ဟမ်းဂယောင်းမြောက်တိုင်း
ပုံပန်းသွင်ပြင်
ဟမ်းဂယောင်းမြောက်တိုင်း(ကိုရီးယား: 함경북도 咸鏡北道)သည် မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းရှိ တိုင်း တစ်ခု ဖြစ်သည်။
ဟမ်းဂယောင်းမြောက်တိုင်း 함경북도 咸鏡北道 | |
---|---|
တိုင်း | |
တည်နေရာ | |
အက္ခရာဖလှယ်ခြင်းများ | |
ဂျိုဆောန်ဂုလ် : | 함경북도 |
ဟန်ဂျာ : | 咸鏡北道 |
ရောမအက္ခရာ(RR): | Hamgyeongbuk-do |
ရောမအက္ခရာ(MR): | Hamgyŏng-pukto |
စာရင်းအင်း(၂၀၀၈ ခုနှစ်) | |
ဧရိယာ: | ၁၅,၉၈၀ km2 |
လူဦးရေ: | ၂,၃၂၇,၃၆၂ ဦး[၁] |
လူဦးရေသိပ်သည်းဆ: | ၁၄၆ ဦး/km2 |
အုပ်ချုပ်ရေး | |
နိုင်ငံ: | မြောက်ကိုရီးယား |
မြို့: ခရိုင်: | ၃ မြို့ ၁၂ ခရိုင် |
ISO 3166-2: | KP-09 |
ဟမ်းဂယောင်းမြောက်တိုင်း၏ ရုံးစိုက်ရာမှာ ချောင်းဂျင်းမြို့ ဖြစ်သည်။ အရှေ့မြောက်ဘက်တွင် ဒူမန်မြစ်တစ်လျှောက် ရုရှားနိုင်ငံနှင့် လည်းကောင်း၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ ဂျီလင်းပြည်နယ်နှင့် လည်းကောင်း၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် အရှေ့ပင်လယ်နှင့် လည်းကောင်း၊ အရှေ့မြောက်ဘက်တွင် ဒူမန်မြစ်တစ်လျှောက် ရုရှားကမ်းရိုးတန်းဒေသ၊ အနောက်ဘက်တွင် ဟမ်းဂယောင်းတောင်တိုင်းနှင့် လျံဂံတိုင်းတို့နှင့် လည်းကောင်း ထိစပ်နေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 조선중앙통계국,2008년 인구 조사,2009년.
- ↑ 함경북도(ကိုရီးယား ဝီကီပီးဒီးယား)