မောက်တင်ငှက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မောက်တင်ငှက်
Amerikanische Höckerglanzgans Sarkidiornis sylvicola 05 (1).jpg
Male South American Knob-billed Duck (S. m. sylvicola)
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
အန်စာရီ‌ဖောမီး
မျိုးရင်း:
အနာတီဒီ
မျိုးရင်းသေး:
မျိုးစု:
Sarkidiornis

Eyton, 1838
မျိုးစိတ်:
S. melanotos
ဒွိနာမ
Sarkidiornis melanotos
(Pennant, 1769)
Sarkidiornis melanotos distribution.png
Global range
Synonyms

Anser melanotos Pennant, 1769

မောက်တင်ငှက် သည် ဝမ်းဘဲ၊ ငန်းတို့နှင့်အတူ "အင်ဆာရီ ဖောမီး" မျိုးစဉ်တွင် "အနက်တီဒီး" မျိုးရင်း၌ ပါဝင်၍ သတ္တဗေဒ(ပါဏဗေဒ‎) အလိုအားဖြင့် ဆာကီဒိုင်အောနစ် မယ်လာနိုတော့ ဟုခေါ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းဘဲနှင့်ငန်းအမျိုးပေါင်း ၃၄ မျိုးရှိသည်ဟု သိရသော်လည်း ၆ မျိုးသာလျှင် တိုင်းရင်းငှက်များဖြစ်ကြသည်။ ကျန်အမျိုးများမှာ ဆောင်းရာသီဧည့်သည်ငှက်များ ဖြစ်ကြ၍ စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလလောက်တွင် ရောက်လာပြီးလျှင် မတ်လတွင် တိဗက်ကုန်းပြင်မြင့်သို့ဖြစ်စေ၊ သို့မဟုတ် ထို့ထက် မြောက်ဘက်ကျသော ဒေသများသို့ဖြစ်စေ တစ်ဖန် ပြန်သွားကြသည်။ ထိုနေရာများ၌သာ သားပေါက် သည်။ တိုင်းရင်းငှက်မျိုးများတွင် မောက်တင်သည် တစ်မျိုး အပါအဝင်ဖြစ်၍ စိတ်ဝင်စားဖွယ်လည်း ကောင်းပေသည်။ ကျန် တိုင်းရင်းငှက် ၅ မျိုးမှာ တောဘဲကလကတ်စစ်စလီကြီးစစ်စလီခေါင်းမဲနှင့် ဝမ်းဘဲတို့ ဖြစ်ကြသည်။


မောက်တင်အဖိုများသည် အလျားလက်မ ၃ဝ ရှိ၍ အမများမှာ ၂၃ လက်မသာရှိသည်။ မောက်တင်အဖို၏ အပေါ် ပိုင်းသည် အနက်ရောင်တွင် အစိမ်းရောင်၊ ခရမ်းရောင်နုနှင့် ကြေးနီရောင်များ ရောယှက်၍ ချောမွတ်တောက်ပနေပေသည်။ ထူးခြားချက်တစ်ရပ်မှာ အခြားဝမ်းဘဲနှင့်မတူဘဲ နှုတ်သီးရင်း တွင် အသားအမောက်ရှိခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် မောက်တင်ဟု အမည်တွင်သည်။ ထိုအမောက်သည် သားပေါက် ချိန်တွင် ပိုမိုထင်ရှားလေသည်။ မောက်တင်အမသည် အဖိုထက် သိသိသာသာအရွယ်ငယ်၍ မွဲခြောက်ခြောက် အရောင်ရှိပြီးလျှင် အမောက်လည်း မရှိချေ။ မောက်တင်တို့သည် ပျံသန်းရာတွင် သန်မာ၍ လျှင်မြန်စွာ ပျံသန်းနိုင်သည်။


မောက်တင်တို့သည် အများအားဖြင့် သစ်ပင်ထက်၌နေ သည်။ ကိုင်းပင် သစ်ပင် အနည်းငယ်မျှ ဝိုင်းလျက်ရှိသော ရေ တိမ်အင်းအိုင်များ၌ ယင်းတို့ကို တစ်ကောင်တည်းဖြစ်စေ၊ အဖို အမတွဲလျက်ဖြစ်စေ၊ အအုပ်အသင်းကလေးဖွဲ့၍ဖြစ်စေ တွေ့ရ တတ်သည်။ ညဉ့်အချိန် ထိုအပင်၌ပင် အိပ်တန်းတက်ကြသည်။ သားပေါက်ချိန်မဟုတ်သည့်အချိန်၌ မြစ်ချောင်းများ၊ သဲသောင် ကမ်းခြေများ၌နေသည်။ မောက်တင်များသည် စပါးများကို အ မြောက်အမြားစားသည်။ သို့သော်လည်း သစ်မြစ်၊ သစ်စေ့များ၊ ရေထဲ၌ပေါက်သော ပင်ငယ်အမျိုးမျိုးတို့၏ အစို့များ၊ တီကောင် နှင့် ရေပိုးရေမွှားများကိုလည်း စားကြသည်။


မောက်တင်အဖို၏ ရိုးရိုးအော်သံမှာ မကျယ်လောင်မစူး ရှသော်လည်း အသိုက်အနီးအနားသို့ သွားရောက်နှောင့်ရှက် သည့်အခါ မကြောက်မရွံ့ ဆူညံစွာအော်ဟစ်တတ်သည်။ မောက် တင်တို့သည် ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်ကြ သည်။ သာမန်အားဖြင့် အသိုက်ကို သစ်ပင်ထက်ရှိ အခေါင်း တွင်း၌ တုတ်များ၊ မြက်များ၊ သစ်ရွက်များနှင့် အမွှေးအတောင် များဖြင့် ဖြစ်ကတတ်ဆန်း ပြုလုပ်သည်။ တစ်မြုံလျှင် ၇ ဥမှ ၁၂ ဥအထိ ရှိသည်။ အသိုက်တစ်ခုတွင်ကား ဥပေါင်း ၄၇ ဥ အထိ ရှိသည်ကိုတွေ့ရဘူးသည်။ ဥများသည် ရှည်မျောမျောရှိ၍ ပထမတွင် ဖြူနေသော်လည်း ကြာလတ်သော် တဖြည်းဖြည်းညို လာသည်။ တစ်ခါတစ်ရံ ကလကတ်ငှက်၏ဥများကို မောက် တင်အသိုက်တွင် တွေ့ရတတ်သည်။


မောက်တင်တို့ကို အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံ၊ မြန် မာနိုင်ငံနှင့် သီဟိုဠ်နိုင်ငံများတွင် တွေ့ရသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း၌တွေ့ရခဲ၍ အလယ်ပိုင်းနှင့် တောင်ပိုင်းတွင်ကား အမြောက်အမြား တွေ့ရသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)