မြစ်ဆုံမန္တလာ မီးရထား

ဝီကီပီးဒီးယား မှ

မြစ်ဆုံမန္တလာ မီးရထား သည် မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့ကို ပြေးဆွဲခဲ့သော ပုဂ္ဂလိကမီးရထားလိုင်း တစ်ခုဖြစ်သည်။ မြန်မာ့မီးရထားနှင့် အကျိုးတူလုပ်ဆောင်ခြင်း ဖြစ်ကာ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ ပိုင်ဆိုင်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ တာဝန်ယူပြီး အမှတ်(၃၇/၃၈) အစုန်အဆန် မြစ်ဆုံမန္တလာအထူးအမြန်ရထားများ အဖြစ် စတင်ပြေးဆွဲခဲ့သည်။ စတင်ပြေးဆွဲစဉ်က မြစ်ကြီးနား-မန္တလေး အသွားအပြန် တစ်ခေါက်အတွက် ငွေကျပ် ၆၉ သိန်း မြန်မာ့မီးရထားကို ပေးဆောင်ရကာ ၂၀၁၈-၁၉ ခုနှစ် သက်တမ်းကာလတွင် ငွေကျပ် ၅၉ သိန်း ပေးဆောင်ခဲ့ရသည်။ သို့သော် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီဘက်က ထပ်မံသက်တမ်းတိုးခြင်း မရှိတော့ဘဲ ရပ်နားခဲ့သည်။ [၁][၂]

ရပ်ဆိုင်း[ပြင်ဆင်ရန်]

မြစ်ဆုံမန္တလာအထူးမြန်ရထားသည် မြန်မာ့မီးရထားမှ လေအိတ်ရထားပြေးဆွဲပြီးနောက်ပိုင်း ခရီးသည်စီးနင်းမှုနည်းပါးခြင်းကြောင့် တင်ဒါသက်တမ်းကုန်ဆုံးသွားသော ကချင်အများပိုင်ကုမ္ပဏီမှ ထပ်မံသက်တမ်းခြင်း မပြုလုပ်တော့သဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။[၂]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]