ရခိုင်တောင်လိပ်

ဝီကီပီးဒီးယား မှ
ရခိုင်တောင်လိပ်
Arakan forest turtle in Atlanta Zoo
CITES နောက်ဆက်တွဲ - ၂ (CITES)[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Testudines
မျိုးစဉ်သေး: Cryptodira
မျိုးရင်း: Geoemydidae
မျိုးရင်းသေး: Geoemydinae
မျိုးစု: Heosemys
မျိုးစိတ်:
H. depressa
ဒွိနာမ
Heosemys depressa
Synonyms[၂]
  • Geoemyda depressa Anderson, 1875
  • Geoemyda arakana Theobald, 1876
  • Heosemys depressa Stejneger, 1902

ရခိုင်တောင်လိပ် (Heosemys depressa)[၁] သည် မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်တောင်တန်းများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော စစ်တကောင်းတောင်တန်းဒေသများ၏ ဒေသရင်းလိပ်မျိုးစိတ်ဖြစ်ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်လည်းဖြစ်သည်။[၃] ရခိုင်တောင်လိပ်သည် ရေထဲတွင်သာမက ကုန်းပေါ်တွင်ပါ ရှင်သန်နိုင်သော်လည်း အရွယ်ရောက်ပြီးသော လိပ်ကြီးများသည် ကုန်းပေါ်တွင် နေထိုင်ခြင်းကို နှစ်သက်ကြသည်။

ခြိမ်းခြောက်ခံနေရမှုများ[ပြင်ဆင်ရန်]

Illustration from 1878

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် ဖမ်းမိသော ရခိုင်တောင်လိပ်များကို တရုတ်နိုင်ငံရှိ တောရိုင်းတိရိစ္ဆာန် ကုန်သည်များက ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် သုတေသီများသည် ချက်သမ္မတနိုင်ငံသို့ တင်သွင်းလာခဲ့သည့် ရခိုင်တောင်လိပ်ကိုးကောင်အား သုတေသနအတွက် နမူနာများကို ကောက်ယူကာ သီးသန့်စုဆောင်းထားသည်။[၄]

ထိန်းသိမ်းစောင့်ရှောက်ရေး[ပြင်ဆင်ရန်]

မွေးမြူထားမှု[ပြင်ဆင်ရန်]

လိပ်အနည်းစုကို ထိန်းသိမ်းထားခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ အတ္တလန္တာ တိရစ္ဆာန်ရုံမှသာလျှင် ၎င်းထိန်းသိမ်းထားသော လိပ်များကို အောင်မြင်စွာ သားဖောက်မွေးမြူနိုင်ခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Platt, K. (2020). "Heosemys depressa". IUCN Red List of Threatened Species 2020. IUCN. doi:10.2305/IUCN.UK.2020-2.RLTS.T39596A2929864.en. 
  2. Uwe, F. (2007). "Checklist of Chelonians of the World". Vertebrate Zoology 57 (2): 149–368. 
  3. "Status, exploitation, and conservation of freshwater turtles and tortoises in Chittagong Hill Tracts, Bangladesh" (2015). Chelonian Conservation and Biology 14 (2): 130–135. doi:10.2744/CCB-1146.1. 
  4. Siroky, P. (2006). "Two Eimerian Coccidia (Apicomplexa : Eimeriidae) from the critically endangered Arakan forest turtle Heosemys depressa (Testudines : Geoemydidae), with description of Eimeria arakanensis n. sp.". Acta Protozoologica 45 (2): 183–189.  Archived 11 August 2017 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 11 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
  5. Critically endangered turtles found in Rakhine State (Heosemys depressa) (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]