သုတစွယ်စုံစာပေဆု

ဝီကီပီးဒီးယား မှ

သုတစွယ်စုံစာပေဆု သည် ၂၀၀၆ ခုနှစ်ကတည်းက စွယ်စုံမီဒီယာဂရု (Swesone Miedia Group) မှ ပေးအပ်ခဲ့သည့် စာပေဆိုင်ရာ ဆုတစ်ခု ဖြစ်သည်။ မြန်မာတိုင်း(မ်) ၏ စီအီးအိုဖြစ်သူ ဒေါက်တာတင်ထွန်းဦးက ထောက်ပံ့ပေးထားသည်။

သုတစွယ်စုံစာပေဆုရစာအုပ်စာရင်း[ပြင်ဆင်ရန်]

ပထမအကြိမ် (၂၀၀၄ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးတင်မောင် (သိပ္ပံမှူးတင်)

၂။ ဝိဇ္ဇာ - ချစ်စံဝင်း - တကောင်းမှ အသစ်တွေ့ရှိမှု ပျူအထောက်အထားများ

၃။ စာပဒေသာ - အောင်မောင်း - ရိတ်သိမ်းချိန်လွန် မြို့ပြနှင့် အခြားလူမှုစီးပွား အသုံးချဆောင်းပါးများ

၄။ သုတသိပ္ပံ - လှိုင်သင်း - ကမ္ဘာကျော်အဆောက်အအုံများနှင့် တည်ဆောက်သူများ

၅။ အသုံးချသိပ္ပံ - ဒေါက်တာမိုလာ - သွားနှင့် ခံတွင်းအကြောင်း သိကောင်းစရာ

ဒုတိယအကြိမ် (၂၀၀၅ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးလှကြိုင် (ပါရဂူ)

၂။ ဝိဇ္ဇာ - မောင်ဝံသ - သတင်းစာပညာ၊ သဘောတရားနှင့် လက်တွေ့

၃။ စာပဒေသာ - ဒေါက်တာသက်လွင် - လွမ်းမောဖွယ်တွေ ပေါပါတဲ့ ယောမြေ

၄။ သိပ္ပံ - ဦးကျော်ညွန့် - ဆန်းသစ်လာသော နာနိုနည်းပညာ

၅။ အသုံးချသိပ္ပံ - ပါမောက္ခဒေါ်မြင့်မြင့်ခင် - ဆီးချိုလူနာလမ်းညွှန်

၆။ ဘာသာပြန် - အောင်သန်းထွန်း (မုံရွာ) - ဒုတိယကမ္ဘာစစ် ဇာတ်ဆောင် ၁၀၀

၇။ ရည်ညွှန်းစာပေ - ရာပြည့်ဦးစိုးညွန့် - ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀

တတိယအကြိမ် (၂၀၀၆ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးမျိုးသန့် (မောင်ဆုရှင်)

၂။ ဝိဇ္ဇာ - ဒေါက်တာမတင်ဝင်း - စစ်မီးမငြိမ်း၊ မြက်မစိမ်းနိုင်သည့်မြေ

၃။ စာပဒေသာ - နောင်စစ်သည် - သေတနေ့ မွေးတနေ့

၄။ ဘာသာပြန် - မောင်မြင့်ကြွယ် - အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား

၅။ လူမှုစီးပွား - ခင်မောင်ညို (ဘောဂဗေဒ) - ဂလိုဘယ်လိုက်ဇေးရှင်း ငွေကြေးဈေးကွက်အတွေးအမြင်

၆။ ရည်ညွှန်းစာပေ - တောင်ခိုး - အရှေ့တောင်အာရှ အနုသုခုမလက်ရာများ အဘိဓာန်

၇။ လူငယ်စာပေ - နေဇင်လတ် - ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်

၈။ နိုင်ငံတကာရေးရာ - ရဲရင့်တင့်ဆွေ - ကမ္ဘာ့စစ်မှုရေးရာ အပိုင်းအစများ

၉။ သိပ္ပံ - ဘိုးလှိုင် - အနုစိတ်သိသမျှ ရုပ်လောက ဘက်ညီမှုနှင့် လောကနိယာမများ

၁၀။ အသုံးချသိပ္ပံ - ဒေါက်တာခင်မောင်လွင် - သဘာဝမှရသော ကျန်းမာသုခ

စတုတ္ထအကြိမ် (၂၀၀၇ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဒေါက်တာခင်မောင်ညွန့် (ဒေါက်တာခင်မောင်ညွန့်)

