မော်တုံရွာ၊ ကျွန်းလှမြို့နယ်

ဝီကီပီးဒီးယား မှ
မော်တုံ
ရွာ
မော်တုံရွာ
မော်တုံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော်တုံ
မော်တုံ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°28′32″N 95°06′06″E / 23.475549697876°N 95.101692199707°E / 23.475549697876; 95.101692199707ကိုဩဒိနိတ်: 23°28′32″N 95°06′06″E / 23.475549697876°N 95.101692199707°E / 23.475549697876; 95.101692199707
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ကန့်ဘလူခရိုင်
မြို့နယ်ကျွန်းလှမြို့နယ်
ကျေးရွာအုပ်စုသက္ကယ်ကျင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မော်တုံရွာ (အင်္ဂလိပ်: Mawton)သည် စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်ကျွန်းလှမြို့နယ်သက္ကယ်ကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၁၆၂ ဖြစ်သည်။ [၁] ရှေးအခါက ရှမ်းမြို့ဟောင်းဒေသလည်းဖြစ်သည်။ အင်းဝခေတ်မတိုင်မှီအထိ မြန်မာသက္ကရာဇ် ၇၇၄ အင်းဝဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာက တိုက်ဆင် (၃၀၀)၊ မြင်းသည်တော် (၄၀၀၀)၊ စစ်သည် စစ်သည် (၈၀၀၀၀) နှင့် လာရောက်တိုက်ခိုက်သဖြင့် မော်တုံ၊ မော်ကယ်မြို့များ ကျလေသည်။ မော်တုံ၊ မော်ကယ်သားတို့သည် ရွတ်ရွတ်ချွန်ချွန် ခုခံတိုက်ခိုက်သော်လည်း အင်အားမမျှသဖြင့် မြို့ကျလေ၏။ မြို့စားမင်း လွှတ်မြောက်သော်လည်း မိဖုရားနှင့် ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား အများအပြား အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။ ထို့အချိန်မှစ၍ မော်တုံမြို့သည် အင်အားတောင့်တင်းပြန်လည်မစည်ကားလာတော့ပေး။ အချို့သော မြို့သူမြို့သားတို့ကား ဆီးဖြူရိုးမတောင်ကိုကျော်၍ အနောက်ဘက် (ယခု) မော်လိုက်နယ်တွင် မော်တုံကြီးဟူ၍ မြို့တည်၊ ရွာတည် နေထိုင်ကြလေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။