မီးဝတိုက်ပွဲ

ဝီကီပီးဒီးယား မှ

မီးဝတိုက်ပွဲသည် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်သည်။ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မြောက်ဖက်၊ ကုလားတန်မြစ်၏ အရှေ့ဖက်၊ မီးချောင်းနှင့် ကုလားတန်မြစ်တို့ဆုံရာ မီးချောင်းဝတောင်ဖက်ကမ်းခြေရှိ မြန်မာ့တပ်မတော် အခြေပြုဗျူဟာကုန်းသို့ ရက္ခိုင့်တပ်တော် စစ်သည်တော်များ ထိုးစစ်ဆင်လာသောကြောင့် ဖြစ်ပွားရသော တိုက်ပွဲဖြစ်သည်။ မြန်မာ့တပ်မတော် ဗျူဟာထိုင်ရာ တောင်ကုန်းအနောက်ဖက် ကုလားတန်မြစ် အနောက်ဖက်ခြမ်းတွင် မီးဝ‌ကျေးရွာတည်ရှိသည်။ မီးချောင်းသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ခွဲခြားထားသော ပြည်နယ်ခြားမျဉ်းလည်း ဖြစ်သည်။


မီးဝတိုက်ပွဲသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် မြန်မာ့တပ်မတော်တို့ ၁၉၇၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကွမ်းလုံတိုက်ပွဲအပြီး နှစ် (၅၀) အကြာ၊ ၂၀၂၀ ခုနှစ်တွင် ထပ်မံဖြစ်ပွားသော ရက်အကြာဆုံး တိုက်ပွဲကြီးတစ်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ထိ မီးဝတိုက်ပွဲမှာ နှစ်ဖက်လုံးမှ အင်အားအလုံးအရင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရဆဲဖြစ်သော တိုက်ပွဲတစ်ပွဲဖြစ်သည်။

2023 ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကျော့ပြန် ဖြစ်ပွါးသောအာဏာသိမ်း စစ်ကောင်စီ(မြန်မာ့တပ်မတော်)နှင့် ရက္ခိုင့်တပ်တော်တိုက်ပွဲ များအတွင်း 2024 ခုနှစ် ဇန်နဝါရီလ (13)ရက်နေ့ ညနေ ၆နာရီ အချိန်တွင် ရက္ခိုင့်တပ်တော်မှ မီးဝဗျူဟာကုန်းနှင့် အခြားသော ဗျူဟာ ကုန်းကြီး များကို အပြင်းထန် ချေမှုန်းတိုက်ခိုက် ပြီး ပလက်ဝ ဒေသ တစ်ခု လုံးအား သိမ်းပိုက်သည်။

ကိုးကား[ပြင်ဆင်ရန်]