ရတနာမဉ္ဇူဘုရား (မန္တလေး)

ဝီကီပီးဒီးယား မှ

ရတနာမဉ္ဇူဘုရားသည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ အနောက်ပြင်၊ မင်းတဲအီကင်းရပ်၌ တည်ရှိသည်။ သက္ကရာဇ် ၈၃၈-ခုနှစ်တွင် ရတနာပူရ အင်းဝမြို့၌ နန်းတက်သော ပြည်စုန်မင်း မဟာသီဟသူရ နှင့် အမိတ္တသီရိမဟာ ဓမ္မဒေဝီ မိဖုရားတို့၏ ကောင်းမှု ဖြစ်သည်။

ထိုဘုရား၏ နှစ်စဉ် ဘုရားပွဲတော်မှာ သီတင်းကျွတ်လ၌ ကျင်းပပြီး ဘုရားအား ဆွမ်း၊ ခဲဘွယ်၊ သစ်သီးမျိုးစုံတို့ဖြင့် ကပ်လှူပူဇော်ခြင်း၊ သံဃာတော်တို့အား ဆွမ်း၊ ဘောဇဉ်တို့နှင့်တကွ လှူဘွယ်ဝတ္ထုတို့ကို စာရေးတံမဲလိပ်ချ၍ လောင်းလှူခြင်း ပြုလုပ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒက္ခိဏာရာမ-ဘုရားကြီး၊ ဆရာ စိုးမြတ်လင်း စုဆောင်းရေးသားသည့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရတနာပုံ-မန္တလေးမြို့ နှင့် မြို့ရွာဒေသအသီးသီးတို့၌ ထင်ရှားကျော်စောတော်မူသော တန်ခိုးကြီးဘုရားများသမိုင်း၊ စာ-၅