ရခိုင်တောင်လိပ်
| ရခိုင်တောင်လိပ် | |
|---|---|
| Arakan forest turtle in Atlanta Zoo | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Reptilia |
| မျိုးစဉ်: | Testudines |
| မျိုးစဉ်သေး: | Cryptodira |
| မျိုးရင်း: | Geoemydidae |
| မျိုးရင်းသေး: | Geoemydinae |
| မျိုးစု: | Heosemys |
| မျိုးစိတ်: | H. depressa |
| ဒွိနာမ | |
| Heosemys depressa | |
| Synonyms[၂] | |
| |
ရခိုင်တောင်လိပ် (Heosemys depressa)[၁] သည် မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်တောင်တန်းများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော စစ်တကောင်းတောင်တန်းဒေသများ၏ ဒေသရင်းလိပ်မျိုးစိတ်ဖြစ်ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်လည်းဖြစ်သည်။[၃] ရခိုင်တောင်လိပ်သည် ရေထဲတွင်သာမက ကုန်းပေါ်တွင်ပါ ရှင်သန်နိုင်သော်လည်း အရွယ်ရောက်ပြီးသော လိပ်ကြီးများသည် ကုန်းပေါ်တွင် နေထိုင်ခြင်းကို နှစ်သက်ကြသည်။
ခြိမ်းခြောက်ခံနေရမှုများ
[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် ဖမ်းမိသော ရခိုင်တောင်လိပ်များကို တရုတ်နိုင်ငံရှိ တောရိုင်းတိရိစ္ဆာန် ကုန်သည်များက ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် သုတေသီများသည် ချက်သမ္မတနိုင်ငံသို့ တင်သွင်းလာခဲ့သည့် ရခိုင်တောင်လိပ်ကိုးကောင်အား သုတေသနအတွက် နမူနာများကို ကောက်ယူကာ သီးသန့်စုဆောင်းထားသည်။[၄]
ထိန်းသိမ်းစောင့်ရှောက်ရေး
[ပြင်ဆင်ရန်]မွေးမြူထားမှု
[ပြင်ဆင်ရန်]လိပ်အနည်းစုကို ထိန်းသိမ်းထားခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ အတ္တလန္တာ တိရစ္ဆာန်ရုံမှသာလျှင် ၎င်းထိန်းသိမ်းထားသော လိပ်များကို အောင်မြင်စွာ သားဖောက်မွေးမြူနိုင်ခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 Platt, K. (2020). "Heosemys depressa". IUCN Red List of Threatened Species 2020. IUCN. doi:.
- ↑ Uwe, F. (2007). "Checklist of Chelonians of the World". Vertebrate Zoology 57 (2): 149–368.
- ↑ "Status, exploitation, and conservation of freshwater turtles and tortoises in Chittagong Hill Tracts, Bangladesh" (2015). Chelonian Conservation and Biology 14 (2): 130–135. doi:.
- ↑ Siroky, P. (2006). "Two Eimerian Coccidia (Apicomplexa : Eimeriidae) from the critically endangered Arakan forest turtle Heosemys depressa (Testudines : Geoemydidae), with description of Eimeria arakanensis n. sp.". Acta Protozoologica 45 (2): 183–189. မော်ကွန်းတင်ပြီးမိတ္တူ။ 11 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2022 တွင် ပြန်စစ်ပြီး။
- ↑ Critically endangered turtles found in Rakhine State (Heosemys depressa) (in en)။ 2022-02-02 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Arakan Forest Turtle။ St. Louis Zoo။ 2016-04-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2014 တွင် ပြန်စစ်ပြီး။
- Zoo Hatches Endangered Asian Turtle။ CNN (2007)။ May 16, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2014 တွင် ပြန်စစ်ပြီး။
- Arakan Forest Turtle (2012)။ 2014-03-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။