မာတိကာသို့ ခုန်သွားရန်

မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

ဝီကီပီးဒီးယား မှ

ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ(ဂျိုဆောန်: 조선민주주의인민공화국의 행정 구역 朝鮮民主主義人民共和國의 行政 區域)ကို

  1. တိုက်ရိုက်အုပ်ချုပ်မြို့(직할시/直轄市) ၁ မြို့၊
  2. အထူးမြို့(특별시/特別市) ၃ မြို့နှင့်
  3. တိုင်း(도/道) ၉ တိုင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်။
ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

အခြေခံ အုပ်ချုပ်ရေး နယ်မြေဒေသများတွင် မြို့၊ ခရိုင်နှင့် မြို့နယ်တို့ ပါဝင်ပြီး တိုက်ရိုက်အုပ်ချုပ်မြို့နှင့် အထူးမြို့များ၏ အောက်တွင် မြို့နယ်နှင့် ခရိုင်ဟူ၍ လည်းကောင်း တိုင်း၏ အောက်တွင် မြို့နှင့် ခရိုင်ဟူ၍ လည်းကောင်း ထားရှိသည်။ မြို့၊ ခရိုင်နှင့် မြို့နယ်တို့၏ အောက်အုပ်ချုပ်ရေးနယ်မြေဒေသများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များ ပါဝင်ပြီး မြို့နှင့် မြို့နယ်၏ အောက်တွင် ရပ်ကွက်နှင့် ရွာကို လည်းကောင်း၊ ခရိုင်၏ အောက်တွင် ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များကို လည်းကောင်း ထားရှိသည်။

ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသများပြ မြေပုံ

လူဦးရေ ၅သိန်းကျော် ရှိသော ဟမ်းဟုင်းမြို့နှင့် ချောင်းဂျင်းမြို့တို့သည် တိုက်ရိုက်အုပ်ချုပ်မြို့ သို့မဟုတ် အထူးမြို့များ မဟုတ်သော်လည်း မြို့နယ်များ ထားရှိပြီး ဂယ်ဆောင်းမြို့ကို အထူးမြို့အဖြစ် သတ်မှတ်ထားသည်။[]

ပထမအဆင့် အုပ်ချုပ်ရေး နယ်မြေဒေသများ

[ပြင်ဆင်ရန်]
ISOကုဒ် အမည် ဇာတိအမည် မြို့တော် လူဦးရေ[] ဧရိယာ(km2)[]
KP-01 ဖျောင်းယံတိုက်ရိုက်အုပ်ချုပ်မြို့ 평양직할시(平壤直轄市Phyŏngyang Jikhalsi) ―― ၃,၂၅၅,၂၈၈ ၁,၈၄၉
KP-02 ဖျောင်းအန်းတောင်တိုင်း 평안남도(平安南道Phyŏngannam-to) ဖျောင်းဆောင်းမြို့(평성시) ၄,၀၅၁,၆၉၆ ၁၁,၄၉၇
KP-03 ဖျောင်းအန်းမြောက်တိုင်း 평안북도(平安北道Phyŏnganpuk-to) ရှင်းအီဂျူမြို့(신의주시) ၂,၇၂၈,၆၆၂ ၁၂,၆၅၄
KP-04 ဂျာဂံတိုင်း 자강도(慈江道 Jakang-to) ဂံဂယ်မြို့(강계시) ၁,၂၉၉,၈၃၀ ၁၆,၇၄၁
KP-05 ဟွမ်းဟယ်တောင်တိုင်း 황해남도(黃海南道Hwanghaenam-to) ဟယ်ဂျူမြို့(해주시) ၂,၃၁၀,၄၈၅ ၈,၄၉၄
KP-06 ဟွမ်းဟယ်မြောက်တိုင်း 황해북도(黃海北道Hwanghaepuk-to) ဆာရီဝန်းမြို့(사리원시) ၂,၁၁၃,၆၇၂ ၉,၅၆၀
KP-07 ဂံဝန်းတိုင်း 강원도(江原道 Kangwŏn-to) ဝန်းဆန်မြို့(원산시) ၁,၄၇၇,၅၈၂ ၁၁,၀၉၇
KP-08 ဟမ်းဂယောင်းတောင်တိုင်း 함경남도(咸鏡南道Hamgyŏngnam-to) ဟမ်းဟုင်းမြို့(함흥시) ၃,၀၆၆,၀၁၃ ၁၈,၆၀၁
KP-09 ဟမ်းဂယောင်းမြောက်တိုင်း 함경북도(咸鏡北道Hamgyŏngpuk-to) ချောင်းဂျင်းမြို့(청진시) ၂,၃၁၀,၄၈၅ ၁၅,၈၃၀
KP-10 လျံဂံတိုင်း 량강도(兩江道 Ryangkang-to) ဟဲဆန်မြို့(혜산시) ၇၁၉,၂၆၉ ၁၃,၉၃၇
KP-13 ရာဆောန်အထူးမြို့ 라선특별시(羅先特別市Rasŏn Tŭkpyŏlsi) ―― ၁၉၆,၉၅၄ ၉၀၄
KP-14 နမ်ဖိုအထူးမြို့ 남포특별시(南浦特別市 Nampo Tŭkpyŏlsi) ―― ၃၆၆,၈၁၅ ၁,၂၉၅
KP-15 ဂယ်ဆောင်းအထူးမြို့ 개성특별시(開城特別市 Kaesŏng Tŭkpyŏlsi) ―― / ၇၅၅
  • ISOကုဒ် 11နှင့် 12တို့သည် ပျောက်နေသည်။

အခြားရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 조선민주주의인민공화국의 행정 구역 (ကိုရီးယား ဝီကီပီဒီးယား)
  2. DPR Korea 2008 Population Census (2008年国勢調査) (pdf)။ reliefweb.int (2009-12-31)။ 2021-06-21 တွင် ပြန်စစ်ပြီး။
  3. 지역별 면적 (朝鮮の第一級行政区画の面積)။ 韓国統計情報システム (2020-12-28)။ 2021-06-21 တွင် ပြန်စစ်ပြီး။