မြန်မာလများ
ပုံပန်းသွင်ပြင်
မြန်မာတစ်ဆယ့်နှစ်လအမည်များကို ရှေးပုဂံခေတ်ရေးသားပုံနှင့် ယခုခေတ်ရေးသားပုံတို့ကိုယှဉ်၍ အောက်တွင်ဖော်ပြပါသည်။ ယခုခေတ်ရေးသားပုံမှာ ၁၉၈၆-ခုနှစ်တွင် ထုတ်ဝေသော "မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း" နှင့်အညီ ရေးသားခြင်းဖြစ်သည်။
| ပုဂံခေတ်ရေးသားပုံ | ယခုခေတ်ရေးသားပုံ |
|---|---|
| တန်ခူ | တန်ခူး |
| ကုဆုန်၊ ကဆုန် | ကဆုန် |
| နံယုန်၊ နံမျုန် | နယုန် |
| မယ်တာ၊ မြွယ်တာ | ဝါဆို |
| နံကာ | ဝါခေါင် |
| တော်သလင် | တော်သလင်း |
| သန်တူ | သီတင်းကျွတ် |
| တန်ဆောင်မှုန်း | တန်ဆောင်မုန်း |
| နတ်တော် | နတ်တော် |
| ပလသိုဝ်၊ ဟလသိုလ်၊ ပြသိုဝ်၊ ပြာသိုသ် | ပြာသို |
| တပိုတွယ်၊ တပိုအတွယ် | တပို့တွဲ |
| တပေါင် | တပေါင်း |











