ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ

ဝီကီပီးဒီးယား မှ

ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ (အင်္ဂလိပ်: REDvolution Show) များမှာ မြန်မာ အမျိုးသမီး အဆိုတော် နီနီခင်ဇော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ဖြစ်သည်။

​တေးသံရှင်နီနီခင်​ဇော်

၂၀၁၇ ခုနှစ် ဖျော်ဖြေပွဲ[ပြင်ဆင်ရန်]

ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ
အချိန်မြန်မာ စံတော်ချိန်ည ၇နာရီ မှ ၁၁နာရီအထိ
ကြာမြင့်ချိန်၄နာရီ
နေ့ရက်ဧပြီ ၁၊ ၂၀၁၇ (၂၀၁၇-၀၄-၀၁)
နေရာပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်
တည်နေရာရန်ကုန်မြို့
အခြားအမည်တစ်ကိုယ်တော်ဖျော်ဖြေပွဲ
အမျိုးအစားသီချင်း ဖျော်ဖြေပွဲ
ပါဝင်သူများနီနီခင်ဇော်အောင်ထက်၊ နိုင်းဝမ်း၊ မိစန္ဒီ၊ ဂီတကဗျာ သံစုံတီးဝိုင်း

ပထမဦးဆုံး ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ မှာ နီနီခင်ဇော်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့၌ ကျင်းပသော ပွဲဖြစ်သည်။ ဤပွဲမှာ သူမ၏ အနုပညာသက်တမ်း ၉ နှစ်အတွင်း ပထမဆုံး ကျင်းပသည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်သည်။ ဤပွဲတွင် သူမသည် ဂီတကဗျာ သံစုံတီးဝိုင်း၊ အောက်ဆီဂျင် တီးဝိုင်း၊ စီးကရက် ပီးစပ် အကအဖွဲ့ တို့ဖြင့် ဖျော်ဖြေခဲ့သည်။ သူမသည် အခြား နာမည်ကျော်တေးသံရှင်များနှင့်လည်း စုံတွဲသီချင်း အချို့ကို ဖျော်ဖြေခဲ့သည်။[၁][၂]

အဓိကအပိုင်းများ[ပြင်ဆင်ရန်]

ဤပွဲတွင် အဓိက အပိုင်း ၃ ပိုင်းရှိသည်။

  1. အဖွင့်ပိုင်း
  2. တီးဝိုင်းပိုင်း
  3. သံစုံတီးဝိုင်းနှင့် အကပိုင်း

သီချင်းများ[ပြင်ဆင်ရန်]

  • အဖွင့်ပိုင်း
  1. စူပါရတ် + မာရီယို
  2. စူပါ စန်းဒေး
  3. သစ္စာမပြတ်ကြေး
  4. အဝေးရောက်နေပါသော်လည်း
  • တီးဝိုင်းပိုင်း
  1. နင်လိုအပ်ခဲ့ရင်
  2. မခွဲခင်
  3. မျှော်လင့်ဆဲ
  4. ဆုတောင်းတွေပြည့်ချင်တယ် + မိုးတိမ်ကဗျာ + အရောင်မဆိုးနဲ့ (နိုင်းဝမ်းနှင့်အတူ)
  • သံစုံတီးဝိုင်းပိုင်း
  1. မင်္ဂလာပါ (အောင်ထက်နှင့်အတူ)
  2. အင်းလေးမှာရွာတဲ့မိုး
  3. ကျေးကျွန် (မိစန္ဒီ နှင့်အတူ)
  4. ရပ်
  5. အရှုံးမပေးနဲ့
  6. မလိုချင်ဘူးစစ်
  7. မျှော်လင့်ချက်တစ်စုံတစ်ရာ
  • အကပိုင်း
  1. လေယာဉ်ပျံ
  2. ရက်စက်သွားသူ
  3. ယုံလိုက်တိုင်းမှား
  4. ရန်သူ
  5. စိုးရိမ်ချစ်
  6. ဘတ် ဘွိုင်း
  7. ဂယ်ပဲဂယ်ပဲ
  • အပိတ်ပိုင်း

ဝါးတားပါတီ ရေပါတီ

၂၀၁၈ ခုနှစ် ဖျော်ဖြေပွဲ[ပြင်ဆင်ရန်]

