ဂျပန်ပင်လယ်
ဂျပန်ပင်လယ်(အင်္ဂလိပ်: Sea of Japan)သည် အာရှတိုက်၏ အရှေ့မြောက်ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်တစ်ခု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၌ ဂျိုဆွန်းအရှေ့ပင်လယ်(朝鮮東海)ဟု ခေါ်ကြသည်။ ဂျပန်ပင်လယ်နှင့် ထိစပ်နေသော တောင်ကိုရီးယား, ရုရှားနိုင်ငံများသည် မိမိအမည်များဖြင့် ခေါ်ဆိုကြရာ တောင်ကိုရီးယားနိုင်ငံ၌ အရှေ့ပင်လယ်(東海)၊ ရုရှား၌ (ရုရှား: Японское море)၊ အင်္ဂလိပ်ဘာသာ၌ (အင်္ဂလိပ်: Sea of Japan)ဟု ခေါ်ကြသည်။ တောင်ဘက်၌ ဂျပန်နိုင်ငံ၏ ဒိုးဟိုကု ပြည်နယ်၊ ဟို့ကအိပြည်နယ်နှင့် ရုရှားနိုင်ငံ၏ ဆာဟာလင်ကျွန်း၊ အနောက်ဘက်၌ ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက် ကမ်းရိုးတန်း ဂျဲဂျူကျွန်း၊ တောင်ဘက်၌ ဂျပန်နိုင်ငံ ဟွန်းရှူ၊ မြောက်ဘက်၌ ရုရှားနိုင်ငံ ပရီမိုစကီ ပြည်နယ်တို့နှင့် ဝိုင်းရံလျက် ရှိသည်။ တောင်ကိုရီးယားနိုင်ငံ၌ ရည်ညွှန်းသော တောင်ပင်လယ်၏ အရှေ့ဘက် ပင်လယ်ဧရိယာသည် ပထဝီဝင် အမျိုးအစားခွဲခြားမှုအရ ဂျပန်ပင်လယ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်နေသည်။
ဂျပန်ပင်လယ် | |
---|---|
အရှေ့ပင်လယ်၊ East sea၊ Sea of Japan | |
![]() ဂျပန်ပင်လယ် | |
တည်နေရာ | အာရှတိုက် |
အမျိုးအစား | ပင်လယ် |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | ![]() ![]() ![]() ![]() |