် ခေတ်သစ် သတင်းဌာနပါ ပါဝင်ခဲ့သည်။ခေတ်သစ်သတင်းဌာန တည်ထောင်သူ ကိုသာလွန်ဇောင်းထက်ကမူ သတင်းဌာနပိတ်သိမ်းခံရမှုနှင့်စပ်လျဉ်းပြီး တရားမဝင် စစ်ကောင်စီ၏ အမိန့်ဖြစ်သည့်အတွက် ထုတ်ဝေခွင့်ပိတ်ခြင်းကို လက်ခံသွားမည် မဟုတ်ဘဲ သတင်းများကို ဆက်လက်တင်ပြသွားမည်ဟု တုံ့ပြန်ခဲ့သည်။ [၅] စစ်ကောင်စီက ရန်ကုန်ခေတ်သစ်သတင်းဌာန၏ တည်ထောင်သူနှင့်အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၊ အပါအဝင် အယ်ဒီတာ ကံဇော်၊ အယ်ဒီတာဟောင်း မခင်နှင်းကြည်သာတို့ကို ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၇ (၁) ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၂ (က)။ ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့်ခဲ့သည့်အပြင် ခေတ်သစ်အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်၊ မင်းလမ်း ရှိ နေအိမ်ကိုပါ ချိတ်ပိတ်ခဲ့သည်။ [၆]စစ်တပ်ထောက်ခံသူများကမူ ရန်ကုန်ခေတ်သစ်မီဒီယာ ၏ သတင်းဖော်ပြမှုအပေါ် နှစ်သက်မှုမရှိကြဘဲ အမြဲတစေဝေဖန်နေကြသကဲ့သို့ စစ်ကောင်စီလက် အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ရန်ကုန်ခေတ်သစ်သည် ဖေ့ဘုတ် ဆိုရှယ်မီဒီယာတွင် ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်သတင်းများ၊ အများပြည်သူစိတ်ဓာတ်ပျက်ပြားစေသည့် ငွေလဲလှယ်နှုန်းများကို တင်ဆက်လေ့ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 MYANMAR: “We won’t give up or stop reporting until we have a real democracy” (in en-US) (2021-05-03)။ 16 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-10-16 တွင် ပြန်စစ်ပြီး။
- ↑ အင်တာဗျူး | မီဒီယာတွေ ဖာမကျဖို့ စစ်ကောင်စီ ပြောဆိုချက် သူတို့ ဘယ်လို တုံ့ပြန်သလဲ (in my) (2021-06-15)။ 2022-10-16 တွင် ပြန်စစ်ပြီး။
- ↑ Police persecution of journalists and anti-corruption activists in… (in en)။ 2022-10-16 တွင် ပြန်စစ်ပြီး။
- ↑ 7Day နှင့် ခေတ်သစ်မီဒီယာတို့ကို အမျိုးသားရေးဝါဒီဆိုသူများ ဖိအားပေး။ Myanmar Now (၁၀ ဖေဖော်ဝါရီ ၂၀၂၀)။ 17 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း။ RFA Burmese (၉ မတ် ၂၀၂၁)။ ၂၇ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်ခေတ်သစ်အယ်ဒီတာဟောင်း မခင်နှင်းကြည်သာ နေထိုင်ခဲ့ဖူးသည့် စမ်းချောင်း၊မင်းတိရိစ္ဆာန်ဆေးကုခန်းအိမ် ချိတ်ပိတ်ခံရ၊ ခေတ်သစ် အယ်ဒီတာ ၃ ဦးကို ထောင်ဒဏ် တစ်သက်ချနိုင်သော ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်တရားစွဲထား။ ရန်ကုန်ခေတ်သစ်မီဒီယာ (၂၄ မတ် ၂၀၂၂)။ ၂၇ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ [။https://www.moi.gov.mm/moi:eng/news/12807 Alert: Malicious Khit Thit media intentionally spreads misinformation] (in en)။ 2024-01-20 တွင် ပြန်စစ်ပြီး။