မာတိကာသို့ ခုန်သွားရန်

မြညိမ်း

ဝီကီပီးဒီးယား မှ
(မြငြိမ်း၊ ဦး မှ ပြန်ညွှန်းထားသည်)

မြညိမ်း
ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူရာထူးစတင်
ဆက်ခံသူဦးအေးသာအောင်
အနိုင်ရမဲ အရေအတွက်၁၀၆,၀၆၉ (၆၃.၇၇%)
အမျိုးသားလွှတ်တော် အမတ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူအခြေခံဥပဒေစတင်
ဆက်ခံသူဦးရဲမြင့်စိုး
မဲဆန္ဒနယ်ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၇)
ခရမ်းမြို့နယ်သုံးခွမြို့နယ်၊ နှင့် ကိုကိုးကျွန်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၆ (အသက် ၇၉၈၀)
မှော်ဘီမြို့နယ်ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
နေထိုင်ရာအင်းစိန်မြို့နယ်ရန်ကုန်မြို့
မိခင်ကျောင်းLLB
အလုပ်အကိုင်ဗဟိုဝန်ထမ်းတက္ကသိုလ် ဥပဒေအကြံပေး (၁၉၇၃-၇၄)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း

ဦးမြညိမ်းသည် ပထမအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၃၁ ဇန်နဝါရီ ၂၀၁၁ မှ ၂၉ ဇန်နဝါရီ ၂၀၁၆ အထိ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။[]

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကအဖြစ် တာဝန် ထမ်းဆောင်စဉ် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီနှင့် အလုပ်သမားအလုပ်ရှင် အခွင့်အရေး၊ လေ့လာရေး ပူးပေါင်း ကော်မရှင်၊ အမျိုးသားလွှတ်တော် အခွင့်အရေး ကော်မတီတို့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။[]

အစောပိုင်းဘဝနှင့် အရာထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးမြညိမ်းအား ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ယခု ရွှေပြည်သာမြို့နယ် (မှော်ဘီမြို့နယ်) သံဒင်း ကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ(ဥပဒေ)၊ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ဦးမြငြိမ်းသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး (စီမံရေးရာ) ဌာနတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပြီး (၁၈.၁.၂၀၀၇) တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။[]

လွှတ်တော်ကိုယ်စားလှယ်

[ပြင်ဆင်ရန်]

ဦးမြညိမ်းသည် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၇) မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ထို့နောက် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

၂၀၂၁ နောက်ပိုင်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးမြညိမ်း ပိုင်ဆိုင်သော နေပြည်တော်ရှိ နေအိမ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းဆုံရှိ အိမ်အမှတ် ဇ-၁၁၁၇ နေအိမ်အပေါ်ထပ် ပျက်စီးခဲ့သည်။ []

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

ရှေ့နေချုပ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ၁၉၉၁ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်နှင့် ရှေ့နေချုပ်ဆု(ဒုတိယအဆင့်)၊ ၁၉၉၄ ခုနှစ်တွင် ပြည်သူ့ ဝန်ထမ်းတံဆိပ်၊ ၂၀၀၀ ပြည့်နှစ်တွင် ပြည်‌သူ့ဝန်ထမ်းကောင်း တံဆိပ်၊ ၂၀၀၁ ခုနှစ်တွင် ရှေ့နေချုပ်ဆု (ပထမအဆင့်)၊ ၂၀၀၃ ခုနှစ် တွင် စီမံထူးချွန်ဆု (ဒုတိယအဆင့်) နှင့် ၂၀၀၆ ခုနှစ်တွင် စီမံထူးချွန်ဆု (ပထမအဆင့်) စသည့် ဘွဲ့တံဆိပ်ပေါင်း (၈) ခုကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။[]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သောသူများ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာ အမိန့်ကြော်ငြာစာအမှတ် ၂၁၂/၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Phanida။ "Speakers elected to both houses of Parliament"၊ Mizzima၊ 31 January 2011 15 April 2012 တွင် ပြန်စစ်ပြီး Archived from the original on 3 February 2011။
  2. 1 2 3 ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း အမျိုးသားလွှတ်တော် (၁၁ ဩဂုတ် ၂၀၁၄)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံနေအိမ် ဗုံးပစ်ခံရ Myanmar Now။ 13 August 2025 တွင် ပြန်စစ်ပြီး။
  4. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။