Retro REDVolution Show
RetroREDVolution2.jpg
အဖွင့်သီချင်းဆိုနေသော နီနီခင်ဇော်
ဒေသခေါ် အမည် ရီထရို ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ
အချိန်MMTည၈:၀၀ မှ ၁၀:၃၀
ကြာမြင့်ချိန်၂:၃၀နာရီ
နေ့ရက်ဧပြီ ၇၊ ၂၀၁၈ (၂၀၁၈-၀၄-၀၇)
ဧပြီ ၈၊ ၂၀၁၈ (၂၀၁၈-၀၄-၀၈)
နေရာအမျိုးသားဇာတ်ရုံ (ရန်ကုန်)
တည်နေရာရန်ကုန်မြို့
အခြားအမည်တစ်ကိုယ်တော်ဖျော်ဖြေပွဲ
Themeရီထရို
စီစဉ်သူရွှေစင်စီစဉ်ရေး
ရုပ်သံရိုက်ကူးသူMedia 7
ပါဝင်သူများ
  • နီနီခင်ဇော်
  • ဝေလ၊ ဂျီဖတ် (with music video)
  • အန်နီ
  • စောစန္ဒီနိုင်
  • အောက်ဆီဂျင် တီးဝိုင်း
  • စီးကရတ်ပီးစပ် အကအဖွဲ့
  • ထိုင်းနိုင်ငံမှပညာရှင်များ

ဒုတိယမြောက် ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ ကို ၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ရီထရို ရတ်ဗော်လူးရှင်းဖျော်ဖြေပွဲ(အင်္ဂလိပ်: Retro REDVolution Show) အမည်ဖြင့် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ တစ်ခေတ်တစ်ခါ ၁၉၉၀ ဝန်းကျင်က ခေတ်စားခဲ့သည့် ကလတ်စစ်၊ ဂျက်စ်၊ ပေါ့ပ်၊ ဆိုးနှင့် ဆွင်း တေးဂီတများကို အကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့အပြင် စင်ကိုလည်း လိုက်ဖက်အောင် ပြင်ဆင်ထား၍ အနောက်တိုင်းစတိုင် ဇာတ်ရုံအတွင်း ရောက်သွားသကဲ့သို့ ဖျော်ဖြေထားသည်။ သူ၏ဂီတသက်တမ်း ၁၀ နှစ်ပြည့်နှစ်ဖြစ်၍ ဂီတဘဝစတင်ရာ မယ်လိုဒီဝေါ၌ ယှဉ်ပြိုင်ခဲ့သည့် သီချင်းများကိုလည်း အမှတ်တရဖျော်ဖြေခဲ့သည်။

အပိုင်းများ[ပြင်ဆင်ရန်]

RetroREDVolution1.jpg

  • ဖရတ်စလေစတိုင်

RetroREDVolution5.jpg

  • ဂီတဆိုင်ရာ

Ni Ni Khin Zaw.jpg

  • အိန္ဒိယအက

RetroREDVolution4.jpg

  • အက

RetroREDVolution3.jpg

သီချင်းများ[ပြင်ဆင်ရန်]

မာရီလင်မွန်ရိုးစတိုင်

  1. REDVolution အဖွင့်သီချင်း
  2. ဂွတ် ကစ်စာ
  3. လေယာဉ်ပျံ
  4. မယ်လိုဒီဝေါသီချင်းများ (မညာတော့ဘူး+မလွမ်းရဲသေးဘူး+နမော်နမဲ့+နှုတ်ဆက်ထွက်ခွာခြင်း+ရပ်)
  5. စတန်းဘိုင်မီ

ဖရတ်စလေစတိုင်

  1. စူပါရတ်(အကသာ)
  2. ဗျင်း
  3. စိုးရိမ်ချစ်
  4. အရိပ်တစ်ခုပိုင်ဆိုင်ခြင်း
  5. ရက်စက်သွားသူ
  6. ရက်စက်တယ်မိုး
  7. သစ္စာမပြတ်ကြေး
  8. အရောင်မဆိုးနဲ့
  9. အလကားပဲ
  10. မူး

ဂီတဆိုင်ရာ

  1. ခရေလမ်းဒိုင်ယာရီ
  2. မိုးစက်တင်လေ
  3. အင်းလေးမှာရွာတဲ့မိုး

အိန္ဒိယအက

  1. မာရီယို
  2. နင့်အနားနား

အက

  1. မီလီယံဒေါ်လာဘေဘီ
  2. ရန်သူ
  3. ဘတ်ဘွိုင်း
  4. ဝါးတားပါတီရေပါတီ
  5. ယူ

၂၀၁၉ ခုနှစ် ဖျော်ဖြေပွဲ[ပြင်ဆင်ရန်]

Party REDVolution Show
Party REDVolution Show 5.jpg
​နီနီခင်​​ဇော်နှင့်အတူ ဖျော်​ဖြေ​ရေးအဖွဲ့သားများ
ဒေသခေါ် အမည် ပါတီ ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ
အချိန်MMTည၈:၀၀ မှ ၁၀:၃၀
ကြာမြင့်ချိန်၂:၃၀နာရီ
နေ့ရက်နိုဝင်ဘာ ၂၊ ၂၀၁၉ (၂၀၁၉-၁၁-၀၂)
နေရာမင်္ဂလာမန္တ​လေး
တည်နေရာမန္တ​လေးမြို့
အခြားအမည်တစ်ကိုယ်တော်ဖျော်ဖြေပွဲ
Themeပါတီ
ပါဝင်သူများ
  • နီနီခင်ဇော်
  • အန်နီ
  • စောစန္ဒီနိုင်
  • အောက်ဆီဂျင် တီးဝိုင်း
  • စီးကရတ်ပီးစပ် အကအဖွဲ့

တတိယမြောက် ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်​နေ့တွင် ပါတီ ရတ်ဗော်လူးရှင်းဖျော်ဖြေပွဲ(အင်္ဂလိပ်: Party REDVolution Show) အမည်ဖြင့် မန္တ​လေးမြို့ မင်္ဂလာမန္တ​လေးတွင် ကျင်းပခဲ့သည်။ စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့​သော ပါတီခင်​ဇော် ​တေးသီချင်း​ခွေထွက်ရှိပြီး​နောက် ​ဖျော်​ဖြေပွဲ၏ ​ခေါင်းစဉ်ကို ပါတီဖြင့် ကျင်းပခဲ့သည်။ ထွက်ရှိခံ့ပြီး​သော ​တေးသီချင်းများကို ဒစ်စကို ပုံစံဖြင့်​ပြောင်းကာ ​ဖျော်​ဖြေပွဲအား အပိုင်း​လေးပိုင်းခွဲ၍ တင်ဆက်ခဲ့သည်။ ထို့အပြင် ပထမဆုံး ပြည်ပတစ်ကိုယ်​တော် ​ဖျော်​ဖြေပွဲအဖြစ် နိုဝင်ဘာလ ၃၀ရက်​နေ့တွင် စင်ကာပူတွင်လည်း ကျင်းပမည်ဖြစ်သည်။ ပွဲနှစ်ခုလုံးအား တစ်ပုံစံတည်း ကျင်းပမည်ဖြစ်သည်။[၃] [၄]

အပိုင်းများ[ပြင်ဆင်ရန်]

  • ပါတီ

Party REDVolution Show 1.jpg

  • LATINO

Party REDVolution Show 2.jpg

  • ​​ကျော်ကြား​သောသီချင်းများ(Hit Songs)

Party REDVolution Show 3.jpg

  • ဒစ်စကို

Party REDVolution Show 4.jpg

သီချင်းများ[ပြင်ဆင်ရန်]

ပါတီ[ပြင်ဆင်ရန်]

  1. REDVolution အဖွင့်သီချင်း+ပါတီခင်​ဇော်
  2. မာရီယို
  3. ​လေယာဉ်ပျံ
  4. L.O.V.E
  5. ထိုင်ထ
  6. စူပါရတ်

Latino[ပြင်ဆင်ရန်]

  1. ဘွန်ပါပါ
  2. ​နေဝင်ချိန်
  3. ယူ
  4. ရန်သူ
  5. ချစ်ခြင်းတတ်ခြင်း
  6. ဘတ်ဘွိုင်း

​ကျော်ကြား​သောသီချင်းများ (Hit Songs)[ပြင်ဆင်ရန်]

  1. ဗျင်း
  2. အဆင်​ပြေပါတယ်
  3. ​​မျှော်လင့်ဆဲ
  4. အလကားပဲ
  5. အ​ရောင်မဆိုးနဲ့
  6. စိုးရိမ်ချစ်
  7. မခွဲခင်
  8. သစ္စာမပြတ်​​​ကြေး
  9. ချစ်လျက်လမ်းခွဲ
  10. အချစ်ရဆုံးသူစိမ်း

ဒစ်စကို[ပြင်ဆင်ရန်]

  1. Bloody Red
  2. Million Dollar Baby
  3. နင့်နားနား
  4. Summer
  5. Stand by me
  6. ဂယ်ပဲ ဂယ်ပဲ

ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်[ပြင်ဆင်ရန်]