မောင်မောင်လင်း

ဝီကီပီးဒီးယား မှ
H.E.

ဦးမောင်မောင်လင်း
သံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ မတ် ၂၀၁၆
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၁၆ – ဧပြီ၂၀၂၂
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ခင်လေးမူ
သားသမီးရွှေအိမ်လင်း
မိခင်ကျောင်းစစ်တက္ကသိုလ်
ဆုတံဆိပ်များ၀ဏ္ဏကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူးချုပ်

ဦးမောင်မောင်လင်း သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။တပ်မတော်သားဘဝမှ သံအမတ်ဘဝသို့ ၂၀၁၆တွင် ကူးပြောင်းလာသူဖြစ်သည်။[၁] အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တစ်ဆက်တည်း ၅နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[၂] လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် သံအမတ်ကြီးတာဝန် ထမ်းဆောင်လျှက်ရှိနေသည်။[၃]

တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

မောင်မောင်လင်းသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၆)ဆင်း ကျောင်းသားတစ်ဦးဖြစ်သည်။ယင်းနောက် အမှတ်စဉ်(၄၇)လေယာဉ်မောင်း သင်တန်းသို့ ဆက်လက်တက်ရောက်သည်။ကိုယ်ပိုင်အမှတ်မှာ လေ ၁၉၁၇ ဖြစ်သည်။တပ်မတော်(လေ)တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် လေတပ်စခန်းဌာနချုပ်မှူး အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၄ရက်တွင် တပ်မတော်မှ အငြိမ်းစားယူသည်။

သံတမန်ဖြစ်လာပုံ[ပြင်ဆင်ရန်]

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၄ ရက်စွဲပါ စာအမှတ်၊ ၁၇ ရာထူး (၁၃-ထ/၂) ၂၀၁၆ ဖြင့် လေ ၁၉၁၇ ဗိုလ်မှူးချုပ်မောင်မောင်လင်း သည် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ထိုရက်တွင်ပင် ပြောင်းရွှေ့လာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးဌာနရှိ သံအမတ်ကြီး ရာထူးတစ်နေရာတွင် ၂၀၁၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ အစပြု၍ ခန့်ထားသည်။ယင်းနောက် အစ္စရေးနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဖြစ်လာသည်။[၄]ဦးမောင်မောင်လင်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဂျေရုဆလင်မြို့၌ အစ္စရေး နိုင်ငံသမ္မတ မစ္စတာရူဗင်ရီ(ဗ)လင်ထံ ပေးအပ်ခဲ့ပြီး[၅] ၂၀၂၂ ခုနှစ် ဧပြီလအထိ တစ်ဆက်တည်း တာဝန်ထမ်းဆောင်ကာ ထို နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည် ရောက်ရှိပြီး သံအမတ်ကြီးတာဝန်ထမ်းဆောင်လျှက်ရှိနေသည်။

ထူးခြားဖြစ်စဉ်[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ရက်အတွင်းက အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံအား လက်နက်ရောင်းချသည်ဟု သံအမတ်ကြီးက ပြောကြောင်း GLZ ကြည်းတပ်ရေဒီယိုက ဖော်ပြခဲ့ရာ ထိုကိစ္စနှင့်စပ်လျဉ်းပြီး အစ္စရေး၏ ခေါ်ယူပြစ်တင်ခြင်းကို သံအမတ်ကြီး ခံရဖူးသည်။ သံအမတ်ကြီး၏ ပြောကြားချက်အပေါ် အစ္စရေးကြည်းတပ် ရေဒီယိုက မှားယွင်းဘာသာပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပြန်လည်ရှင်းလင်းခဲ့ပြီး ပြောကြားချက်များအား ရုပ်သိမ်းခဲ့ရသည်။[၆] [၇] [၈]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ကာ ရွှေအိမ်လင်းဆိုသည့် သမီးတစ်ဦးရှိသည်။

ချီးမြှင့်ခံရသည့်ဘွဲ့[ပြင်ဆင်ရန်]

ဝဏ္ဏကျော်ထင်ဘွဲ့ အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ချီးမြှင့်ခံရသည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံခြားရေးဝန်ကြီးဌာန ကြော်ငြာချက် အမှတ်၁၀၆/ ၂၀၁၆ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း အမှတ်၂၆ အတွဲ၇၀ (၂၀၁၇ခုနှစ် ဇွန်လ၃၀ထုတ်) (၈ မတ် ၂၀၁၆)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. H. E. U Maung Maung Lynn, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of Cyprus, seen together with H. E. Mr. Nicos Anastasiades, President of the Republic of Cyprus, after presenting his Letters of Credence.Office of the Honorary Consul of the Republic of the Union of Myanmarin Nicosia, Republic of Cyprus (13 July 2017)။ 10 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2023 တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင် အာရှဇုန်ရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲပြုလုပ်Eleven Media Group (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုဝန်ကြီးသည် အစ္စရေးနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် သွားရောက်ထမ်းဆောင်မည့် သံအမတ်ကြီး ဦးမောင်မောင်လင်းအား လက်ခံ တွေ့ဆုံMinistry of Commerce Myanmar (၇ ဇွန် ၂၀၁၆)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. သံအမတ်ကြီးဦးမောင်မောင်လင်း သံအမတ်ခန့်အပ်လွှာပေးအပ်ကြေးမုံသတင်းစာ စာမျက်နှာ(၃) (၅ ဩဂုတ်၂၀၁၆)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. လက်နက်ရောင်းကြောင်း မြန်မာသံအမတ် ပြောဆိုမှု အစ္စရေး ခေါ်ယူ သတိပေးဧရာဝတီသတင်း (၁ ဒီဇင်ဘာ ၂၀၁၇)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို လက်ရှိတွင် လက်နက်တင်ပို့ရောင်းချမှု ရှိနေသည်ဟု သံအမတ်ကြီး၏ ပြောကြားချက်သည် အစ္စရေးကြည်းတပ် ရေဒီယိုက မှားယွင်းဘာသာပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပြန်လည်ရှင်းလင်းEleven Media Group (၅ ဒီဇင်ဘာ ၂၀၁၇)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. A rocky time for Myanmar’s ambassador to IsraelJerusalem Post (3 December 2017)။ 12 March 2023 တွင် ပြန်စစ်ပြီး။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။