ကာဗီယာ

ဝီကီပီးဒီးယား မှ
ကာဗီယာကို ခရုခွံဇွန်းဖြင့် ထည့်ထားသည်ကို တွေ့ရစဉ် (ကာဗီယာ အရသာမပျက်စေရန် ကြွေထည်ငွေထည်ဇွန်းများ သုံးလေ့မရှိ)

ကာဗီယာ (ပါရှန်း: خاویار‎ ) သည် စတာဂျီယွန်ငါးဥကို ဆားနယ်ထားသည့် စားစရာတမျိုးဖြစ်သည်။ အလွန်အရသာဆိမ့်သည်ဟု ယူဆကြပြီး စားစရာများအပေါ် ဖြူး၍ စားတတ်သည်။ [၁] ရိုးရာအားဖြင့် ကာဗီယာဟူသော အသုံးမှာ ကပ်စပီယံပင်လယ်နှင့် ပင်လယ်နက်တို့မှရသော စတာဂျီယွန်တို့၏ ငါးဥကိုသာ ညွှန်းခြင်း ဖြစ်သည်။ [၂] သို့ရာတွင် နိုင်ငံအချို့တွင် ငါးဥဆားနယ်ကိုပင် ကာဗီယာဟု ခေါ်တတ်သေးသည်။ [၃]

အစိမ်းနှင့် မီးပြထားသောငါးဥဟူ၍ ၂ စားရှိသည်။ မီးပြပါက အရသာလျော့သော်လည်း တာရှည်ခံသဖြင့် ဘူးသွတ်ရောင်းချရာတွင် သုံးသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Goldstein, D. (1999). A Taste of Russia: A Cookbook of Russian Hospitality. Russian Life Books. p. 71
  2. lan Davidson, Tom Jane, The Oxford companion to food, Oxford University Press, 2006.
  3. "Caviar, American Caviar, Sturgeon Caviar, Black Caviar, Salmon Caviar". Affordablecaviar.com.
  4. According to Jean-Pierre Esmilaire, Directeur Général of Caviar House & Prunier: "two-thirds of caviar's taste is lost through pasteurisation." (in "Three-star caviar", Caterersearch – The complete information source for hospitality, 1 February 2001).