မောင်ဆုရှင် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
မောင်ဆုရှင်
မွေးဖွားဦးမျိုးသန့်
(1932-01-01)ဇန်နဝါရီ ၁၊ ၁၉၃၂
ဧရာဝတီတိုင်း၊ မြောင်းမြမြို့။
ကွယ်လွန်ဇန်နဝါရီ ၁၊ ၁၉၃၂(1932-01-01) (အသက် −၇၈)
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးမြန်မာ
ပညာရေးဝိဇ္ဇာဘွဲ့ (ရန်ကုန်တက္ကသိုလ်)
ထင်ရှားသည့်လက်ရာများညွန်ကြားရေးမှူး၊ ပြန်ကြားရေး ဝန်ကြီးဌာန။
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၁၉၆၈)

မောင်ဆုရှင် သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။ ၁၉၃၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့၌ အဖ ဦးချစ်ဖေ၊ အမိဒေါ်စိန်မြင့်တို့မှ မွေးဖွားသည်။ ဝိဇ္ဇာဘွဲ့၊ သတင်းစာပညာဒီပလိုမာဘွဲ့များ ရရှိသည်။ မူလတန်းနှင့် အလယ်တန်းပညာကို မြောင်းမြမြို့၊ အထက်တန်းပညာကို ရန်ကုန်မြို့မ အထက်တန်းကျောင်းနှင့် ဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိသည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်တွင် ရိုထရီကလပ်မှ ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုရ "နိုင်ငံသားကောင်းတာဝန်" စာစီစာကုံးကို ဟံသာဝတီ လွတ်လပ်ရေးနေ့ အထူးထုတ် သတင်းစာ၌ "မျိုးသန့်" ဟူသည့်ကလောင်အမည်ဖြင့် စတင်ဖော်ပြခံရကာ ကလောင်သွေးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် "မောင်ဖြူနွဲ့"ဟူသည့် ကလောင်အမည်ဖြင့် ဟံသာဝတီမဂ္ဂဇင်းကဏ္ဍ၌ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ "မောင်ဆုရှင်" ကလောင်အမည်ဖြင့် ရူမဝ၊ သင့်ဘဝ၊ စာပေဗိမာန် စသည့်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားပြုစုခဲ့သည်။ ၁၉၅၅ခုနှစ်မှ စတင်ပြီး "မျက်မှောက်ကမ္ဘာ့ရေးရာ" အခန်းများကို ရူမဝမဂ္ဂဇင်းတွင်ရေးသားခဲ့သည်မှာ ရူမဝမဂ္ဂဇင်းရပ်နားသည့်အထိ ပင် ဖြစ်သည်။ အခြားကလောင်ခွဲများမှာ အောင်သူ၊ ဦးဘခန့်၊ ဝင်းသန့် စသည့်တို့ဖြစ်သည်။

မြတ်ဘုရားရွှေတိဂုံနီသောလင်းယုန်အင်္ဂလိပ်- မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များစိတ်နုပျို ကိုယ်ကျန်းမာမြို့ပြခံစားမှု စာမွန်များ၂၀ ရာစုသုတကမ္ဘာကမ္ဘာမြေကြွေမှာစိုးသူများ နှင့် ၂၁ ရာစု လူမှုဝေါဟာရများ ( ၆ ) တွဲအသေးအမွှား အရေးမထားဖို့ နည်းလမ်း ( ၁၀ဝ )မိုးကောင်းကင်ကို မော့ကြည့်ခြင်းစာရေးသူ့လက်စွဲအကောင်းမြင်စိတ်စွမ်းအားပျော်ရွှင်သုခ တစ်ဘဝနေ့စဉ် စိတ်ချမ်းသာဖို့ နည်းလမ်းကိုးသွယ် စသည့် စာအုပ်များနှင့် စာပေဗိမာန် စာအုပ်များ အပါအဝင် ပင်ကိုရေးနှင့် ဘာသာပြန်လုံးချင်းစာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ ခရီးသွားစာပေစာတမ်း၊ ဂန္ထဝင် စာပေစာတမ်း၊ ဘာသာပြန်စာပေစာတမ်း အပါအဝင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၂၀ ကျော်နှင့် နိုင်ငံတကာစာတမ်းဖတ်ပွဲများတွင် မြန်မာစာပေဆိုင်ရာ စာတမ်းပေါင်း ၁၀ ခုကျော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုဖတ်ကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စာပေတာဝန်များဖြင့် အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဂျာမနီ၊ ဟောင်ကောင်၊ မလေးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့သွားရောက်ခဲ့သည်။

စာပေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတိ အဖွဲ့ဝင်၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်များ ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်က ကြီးမှူးသည့် သုတဘဏ်စာတမ်းဖတ်ပွဲ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း နှီးနှောဖလှယ်ပွဲများကို စီစဉ်ကျင်းပခြင်း၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အတွက် ဦးထင်ကြီး ဒီဂျစ်တယ်ရည်ညွှန်းစာကြည့်တိုက် ထူထောင်ပေးခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ WIPO, ACCU အဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်း၍ စာပေမူပိုင်ခွင့် ဗဟုသုတ တိုးပွားရေး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက် ကျင်းပပေးခြင်း စသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။

စာပေစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၁၉၆၆ မှ ၁၉၈၈ ခုနှစ်ထိ စာပေလုပ်သားအဖွဲ့ တွဲဖက်အတွင်းရေးမှူးနှင့် အတွင်းရေးမှူး၊ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး၊ ၁၉၉၄ မှ ၁၉၉၉ ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌနှင့် ၁၉၉၉ ခုနှစ်မှ ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ် မြို့မကျောင်း၏ ၇၅နှစ်ပြည့် စိန်ရတုကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့ရာတွင် ပါဝင်ခဲ့သည်။

အခြားလုပ်ငန်းများ[ပြင်ဆင်ရန်]

နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှ တာဝန်ပေးသည့် လုပ်ငန်းများဖြစ်သည့် ၁၉၉၃မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားညီလာခံသမိုင်းပြုစုရေးအဖွဲ့ ခေါင်းဆောင်၊ ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့တွင် မဂ္ဂဇင်းထုတ်ဝေရေး အဖွဲ့ခေါင်းဆောင် စသည့်တာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် စာပေပြိုင်ပွဲများ၊ မြန်မာအသံတွင် ၁၉၆၀ ပြည့်ခန့်မှစ၍ "သိပ္ပံပညာ သိကောင်းစရာကဏ္ဍ" နှင့် သုတပဟေဠိကဏ္ဍများ၊ ၂၁ရာစု လူမှုဝေါဟာရများ မိတ်ဆက်ကဏ္ဍတို့တွင် အသံလွှင့်ခဲ့ပြီး ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ခဲ့သည်။

ထွန်းဖောင်ဒေးရှင်းစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး၊ သုတစွယ်စုံစာပေဆု စိစစ်ရွေးချယ်ရေးဥက္ကဋ္ဌ၊ ဆရာဝန်တင်ရွှေ စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဂျပန်နိုင်ငံ ယူနက်စကို အာရှ-ပစိဖိတ် ယဉ်ကျေးမှုဌာန(ACCU)တွင် မြန်မာနိုင်ငံစာပေဆိုင်ရာ သတင်းဆက်သွယ်ရေးမှူးဖြစ်သည်။

၁၉၉၁ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးတွင် အကြံပေးအရာရှိ၊ ကျွမ်းကျင်သူတာဝန်များ ထမ်းဆောင်နေဆဲတွင် ကွယ်လွန်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မောင်ဆုရှင်သည် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျက် ရှိရာမှအသက် ၇၇ နှစ်အရွယ် တွင် အဆုတ်အအေးမိ ရောဂါဖြင့် ၃ ရက်ခန့် ရောဂါခံစားနေရရာမှ ရွှေဂုံတိုင်အထူးကု ဆေးကုခန်းတွင် တက်ရောက်ကုသနေရင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့် တွင်ရန်ကုန်မြို့၌ ကွယ်လွန်သွားသည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ဇွန်လ ၄ ရက်နေ့တွင်ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

မောင်ဆုရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကဏှာဇာလီ
  2. ကာယချမ်းသာ
  3. (ကလာရာအင်ဂရန်) ကုဋေငါးဆယ်
  4. ခရစ်တော်၏ ဘဝ - ၁၉၆၃ ခုနှစ်
  5. ခြေရာပျောက်
  6. ဂုဏ်
  7. စာနယ်ဇင်းဟူသည် (သိန်းတန်၊ မောင်ပေါ်ထွန်း တို့နှင့် တွဲ၍)
  8. စာအုပ် ဟူသည် (မောင်ပေါ်ထွန်းနှင့် တွဲ၍)
  9. စစ်သူကြီး မဟာဗန္ဓုလ
  10. စိတ်နုပျို ကိုယ်ကျန်းမာ
  11. စုံထောက် ဦးရန်ပြေ
  12. တီထွင်မှုများ သမိုင်း (ပထမတွဲ) - ၁၉၇၅ ခုနှစ်
  13. တီထွင်မှုများ သမိုင်း (ဒုတိယတွဲ) - ၁၉၇၅ ခုနှစ်
  14. တပြန်တလှည့်
  15. တရပ်တမြေ
  16. ဒဂုန်နေ့စဉ်
  17. နီသော လင်းယုန် (စတုန်း + အာဗင်) - ၁၉၇၆ ခုနှစ်
  18. ပါရမီ
  19. ပင်လယ်ပြာနှင့် တံငါအို - ၁၉၇၄ ခုနှစ် (ဟဲမင်းဝေ၊ အားနက်စ်)
  20. မြို့ပြခံစားမှု စာမွန်များ
  21. မြတ်ဘုရား ရွှေတိဂုံ - ၁၉၇၂ ခုနှစ်
  22. ရာမာကရစ်ရှနာ ကိုယ်တော်၏ အာဘော် - ၁၉၆၃ ခုနှစ်
  23. ရှရီရာမာကရစ္စနာ ကိုယ်တော်၏ အတ္ထုပ္ပတ္တိ အကျဉ်း - ၁၉၅၉ ခုနှစ်
  24. အနိုင်မခံ (စီးယားစ်၊ ကတ်သရင်းအိုးရန်း) - ၁၉၆၃ ခုနှစ်
  25. အသက်ရှည်ရာ အနာမဲ့ကြောင်း - ၁၉၆၃ ခုနှစ်
  26. အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ - ၁၉၆၉ ခုနှစ်
  27. အင်ဂျင်နီယာ စွမ်းရည် - ၁၉၅၈ ခုနှစ်
  28. ၂၁ ရာစု လူမှုဝေါဟာရများ - ၂ဝဝဝ ပြည့်နှစ်

ရရှိခဲ့သော ဆုများ[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်တွင် အမျိုးသား စာပေဆု ( သုတပဒေသာဆု ) ကို တီထွင်မှုများသမိုင်း စာအုပ်ဖြင့်လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် အမျိုးသားစာပေဆု ( ဘာသာပြန်ဆု ) ကို ပင်လယ်ပြာနှင့် တံငါအို စာအုပ်နှင့်လည်းကောင်း ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း (၂ဝဝ၃ ခုနှစ်၊ ဧပြီလ)။ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း (ပထမ အကြိမ် ed.)။ ပညာရွှေတောင် စာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)