မလိဝမ်းရွာ၊ ကော့သောင်းမြို့နယ်

ဝီကီပီးဒီးယား မှ
(မလိဝမ်းရွာ မှ ပြန်ညွှန်းထားသည်)
မလိဝမ်း
ရွာ
မလိဝမ်းရွာ
မလိဝမ်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မလိဝမ်း
မလိဝမ်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 10°14′40″N 98°36′15″E / 10.2444896697998°N 98.6042327880859°E / 10.2444896697998; 98.6042327880859ကိုဩဒိနိတ်: 10°14′40″N 98°36′15″E / 10.2444896697998°N 98.6042327880859°E / 10.2444896697998; 98.6042327880859
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ကော့သောင်းခရိုင်
မြို့နယ်ကော့သောင်းမြို့နယ်
ကျေးရွာအုပ်စုမလိဝမ်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မလိဝမ်းရွာ(အင်္ဂလိပ်: Maliwan)သည် တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်၊ ​ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။[၁][၂] ရွာနေရာကုတ်မှာ ၁၇၈၀၉၉ ဖြစ်သည်။ မလိဝမ်းချောင်းတံတားသည် အာစီစီ ဖြစ်ကာ၊ ၁၃၁ ပေ ရှည်သည်။ မလိဝမ်းရေတံခွန်လည်း ရှိကာ၊ မလိဝမ်းရေပူစမ်းသည် ကျော်ကြားသည်။ အထက်တန်းကျောင်း ၁ ကျောင်းရှိပြီး ဆရာ/မ ၂၀ ကျော်ဖြင့် လည်ပတ်ကာ၊ ကျောင်းသား/သူ ၁၀၀၀ ကျော်ရှိသည်။ ​ရွှေတောင်ဦး ဘကကျောင်း ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၇ ရွာ၌ ပါဝင်သည်။၁မိုင်/၃ဖာလုံ ရှည်သော ကတ္တရာလမ်းရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၂၆၇၊ အိမ်ထောင်စု၂၇၇ နေထိုင်လျက်ရှိသည်။ [၃]

အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

ရွာသူရွာသားများသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံ၊ လယ်ယာစိုက်ပျိုး၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့် အလုပ်အကိုင်များ လုပ်ကိုင်ကြသည်။[၁][၂]

လည်ပတ်စရာ[ပြင်ဆင်ရန်]

မလိဝမ်းရွာတွင် အနားယူအပန်းဖြေရန် ရေပူစမ်းနှင့် ရေတံခွန် ရှိသည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]