၂။ ဝိဇ္ဇာ - မောင်ဇေယျာ - ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ

၃။ စာပဒေသာ - မှူးသမိန် - ဘဝတကွေ့ ကြုံတွေ့ရ မှတ်တိုင်များ

၄။ ဘာသာပြန် - ကျော်ဦးလှ - ဧရာဝတီ ဖလော်တီလာ

၅။ လူမှုစီးပွား - ချစ်ဆွေမြင့် - မြန်မာ့ခရီးသွားဥယျာဉ်အတွင်းမှ ပန်းပွင့်ဟိုတယ်များ

၆။ ရည်ညွှန်းစာပေ - မောင်လှသောင်း (ဘဏ်) - ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရအဘိဓာန်

၇။ လူငယ်စာပေ - ချစ်နိုင် (စိတ်ပညာ) - ဘဝတခု စီမံမှု

၈။ နိုင်ငံတကာရေးရာ - သံအမတ်ကြီး ဦးလှမောင် (ဘောဂ) - ဤကမ္ဘာလောကနှင့် ရေနံစွမ်းအင်ပြဿနာ

၉။ သုတသိပ္ပံ - မောင်ထွန်းလွင် (မိုးလေဝသ) - လာနီညာဆိုတဲ့ မိန်းကလေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်းပါးများ

၁၀။ အသုံးချသိပ္ပံ - အောင် (ဆေး-၁) - ကျန်းမာစေဖွယ် နည်းအသွယ်သွယ်

ပဉ္စမအကြိမ် (၂၀၀၈ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးချစ်စံ (ချစ်စံဝင်း)

၂။ ဝိဇ္ဇာ - တက္ကသိုလ်စိန်တင် - မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း

၃။ စာပဒေသာ - ကိုကို (စက်မှုတက္ကသိုလ်) - အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယား ခရီးသွားဆောင်းပါးများ

၄။ ဘာသာပြန် - ကြည်မင်း - ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း

၅။ လူမှုစီးပွား - ဒေါက်တာ ချစ် - လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ

၆။ ရည်ညွှန်းစာပေ - ကျော်ဝင်း - စာအုပ်များနှင့် နှစ်ပေါင်းများစွာ

၇။ လူငယ်စာပေ - ပါမောက္ခ ဒေါက်တာတင်စိုး - ဘာလဲဟဲ့ ဒေါက်တာဘွဲ့

၈။ နိုင်ငံတကာရေးရာ - ရဲထွဋ် - သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တို့ နေဝင်ချိန်

၉။ အသုံးချသိပ္ပံ - ဒေါက်တာစိုးလွင် - လူနာဖြစ်သွားသောဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ

ဆဋ္ဌမအကြိမ် (၂၀၀၉ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးဝင်းမောင် (မင်းယုဝေ)

၂။ စာပဒေသာ - မောင်ခင်မင် (ဓနုဖြူ) - အိုဆာကာဧည့်သည်

၃။ ဝိဇ္ဇာ - မောင်မိုးသူ - လွမ်းတော်မူဖို့ စာကိုစီတယ်

၄။ သိပ္ပံ - ကိုဆွေ (ပန်နိုရားမား) - အတိုင်းမသိစကြဝဠာ

၅။ ဘာသာပြန် - ကြည်ရွှန်း - စီးပွားအောင်ခြင်း

၆။ ရည်ညွှန်းစာပေ - ဖေမြင့် - စာအုပ်ကမ္ဘာ

၇။ လူမှုစီးပွား - ဝင်းထွဋ်ဇော် - နိဂုံးမဟုတ်သောနိဂုံး သို့မဟုတ် ရေနံစွမ်းအင်၏ စိန်ခေါ်မှုများ

သတ္တမအကြိမ် (၂၀၁၀ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)

၂။ ဝိဇ္ဇာ - ဒေါက်တာကျော်စိန် - မသိစိတ်ရှာပုံတော်

၃။ စာပဒေသာ - စိန်မျိုးမြင့် - မြိတ်ကျွန်းစုအလှများဆီသို့

၄။ နိုင်ငံရေးစာပေ - မောင်ဝံသ - ရှာမှရှားတဲ့နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ

၅။ အတ္ထုပ္ပတ္တိစာပေ - နိုင်ဇော် - ညဉ့်ရဲ့အချိန်မှာ မျှော်မျှော်ကာစောင့်တဲ့ အလင်းရောင် ထူးခြားတောက်ပလို့ (စိုင်းထီးဆိုင်၏ ပုံတူကောက်ကြောင်း)

၆။ လူမှုစီးပွား - ဟိန်းလတ် - အရှေ့လေလွှမ်းသောအခါ (သို့) ကမ္ဘာကို တရုတ်တို့ စိုးမိုးချိန်

၇။ ဘာသာပြန် - ရဲတင့် - ကုလသမဂ္ဂပေါ်မှအမြင်

၈။ အသုံးချသိပ္ပံ - ဦးကျော်သူ - လွယ်ကူလေ့လာ ပုံနှိပ်ပညာ

၉။ သုတသိပ္ပံ - ဝင်းကျော် - မြန်မာနိုင်ငံအတွင်းက အပြည်ပြည်ဆိုင်ရာမြစ်များနှင့် အခြားရေသယံဇာတဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်းပါးများ

အဋ္ဌမအကြိမ် (၂၀၁၁ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးမြင့်ကြွယ် (မောင်မြင့်ကြွယ်)

၂။ ဝိဇ္ဇာ - မောင်သန်းဆွေ (ထားဝယ်) - ထီးသတင်း နန်းသတင်း

၃။ ဘာသာပြန် - မောင်မြတ်မိုး - မြန်မာ့အောင်ဆန်း

၄။ အတ္ထုပ္ပတ္တိစာပေ - တက္ကသိုလ်စိန်တင် - အိုးဝေ ဦးညိုမြ ဘဝနှင့် စာပေ

၅။ စာပဒေသာ - မောင်မောင်တင် - လူနာ၊ သူနာပြု၊ ဆရာဝန်နှင့် ကျွန်တော်

၆။ ရည်ညွှန်းစာပေ - မကြင်ဌေး - လူမှုရေးပထဝီဝင် အင်္ဂလိပ်-မြန်မာအဘိဓာန်

၇။ သုတသိပ္ပံ - ပါစီမျိုးမြင့် - ဗိသုကာ၊ ဗိသုကာပညာ

၈။ အသုံးချသိပ္ပံ - ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ) - မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ

နဝမအကြိမ် (၂၀၁၂ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+မိုး)

၂။ အတ္ထုပ္ပတ္တိစာပေ - တက္ကသိုလ်စိန်တင် - မြန်မာ့လွတ်လပ်ရေးခရီးနှင့် ဦးနု

၃။ နိုင်ငံရေးစာပေ - တင်ညွန့် - ဒီမိုကရေစီပါရာဒိုင်း

၄။ လူငယ်စာပေ - ဒေါက်တာခင်မောင်ညို - အောင်မြင်မှုဆီသို့

၅။ စာပဒေသာ - တင်နိုင်တိုး - ပုဂ္ဂိုလ်ထူးတို့၏ ဘဝတကွေ့

၆။ ဘာသာပြန် - ဒေါက်တာဝင်း (ဆေး-မန်း) - အထူးကုဆရာဝန်ကြီးတွေရဲ့ အတွေ့အကြုံများ

၇။ အသုံးချသိပ္ပံ - ဒေါက်တာမင်းသိမ်း - လေဆာရောင်ခြည်ဖြင့် မျက်မှန်ပါဝါလျှော့ချခြင်းနှင့် အခြားမျက်မှန်ဆိုင်ရာ ဆောင်းပါးများ

ဒသမအကြိမ် (၂၀၁၃ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ပါမောက္ခဒေါက်တာမောင်မောင်ညို (ဒေါက်တာမောင်မောင်ညို)

၂။ စာပဒေသာ - ကျော်သူ - ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ...

၃။ လူမှုစီးပွား - နေဇင်လတ် - ရွှေရတုလက်ရွေးစင်ဆောင်းပါးများ (၁) နှင့် (၂)

၄။ လူငယ်စာပေ - တင်စိန် (ပထဝီဝင်) - ဖေ့စ်ဘွတ်ခ်သက်ရောက်မှု

၅။ နိုင်ငံရေးစာပေ - မြတ်ခိုင် - ဦးခင်ညွန့်နှင့် အင်တာဗျူး

၆။ ဝိဇ္ဇာ - ပန်းချီလှတင်ထွန်း - မြန်မာပန်းချီရေစီးကြောင်း

၇။ အသုံးချသိပ္ပံ - ပါမောက္ခဒေါက်တာခင်မကြီး - ပြည်သူ့အတွက် ဆေးဝါးဗေဒ

၁၁ ကြိမ် (၂၀၁၄ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးစိန်တင် (တက္ကသိုလ်စိန်တင်)

၂။ စာပဒေသာ - ပါမောက္ခဒေါက်တာအောင်ထွန်းသက် - ကျွန်တော်နဲ့ ... ဆောင်းပါးများ စုစည်းမှု

၃။ ရည်ညွှန်းစာပေ - ထွန်းသစ် - ဦးသန့်၊ ကုလသမဂ္ဂနှင့် အတွင်းရေးမှူးချုပ်များ

၄။ အတ္ထုပ္ပတ္တိစာပေ - ဝင်းငြိမ်း - ဓားတောင်ကိုကျော်၍မီးပင်လယ်ဖြတ်ခဲ့သူနှင့် စာပေလူကြမ်းမင်းသား

၅။ နိုင်ငံတကာရေးရာ - သတိုးလွင် (ပထဝီဝင်) - အနောက်ကမ္ဘာသို့ ခရီးသွားခြင်း

၆။ ဝိဇ္ဇာ - ကျော်ကျော်လှိုင် (SMART) - ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာခြင်း

၇။ အသုံးချသိပ္ပံ - ပန်းတနော်ခင်မောင်မြင့် - လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင်၊ မြန်မာ့ကြေးနီသတ္တုသိုက်နှင့် ကမ္ဘာ့ကြေးနီသတ္တုတိုက်များ

၁၂ ကြိမ် (၂၀၁၅ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - စည်သူဒေါက်တာသော်ကောင်း (ဦးသော်ကောင်း)

၂။ နိုင်ငံတကာရေးရာ - ဦးသိန်းလှိုင် - ခေတ်သစ်အရှေ့တောင်အာရှ

၃။ ရည်ညွှန်းစာပေ - မောင်ခေတ်ထွန်း - မြန်မာအမျိုးသမီးစာရေးဆရာများ၏ စာပေရုပ်ပုံလွှာ

၄။ ဘာသာပြန်စာပေ - သန်းစိုးနိုင် - သမိုင်းနှင့်လမ်းလျှောက်ခြင်း

၅။ ဝိဇ္ဇာ - မောင်ရဲလူ - မြန်မာစာ၊ မြန်မာမှု ကောင်းကွက်လှကွက်များ (စာပေသုတေသန၊ စာပေအတွေး၊ စာပေအရေး)

၆။ အသုံးချသိပ္ပံ - ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး) - အန္တရာယ်မကင်းတဲ့အချစ်

၁၃ ကြိမ် (၂၀၁၆ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဦးတင်ခ (ဆရာတက္ကသိုလ်တင်ခ)

၂။ ဘာသာပြန်စာပေ - ဟိန်းလတ် - ရေထဲမှာလူ ... လူထဲမှာရေ

၃။ နိုင်ငံတကာရေးရာ - စိန်ဝင်းစိန် - ရှင်သန်ခွင့်

၄။ အတ္ထုပ္ပတ္တိစာပေ - ကျော်ထက်ထွန်း - ဂျော့ဆိုရော့စ် သို့မဟုတ် မေတ္တာရှင်သန်းကြွယ်သူဌေးကြီး

၅။ စာပဒေသာ - မြင့်သိန်းလှိုင် - ရိုးတံကျဲတွေ မြိုင်ထဲမှာ အငိုတိတ်စေချင်

၆။ ရည်ညွှန်းစာပေ - သန်းဝင်းလှိုင် - အနက်ဖော်ရခက်သော နေ့စဉ်သုံး မြန်မာဝေါဟာရများအဘိဓာန်

၇။ သုတသိပ္ပံ - ဒေါက်တာခင်မောင်ညို - အသိဉာဏ်မဲ့ခြင်းဟာ အပြစ်လား

၈။ အသုံးချသိပ္ပံ - ပါမောက္ခသိန်းနှင့် ဒေါက်တာဆု - ဆေးပညာပေါင်းချုပ် (၂)

၁၄ ကြိမ် (၂၀၁၇ အတွက်)[ပြင်ဆင်ရန်]

၁။ တသက်တာစာပေဆု - ဒေါက်တာခင်အေး (မောင်ခင်မင် - ဓနုဖြူ)

၂။ စာပဒေသာ - ဒေါက်တာအောင်ကြီး - ကဗျာလူ စာလူ အရပ်ဝတ်အင်္ကျီနဲ့လူ

၃။ လူမှုစီးပွား - စိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ) - ခေါင်းဆောင်မှုအနုပညာ

၄။ လူငယ်စာပေ - လင်္ကာရည်ကျော် - သားသို့ ...

၅။ ဝိဇ္ဇာ - နွယ်ဦးလှိုင် - မဇိမပြတိုက်

၆။ သုတသိပ္ပံ - ဒေါက်တာခင်မောင်လွင် - လိုအပ်နေသော ရေဥပဒေ

၇။ အသုံးချသိပ္ပံ - မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် - အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေးပညာပေးဆောင်းပါးများ

ကိုးကား[ပြင်ဆင်ရန်]