ဂျက်စ်ဂီတ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အမေရိကန်နိုင်ငံရှိ အိန္ဒိယလူနီတိုင်းရင်းသားများ၊ မက္ကဆီကို တိုင်းရင်းသားများ၊ အနောက်အိန္ဒိယကျွန်းစုတိုင်းရင်းသားများ စသည်တို့သည် ရှေးရိုးစဉ်လာအတိုင်း လွတ်လပ်စွာဖြင့် စုပေါင်းတီးမှုတ် ကခုန်သော တေးသွားများကို အခြေခံ၍ ခေတ်မှီ စည်းဝါး တူရိယာများဖြင့် စနစ်ကို မပြောင်းလဲဘဲ တီထွင်တီးမှုတ်ကြသော တူရိယာဂီတမျိုး ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးအော်လင်နယ်မှ ကပ္ပလီဂျက်စ် တေးဂီတအဖွဲ့များ ပေါ်ထွက်လာသည်။ ၁၈၉၇-ခုနှစ်လောက်ကပင် ကာရီမီလ် ဆိုသူက ဂျက်စ်တေးသွားများ ဖွဲ့နွဲ့ခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီးက ထိုဂီတတေးသွားများကို လက်ခံတီးမှုတ်လျက် ရှိသည်။ အငြိမ်တီး(Sweet)၊ အကြွတီး(Hot) ဟူ၍ နှစ်မျိုးရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန်၏ ဗဟုသုတစွယ်စုံ