မိုင်တဲရွာ၊ ချောင်းဦးမြို့နယ်
မိုင်တဲ | |
---|---|
ရွာ | |
မိုင်တဲရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°55′59″N 95°18′57″E / 21.933069229126°N 95.3157501220703°Eကိုဩဒိနိတ်: 21°55′59″N 95°18′57″E / 21.933069229126°N 95.3157501220703°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | မုံရွာခရိုင် |
မြို့နယ် | ချောင်းဦးမြို့နယ် |
ကျေးရွာအုပ်စု | ငါးယှန် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မိုင်တဲရွာ (အင်္ဂလိပ်: Maingte(Paingte))သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၄၆၅ ဖြစ်သည်။ [၁]
ငါးယှန်ရွာ၏ အလွန်တွင်တည်ရှိပြီး ငါးယှန်ရွာနှင့်မိုင်တဲရွာကို ချောင်းငယ်လေးဖြင့် စီးခြားထားသည်။ ရွာအဝင်တွင် ဆေးရုံတစ်ခု တည်ဆောက်ထားပြီး ဆေးရုံအရှေ့တည့်တည့်တွင် ရေကန်တစ်ခုတည်ရှိကာ ရေကန်၏ အရှေ့တောင်တွင် ရွာဦးစေတီ၊ အရပ်လေးမျက်နှာဘုရား၊ ဓမ္မာရုံတစ်ခုနှင့် ဘုန်းကြီးကျောင်ဆောင်တစ်ခုရှိသည်။ ဗုဒ္ဓဘာသာကို အင်မတန် ယုံကြည်ကိုးကွယ်ကြသောကြောင့် ရွာလေးသည် ဆယ့်နှစ်လ ရာသီတိုင်း ဘုရားပွဲများပေါများလှသည်။ တပို့တွဲလတွင် ရွာဦးစေတီ ဘုရားပွဲနှင့် ဘကြီးဘုန်းဘုန်း၏ လွမ်းစေတီ အား ဆွမ်းဆန်စိမ်း လောင်းလှူသည့် ဘုရားပွဲလည်း ကျင်းပသည်။ ဘုန်းကြီးကျောင်း၏ အနောက်တွင် ရွာရှိကလေးများကို စာသင်ကြားပေးသည့် စာသင်ကျောင်းတစ်ခုရှိသည်။ ထိုကျောင်းသည် အခြေခံပညာ မူလတန်း (သူငယ်တန်း၊ပထမတန်း၊ဒုတိယတန်း၊တတိယတန်း၊စတုတ္ထတန်း) အထိသာ ရှိသည်။ စာသင်ကျောင်းထဲတွင် စာကြည့်တိုက် အသေးစားလေး တစ်ခုသည်။
စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားပြုလုပ်လျက်ရှိသည်။ စိုက်ပျိုးရေးတွင် မိုးရေဖြင့်သာ စိုက်ပျိုးကြသဖြင့် မိုးဦးကျလျှင် ဖရဲနှင့် မြေပဲကို စိုက်ပျိုးကြသည်။ မိုးရေ ဖြင့်စိုက်ပျိုးကြသဖြင့် နှမ်း၊ပြောင်း၊ပုစင်းငုံ၊ မတ်ပဲ၊နှင့် တခြားပဲမျိုးစုံကို စိုက်ပျိုးကြသည်။ အဓိကအားဖြင့် မြေပဲ၊ နှမ်းနှင့်ပဲစင်းငုံတို့ကို စိုက်ပျိုးကြသည်။ စိုက်ပျိုးကြရာတွင် ယခင်က နွားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးကြရပြီး ယခုအခါတွင်မူ နွားများသာမက လယ်ထွန်စက်များကိုအသုံးပြုကာ ထွန်ယက်စိုက်ပျိုးကြသည်။ မွေးမြူရေးတွင် ကြက်၊ဝက်၊ဆိတ်၊ သိုးနှင့် နွားများကို မွေးမြူကြပြီး ကြက်များကိုမူ စားသုံးရန်နှင့် ဝက်၊ဆိတ်၊သိုးများကိုမူ ကုန်သည်များထံရောင်းချရန် မွေးမြူကြပါသည်။
ရွာ၏ အနောက်ဘက်တွင် မီးရထားလမ်းရှိပြီး ဆက်သွယ်သွားလာရေးအတွက် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီ နှင့် ကားများကို အသုံးပြုလျက်ရှိသည်။ ထမင်းဟင်းချက်ပြုတ်ရန် ရေကို ရွာ၏ မြောက်ပိုင်းရှိ ကန်သစ် ကန်ကြီးနှင့် သောက်သုံးရန်အတွက် တူးဖော်ထားရှိသည့် အုတ်တွင်း (၂)ခု ကိုသာ သုံးကြသည်။ ရေချိုးရန်အတွက်မှု ရွာရှိ စက်တွင်း(၂)ခုမှ ရေပိုက်သွယ်ကာ သုံးကြပြီး၊ တချို့သည် ရွာမြောက်ပိုင်းတွင် ရှိသည့် ဆမီကန်တွင် လည်း ရေချိုးကြသည်။ ဆမီကန်ဟု ခေါ်ဆိုခြင်းမှာလည်း ကန်တည်ထောင်သူ ဦးဆမီကို မှတ်တမ်းပြု၍ ဆမီကန်ဟု ခေါ်ရခြင်းဖြစ်သည်။ ရွာတွင် မြို့နယ်များကဲ့သို့ ဈေးဟူ၍ မရှိပါ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |